ဝီရာယွတ် ချန်သုက္က
ဝီရာယွတ် ချန်သုက္က (ထိုင်း: วีรยุทธ จันทร์สุข) ခေါ် Arm (ထိုင်း: อาร์ม) (၁၉၉၁ အောက်တိုဘာ ၃၀ မွေး) သည် ထိုင်းသရုပ်ဆောင်၊ အဆိုတော်၊ အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည်။[၁] Friend Zone 2: Dangerous Area (၂၀၂၀) တွင် ခေါင်းဆောင်မင်းသား Pop အဖြစ်လည်းကောင်း၊ U-Prince Series (၂၀၁၆–၂၀၁၇) တွင် Him အဖြစ်လည်းကောင်း၊ Water Boyy: The Series (၂၀၁၇) တွင် Putt အဖြစ်လည်းကောင်း သိကြသည်။[၂] School Rangers၊ Arm Share၊ Friend Drive စသည့် အစီအစဉ်များတွင်လည်း တင်ဆက်သူအဖြစ် ဆောင်ရွက်ထားသည်။ ငယ်ဘဝနှင့် ပညာရေးထိုင်းနိုင်ငံ၊ နခွန်ဖထုံခရိုင်တွင် မွေးဖွားသည်။ မွေးချင်းလေးယောက်အနက် တတိယမြောက်သားဖြစ်သည်။[၃] ဖရာ့ဖထုမ် ဝိတ္တယလေကျောင်းမှ အထက်တန်းအောင်သည်။[၂] သီရိနခရိနဝိရောတတက္ကသိုလ်၊ အနုပညာမဟာဌာနမှ သရုပ်ဆောင်နှင့် ရိုက်ကူးမှုပညာ အနုပညာဘွဲ့ရသည်။[၄] ဆောင်ရွက်ချက်၂၀၀၇ခုနှစ် Luk Thung Star ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆု ဆွတ်ခူးရရှိခဲ့ပြီး၊ အဆိုတော်သင်တန်းကျောင်းတစ်ခု တက်ရောက်ခဲ့သည်။[၃] ၂၀၁၀တွင် RS ကုမ္ပဏီမှတစ်ဆင့် အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်။ ၎င်း၏ အဆိုအကစွမ်းရည်များကြောင့်[၂] RS Music လက်အောက်ရှိ Rookie BB အမျိုးသား တေးဂီတအဖွဲ့တွင် Sittha Sapanuchart (Iang)၊ Supasit Chinvinijkul (Pop) တို့နှင့် တွဲဖက်ပါဝင်ခွင့်ရသည်။[၅] ၂၀၁၆တွင် GMMTV သို့ ဝင်ရောက်လာခဲ့ပြီး Senior Secret Love: Bake Me Love (၂၀၁၆) တွင် San အဖြစ်နှင့် ပွဲဦးထွက်ခဲ့သည်။ U-Prince Series (၂၀၁၆–၂၀၁၇)၊ Water Boyy: The Series (၂၀၁၇)၊ YOUniverse (၂၀၁၈)၊ Mint To Be (၂၀၁၈)၊ Love at First Hate (၂၀၁၈) တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂] ၂၀၁၈ခုနှစ်တွင် MBC ရုပ်သံက တောင်ကိုရီးယားနိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် 2018 DMC Festival သို့ GMMTV မှ Phurikulkrit Chusakdiskulwibul (Amp) နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့သည်။[၆] လတ်တလောတွင် ၎င်း၏ ကိုယ်ပိုင် လူနေမှုဘဝပုံစံ အစီအစဉ် Arm Share မှာ လူကြိုက်များနေသည်။[၁] ရိုက်ကူးမှုစာရင်းရုပ်သံ
တေးသံသွင်း
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia