ဝီဇယ်မျိုးရင်း
![]() ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း (Mustelidae[၁]) ဆိုသည်မှာ ဝီဇယ် (ဝါ) မြွေပါမြီးတိုများနှင့် ၎င်း၏မျိုးနွယ်တူများဖြစ်ကြသည့် ဖျံများ၊ ဆတ်ခလောက်များ၊ ကြောင်ပျံများ ပါဝင်သော ဇီဝမျိုးတူတိရစ္ဆာန်များအုပ်စု တစ်စုဖြစ်သည်။ ယင်းအုပ်စုသည် အသားစားနို့တိုက်သတ္တဝါများ မျိုးစဉ်(Canivora) ထဲတွင်ပါဝင်ပြီး ခွေးအသွင်ရှိ တိရစ္ဆာန်များ မျိုးစဉ်ခွဲအောက်တွင်ပါဝင်သော မျိုးရင်းအဆင့် အုပ်စုဖြစ်ပြီး ၎င်းအား ပါဏဗေဒအလိုအရ မက်စတယ်လီဒီ(Mustelidae) ဟုခေါ်သည်။[၂] ဝီဇယ် (သို့) မြွေပါမြီးတို မျိုးရင်းသည် နို့တိုက်သတ္တဝါ မျိုးပေါင်းတွင် ပါဝင်သော မျိုးကွဲအများဆုံးနှင့် အုပ်စုအကြီးဆုံး မျိုးရင်းလည်းဖြစ်သည်။ ယင်းမျိုးရင်းဝင်တိရစ္ဆာန်များ၏ အရွယ်အစားသည်လည်း ကြွက်ကို အမဲလိုက်သော မြွေပါမြီးတိုအရွယ်မှ ၎င်းတို့ခန္ဓာကိုယ်ထက် အဆများစွာပိုကြီးသည့် သားကောင်ကို အမဲလိုက်သော မြွေပါခွေးဝံ (Wolverines) အရွယ်အထိ အမျိုးမျိုးရှိကြသည်။ ဝီဇယ်မျိုးနွယ်များသည် နေရာဒေမျိုးစုံ၌ နေထိုင်ကျက်စားကြသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာ- ဖျံများသည် ရေထဲတွင် အများစုနေထိုင်ကျက်စားကြသော်လည်း၊ မြွေပါမြီးတိုမျိုးစိတ်တစ်ခုမှာ အာတိတ်ဒေသတွင် ကျက်စားသည်ကို တွေ့ရသည်။ လူသိများသော မျိုးရင်းဝင်တိရစ္ဆာန်များအောက်ပါတိရစ္ဆာန်များသည် လူသိများသော ဝီဇယ်မျိုးနွယ်ဝင် တိရစ္ဆာန်များဖြစ်သည် - ၎င်းမျိုးရင်းတွင် မျိုးရင်းခွဲ နှစ်ခုဖြစ်သည့် ဖျံ (Lutrinae) နှင့် ကျန်မျိုးရင်းဝင်များ (Mustelinae) ဟု အုပ်စုနှစ်ခု ထပ်မံခွဲခြားထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia