ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ် (အင်္ဂလိပ်: Charles Theodore Pachelbel၊ ဂျာမန်: Carl Theodorus (Karl Theodor) Pachelbel) သည် ဘားရော့ခ်ခေတ်နှောင်းပိုင်းကာလ ဂျာမန်လူမျိုး တေးရေးဆရာနှင့်အော်ဂန်တီးခတ်သူဖြစ်သည်။ နာမည်ကြီးတေးရေးဆရာဖြစ်သူ ယိုဟန် ပက်ချယ်ဘဲလ်၏ သားငယ်လည်းဖြစ်သည်။ အမေရိကသို့ရွှေ့ပြောင်းသွားခဲ့သော ဥရောပတေးရေးဆရာများအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟုလည်းဆိုကြသည်။ ကိုယ်ရေးအကျဉ်းချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်သည် ၁၆၉၀ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့၌ ဖွားမြင်ခဲ့သည်။ ၁၆၉၅ တွင် မိဘများနှင့်အတူ နုရင်ဘတ်ဂ်မြို့သို့ပြောင်းရွှေ့ခဲ့သည်။ ဖခင်ကွယ်လွန်ပြီးသောအခါ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၇၃၃ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူ့အားရုဒ်အိုင်းလန်းပြည်နယ်မှ အော်ဂန်တပ်ဆင်ရန်အတွက် အကူအညီတောင်းခဲ့ကြသည်။ ထို့ကြောင့်သူသည် အော်ဂန်ဆရာအဖြစ် ခေတ္တလုပ်ကိုင်ခဲ့သည်။ ၁၇၃၆ ခုနှစ်တွင် နယူးယောက်မြို့၌ဖြော်ဖြေပွဲနှစ်ပွဲကျင်းပခဲ့သည်။ သူသည်နောက်ပိုင်းတွင် တောင်ကယ်ရိုလိုင်းနားပြည်နယ်သို့နောက်ဆုံးပြောင်းရွှေ့ခဲ့သည်။ ထိုနေရာ၌ပင် ဟာနာ ပွိုင့်တီဗင် (Hanna Poitevin) နှင့်လက်ထပ်ခဲ့၍ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ ၁၇၄၀ နှင့် ၁၇၄၉ ခုနှစ်တွင် စိန့်ဖစ်လစ် (St.Phillip's) ဘုရားကျောင်း၏ အော်ဂန်ဆရာဖြစ်ခဲ့သည်။ ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်သည် ၁၇၅၀ တွင်အဖျားရောဂါဖြင့်ကွယ်လွန်ခဲ့လေသည်။ သူ၏မယားသည် ၁၇၆၉ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။ သီချင်းများချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်တွင် သီချင်းအနည်းငယ်ရှိရာ ယခုအခါတွင်မူပျောက်ဆုံးသွားလေသည်။ အခြားဖတ်ရှုရန်ကျမ်းကိုး
|
Portal di Ensiklopedia Dunia