ဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ်ဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ် (ဂျာမန်: Wilhelm Hieronymus Pachelbel) သည် ဂျာမန်လူမျိုး တေးရေးဆရာနှင့် အော်ဂန်တီးခတ်သူတစ်ဦးဖြစ်သည်။ နာမည်ကြီး တေးရေးဆရာ ယိုဟန် ပက်ချယ်ဘဲလ်၏ သားလည်းဖြစ်သည်။
ကိုယ်ရေးအကျဉ်းဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ်သည် အာရ်ဖတ်ထ်မြို့၌ ဖွားမြင်ခဲ့သည်။ ၁၆၉၀ ခုနှစ်တွင် စတုဂတ်မြို့သို့ လည်းကောင်း၊ ၁၆၉၂ တွင် ဂိုသာမြို့ (Gotha) သို့လည်းကောင်း၊ ၁၆၉၅ တွင် နုရင်ဘတ်ဂ် မြို့သို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်ကပင် ဂီတပညာကို သူ၏ဖခင်ထံမှ သင်ယူခဲ့သည်။ အသက် ၁၄ နှစ် အရွယ်လောက်ကပင် ဖျော်ဖြေနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပေသည်။ ၁၇၀၆ မတိုင်ခင်တွင် သူသည် အာရ်ဖတ်ထ်မြို့၌ ဘုရားကျောင်းအော်ဂန်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဖခင်ကွယ်လွန်ပြီးသောအခါတွင် နုရင်ဘတ်ဂ်သို့ ပြန်လာ၍ စိန့် အယ်ဂျီဒီယန်း (St. Egidien) ဘုရားကျောင်း၌ လုပ်ကိုင်ခဲ့သည်။ ၁၇၁၉ ခုနှစ် တွင် စိန့် ဆီဘဲလ်ဒပ်စ် (St. Sebaldus) ဘုရားကျောင်းတွင် အော်ဂန်ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သူသည် ဘဝတစ်လျှောက်လုံး နုရင်ဘတ်ဂ်မြို့၌သာ နေထိုင်ခဲ့ပြီး ၁၇၆၄ ခုနှစ်၌ ကွယ်လွန်ခဲ့လေသည်။ သီချင်းများဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ်တွင် သီချင်းများစွာ ရှိခဲ့သော်လည်း ပျောက်ဆုံးသွားမှုကြောင့် ၇ ပုဒ်သာကျန်ရှိတော့သည်။ သူ၏ရေးဟန်သည် သူ၏ဖခင်ရေးဟန်နှင့်လည်း ဆင်တူရုံသာမက ကလက်ဆစ်ကယ်ဂီတ၏ လက္ခဏာရပ်များကိုလည်းတွေ့ရသည်။
ဆက်လက်ဖတ်ရှုရန်ကိုးကားချက်များ
|
Portal di Ensiklopedia Dunia