၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ

၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
အိမ်ရှင်နိုင်ငံ မြန်မာ
ကျင်းပသည့်နေ့၉ – ၂၃ အောက်တိုဘာ
ယှဉ်ပြိုင်သည့်အသင်း၁၆ (အဖွဲ့ချုပ် ၁ ခုမှ)
အားကစားကွင်း၂ (အိမ်ရှင်မြို့ ၂ မြို့တွင်)
နောက်ဆုံး ရပ်တည်မှုများ
ချန်ပီယံ ကာတာ (ပထမအကြိမ်)
ဒုတိယ မြောက်ကိုရီးယား
တတိယ မြန်မာ
 ဥဇဘက်ကစ္စတန်
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ပွဲစဉ်၃၁
ဂိုးအရေအတွက်၉၂ (တစ်ပွဲလျှင် ၂.၉၇ ဂိုးနှုန်း)
ပရိသတ်ဦးရေ၂၃၃၇၃၉ (တစ်ပွဲလျှင် ၇၅၄၀ ဦးနှုန်း)
ဂိုးအများဆုံး
သွင်းသူ
ကာတာနိုင်ငံ Ahmed Al Saadi
ဥဇဘက်ကစ္စတန်နိုင်ငံ Zabikhillo Urinboev
မြောက်ကိုရီးယားနိုင်ငံ Jo Kwang-myong
(၅ ဂိုးစီ)
အကောင်းဆုံး
အားကစားသမား
ကာတာနိုင်ငံ Ahmed Moein
အသန့်ရှင်းဆုံးဆု မြောက်ကိုရီးယား

၂၀၁၄ အာရှလူငယ်အသက် ၁၉ နှစ်​အောက်ချန်ပီယံရှစ်​ဘောလုံးပြိုင်ပွဲ (အင်္ဂလိပ်: 2014 AFC U-19 Championship) သည် အာရှဘောလုံးအဖွဲ့ချုပ်မှ ၁၉ နှစ်အောက်လူငယ်ဘောလုံးသမားများအတွက် ၃၈ ကြိမ်မြောက်အဖြစ် ကျင်းပသောပြိုင်ပွဲဖြစ်သည်။ ယခင်က အာရှလူငယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဟုခေါ်တွင်ခဲ့သော အာရှလူငယ်အသက် ၁၉ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသည် ၁၉၈၀ ခုနှစ်မှစ၍ ၂ နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပလာခဲ့သောပြိုင်ပွဲဖြစ်ကာ ၂၀၁၄ ခုနှစ်ပြိုင်ပွဲသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှတိုက်၏ခြေစစ်ပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ပြိုင်ပွဲ၏ ထိပ်ဆုံး ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာရှတိုက်ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

အိမ်ရှင်ရွေးချယ်မှု

၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်တွင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ပြိုင်ပွဲ အတွက် အိမ်ရှင်ကျင်းပခွင့်ပေးခဲ့သည်။

ကျင်းပမည့်ကွင်းများ

မြို့များ ကွင်းများ ပရိသတ်ဝင်ဆံ့မှု
ရန်ကုန် သုဝဏ္ဏ အားကစားကွင်း ၃၂,၀၀၀
နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ၃၀,၀၀၀

ခြေစစ်ပွဲ

မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်

မဲခွဲပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။[] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ် အသက် ၁၉ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ရပ်တည်မှုများကိုကြည့်၍ အဆင့်သတ်မှတ်ကာ ခြေစစ်ပွဲအောင် ၁၅ သင်းနှင့် အိမ်ရှင် မြန်မာ အသင်းတို့ကို မဲအိုး ၁ မှ ၄ အထိ ၄ သင်းစီ ခွဲထားသည်။ ထို့နောက် မဲနှိုက်ရာတွင် အဆင့်နိမ့်အသင်းများပါဝင်သော မဲအိုး ၄ မှ စတင်မဲနှိုက်ခဲ့ရာ ထိုမှတစ်ဆင့် မဲအိုး ၃၊၂၊၁ ဟူ၍ အစဉ်လိုက် မဲနှိုက်ရွေးချယ်ခဲ့သည်။ သို့သော် အိမ်ရှင် မြန်မာ ကိုမူ သီးသန့်​ဘောလုံးအ​ရောင်ဖြင့် အုပ်စု (က) ၏ထိပ်ဆုံးနေရာတွင်ထားကာ မဲနှိုက်ခဲ့သည်။

မဲအိုး ၁ မဲအိုး ၂ မဲအိုး ၃ မဲအိုး ၄

 မြန်မာ (အိမ်ရှင်)
 တောင်ကိုရီးယား
 အီရတ်
 ဥဇဘက်ကစ္စတန်

 ဩစတြေးလျ
 ဂျပန်
 အီရန်
 မြောက်ကိုရီးယား

 အာရပ်စော်ဘွားများပြည်ထောင်စု
 ထိုင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်
 ကာတာ

 အင်ဒိုနီးရှား
 အိုမန်
 ဗီယက်နမ်
 ယီမင်

အသက်ကန့်သတ်ချက်

၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်း မွေးဖွားသော ကစားသမား များသာ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

အုပ်စုရလဒ်များ

အကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။

၁။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ရမှတ်ပိုများသောအသင်း

၂။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရသောအသင်း

၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရသောအသင်း

၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးပိုများသောအသင်း

၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတွင် တူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူ၍ အနိုင်ရသောအသင်း

၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု ပိုနည်းသောအသင်း

အကယ်၍ အပေါ်အချက်များအားလုံးတွင် အသာမရဘဲ တူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။

