သန်းပိုင် (ဘောလုံးသမား)
သန်းပိုင်(၆ ဒီဇင်ဘာ ၁၉၉၆)သည် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်သည့်အပြင် ထိုင်းလိဂ် ၂ တွင် ချင်းမိုင်ယူနိုက်တက်ကလပ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားနေသော မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်သည်။ သူသည် ယခင်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ထိုင်းလိဂ် ၃ တွင် ကန်ချနပူရီစီးတီးအတွက် ရှေ့တန်းအဖြစ် ကစားခဲ့သော မြန်မာပရော်ဖက်ရှင်နယ် ကြေးစားဘောလုံးသမားဖြစ်သည်။ ၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲတွင် သူ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်း အား 2015 FIFA U-20 World Cup သို့ တက်လှမ်းနိုင်စေခဲ့သည်။ ဒါဟာ မြန်မာသမိုင်းတွင် မြန်မာအသင်းအား ပထမဆုံးအကြိမ် လူငယ် ကမ္ဘာဖလားပြိုင်ပွဲသို့ ဝင်ရောက်နိုင်စေခဲ့ခြင်းဖြစ်သည်။.[၂][၃][၄][၅][၆] ငယ်ဘဝသန်းပိုင်ကို ရှမ်းပြည်နယ်၊ သီပေါမြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် စတင်ကစားခဲ့ပြီး ဘောလုံးအားကစားလောကသို့ စတင်အခြေချခဲ့သည်။ သန်းပိုင်၏အမည်ပြောင်မှာ ရှမ်းကြီးဖြစ်သည်။ ကစားသမားဘဝ၂၉ နိုဝင်ဘာ ၂၀၁၄ တွင် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ကစားသောပွဲတွင် ကျော်ဇေယျာဝင်းအစား လူစားလဲကစားရာမှစ၍ ပထမဆုံးအကြိမ် နိုင်ငံအတွက် စတင်ကစားခဲ့သည်။[၇] သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်အတွက် သူ၏ ပထမဆုံးဂိုးကို ၂၀၁၅ မြန်မာ နေရှင်နယ် လိဂ် ဒုတိယအကျော့ပွဲစဉ်၌ ဇွဲကပင်ယူနိုက်တက်နှင့် ၂-၂ သရေကျသောပွဲတွင် သွင်းယူပေးခဲ့သည်။ ဂုဏ်ပြုဆုများကိုးကား
|
Portal di Ensiklopedia Dunia