ဝီကီပီးဒီးယား:Wikimedia Commons
Wikimedia Commons ("Wikicommons," "the Commons", "Wikipedia Commons" သို့မဟုတ် "Commons") သည် မူပိုင်ခွင့် လွတ်လပ်သော ပုံများ၊ အသံနှင့် အခြားသော မီဒီယာဖိုင်များကို စုစည်းထားသည့် နေရာတစ်ခု ဖြစ်သည်။ ဝီကီပီးဒီးယား ကဲ့သို့ပင် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်တစ်ခု ဖြစ်သည်။ အခြားသော ဝီကီမီဒီယာ ညီအစ်မပရောဂျက်များအတွက် အထောက်အပံ့ပေးသော ဘုံအရင်းအမြစ် အစုအဝေးကြီးတစ်ခု ဖြစ်သည်။ Commons သို့ upload တင်လိုက်သည့် ဖိုင်များကို ဝီကီပီးဒီးယား၊ ဝီကီစာအုပ်များ၊ ဝီကီရင်းမြစ် နှင့် ဝီကီသတင်း အပါအဝင် ဝီကီမီဒီယာ ဆာဗာများရှိ အားလုံးသော ပရောဂျက်များမှ ရယူအသုံးပြုနိုင်သည်။ ထို့အပြင် ဖိုင်များသည် public domain သို့မဟုတ် Creative Commons Attribution/Share-Alike လိုင်စင်နှင့် GNU Free Documentation လိုင်စင်များဖြင့် ဖြန့်ချီထားသဖြင့် ဒေါင်းလုပ်ရယူ သုံးစွဲနိုင်သည်။ Commons ဆိုတာ ဘာလဲ?
Wikimedia Commons သည် စေတနာ့ဝန်ထမ်းများမှ ဖန်တီးကာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည့် မီဒီယာ ဘဏ်တိုက်တစ်ခု ဖြစ်သည်။ "Wikimedia Commons" အမည်သည် ဝီကီမီဒီယာ ပရောဂျက်များ အားလုံးကို စီမံခန့်ခွဲနေသည့် "Wikimedia" နှင့် ဝီကီမီဒီယာ ပရောဂျက်များ အားလုံး ရယူသုံးစွဲနိုင်သည့် ဘုံအချက်အလက် "commons" တို့မှ ဆင်းသက်လာသည်။ ဝီကီမီဒီယာ ပရောဂျက်များ အားလုံးအတွက် အသုံးဝင်သည့် မူပိုင်ခွင့် လွတ်လပ်သည့် ဓာတ်ပုံများ၊ ပုံများ၊ အန်နီမေးရှင်းများ၊ ဂီတ၊ ဗီဒီယိုများနှင့် အခြား မီဒီယာများ တည်ရှိရာ ဗဟိုနေရာ ဖြစ်သည်။ Wikimedia Commons တွင် ပါဝင်ရေးသားခြင်း လမ်းညွှန်အတွက် Contributing your own work ကို ကြည့်ပါ။ Commons မီဒီယာများအား ဝီကီပီးဒီးယား ဆောင်းပါးတွင်းသို့ ထည့်သွင်းခြင်းအဓိကဆောင်းပါး - Commons:Commons:First steps/Reuse section Embedding Commons' media in Wikimedia projects ဝီကီပီးဒီးယားတွင် Wikimedia Commons မှ ပုံ သို့မဟုတ် ဗီဒီယိုကို ထည့်သွင်းပုံမှာ local file များကို အသုံးပြုပုံနှင့် အတူတူပင် ဖြစ်သည်။ ပုံတစ်ပုံအား စာမျက်နှာတစ်ခုထဲတွင် အသုံးပြုပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ [[File:image.jpg|thumb|alt=alt text|caption]]
[[Media:file.ogg|descriptive text]] {{Audio|Filename-without-namespace|descriptive text}} ဓာတ်ပုံပြခန်း နမူနာဓာတ်ပုံများအား ပြခန်းအသွင်ဖြင့် ပြသလိုပါက အောက်ပါ နမူနာကုဒ်ကို အသုံးပြုနိုင်သည်။ <gallery class="center"> Philipp Veit 008.jpg Image_Germania_(painting).jpg|ပုံခေါင်းစဉ် ထည့်သွင်းနိုင်သည်။ Niederwald memorial 2.JPG Accademia - St John the Baptist by Titian Cat314.jpg </gallery> အောက်ပါအတိုင်း ပြသပေးမည် ဖြစ်သည်။
ကဏ္ဍထည့်သွင်းခြင်းကျေးဇူးပြု၍ Commons ဖိုင်များအား ဝီကီပီးဒီးယားတွင် ကဏ္ဍထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။ ယင်းအစား Commons တွင် ကဏ္ဍထည့်သွင်းခြင်း ပြုလုပ်နိုင်သည်။ ဝီကီပီးဒီးယားမှ ပုံကို Wikimedia Commons သို့ ရွေ့ပြောင်းခြင်းWikipedia:Moving images to the Commons နှင့် Why move images to the commons? ကို ကြည့်ပါ။ ဝီကီပီးဒီးယားနှင့် Commons ကွဲပြားချက်များ
အခြားကြည့်ရန် |
Portal di Ensiklopedia Dunia