ပွဲကစားချိန်အားလုံးသည် မြန်မာစံတော်ချိန် (UTC+6:30) ဖြစ်သည်။

အုပ်စု (က)

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ထိုင်း −၁
 မြန်မာ (H) +၁
 ယီမင်
 အီရန်

(H) = အိမ်ရှင်

၉ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
အီရန်  ၁–၂  ထိုင်း သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၉ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
မြန်မာ  ၀–၀  ယီမင် သုဝဏ္ဏ အားကစားကွင်းရန်ကုန်
ပွဲကြည့်ပရိသတ်: ၁၃၁၄၂ ဦး
၁၁ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ယီမင်  ၁–၀  အီရန် သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၁ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
မြန်မာ  ၃–၀  ထိုင်း သုဝဏ္ဏ အားကစားကွင်းရန်ကုန်
ပွဲကြည့်ပရိသတ်: ၂၄၅၆၈ ဦး
ငြိမ်းချမ်းအောင် Goal ၁၃'၊၁၈'

အောင်သူ Goal ၄၂'

၁၃ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
အီရန်  ၂–၀  မြန်မာ သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၃ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ယီမင်  ၂–၃  ထိုင်း ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်

အုပ်စု (ခ)

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 အာရပ်စော်ဘွားများပြည်ထောင်စု +၃
 ဥဇဘက်ကစ္စတန် +၂
 ဩစတြေးလျ +၁
 အင်ဒိုနီးရှား −၆
၁၀ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ဥဇဘက်ကစ္စတန်  ၃–၁  အင်ဒိုနီးရှား သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၀ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
အာရပ်စော်ဘွားများပြည်ထောင်စု  ၁–၁  ဩစတြေးလျ သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၂ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
အင်ဒိုနီးရှား  ၀–၁  ဩစတြေးလျ သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၂ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ဥဇဘက်ကစ္စတန်  ၂–၂  အာရပ်စော်ဘွားများပြည်ထောင်စု သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၄ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ဥဇဘက်ကစ္စတန်  ၁–၁  ဩစတြေးလျ သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၄ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
အင်ဒိုနီးရှား  ၁–၄  အာရပ်စော်ဘွားများပြည်ထောင်စု ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်

အုပ်စု (ဂ)

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ဂျပန် +၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် +၁
 တောင်ကိုရီးယား +၅
 ဗီယက်နမ် ၁၀ −၈
၉ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
တောင်ကိုရီးယား  ၆–၀  ဗီယက်နမ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၉ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ဂျပန်  ၁–၂ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၁ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ဂျပန်  ၃–၁  ဗီယက်နမ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၁ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
တောင်ကိုရီးယား  ၀–၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၃ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
တောင်ကိုရီးယား  ၁–၂  ဂျပန် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၃ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ဗီယက်နမ်  ၁–၁ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် သုဝဏ္ဏ အားကစားကွင်းရန်ကုန်

အုပ်စု (ဃ)

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ကာတာ +၄
 မြောက်ကိုရီးယား −၁
 အီရတ် +၅
 အိုမန် −၈
၁၀ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
အီရတ်  ၆–၀  အိုမန် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၀ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ကာတာ  ၃–၁  မြောက်ကိုရီးယား ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၂ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
အိုမန်  ၁–၁  မြောက်ကိုရီးယား ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၂ အောက်တိုဘာ ၂၀၁၄
၁၈:၃၀
ကာတာ  ၁–၁  အီရတ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၄ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
မြောက်ကိုရီးယား  ၂–၁  အီရတ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
၁၄ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ကာတာ  ၂–၀  အိုမန် သုဝဏ္ဏ အားကစားကွင်းရန်ကုန်

ရှုံးထွက်အဆင့်ရလဒ်များ

ရှုံးထွက်အဆင့်ပွဲစဉ်များတွင် သာမန်ပွဲကစားချိန်အတွင်းသရေကျနေပါက အချိန်ပို၊ပင်နယ်တီများဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။

ကွာတားဖိုင်နယ်ရလဒ်များ

၁၇ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
မြန်မာ  ၁–၀  အာရပ်စော်ဘွားများပြည်ထောင်စု သုဝဏ္ဏ အားကစားကွင်းရန်ကုန်
ပွဲကြည့်ပရိသတ်: ၂၉၀၀၀ ဦး
သန်းပိုင် Goal ၅၃'
၁၇ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
မြောက်ကိုရီးယား  ၁–၁
(a.e.t.)
 ဂျပန် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်
  Penalties  
၅–၄
၁၇ အောက်တိုဘာ ၂၀၁၄
၁၉:၀၀
ဥဇဘက်ကစ္စတန်  ၂–၁  ထိုင်း သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၁၇ အောက်တိုဘာ ၂၀၁၄
၁၉:၀၀
ကာတာ  ၄–၂ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်

အကြိုဗိုလ်လုပွဲရလဒ်များ

အကြိုဗိုလ်လုပွဲရောက် ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

၂၀ အောက်တိုဘာ ၂၀၁၄
၁၅:၃၀
ဥဇဘက်ကစ္စတန်  ၀–၅  မြောက်ကိုရီးယား သုဝဏ္ဏ အားကစားကွင်းရန်ကုန်
၂၀ အောက်တိုဘာ ၂၀၁၄
၁၉:၀၀
ကာတာ  ၃–၂
(a.e.t.)
 မြန်မာ သုဝဏ္ဏ အားကစားကွင်းရန်ကုန်
ပွဲကြည့်ပရိသတ်: ၂၉၈၇၀ ဦး
အောင်သူ Goal ၆၂'

ငြိမ်းချမ်းအောင် Goal ၆၄'

ဗိုလ်လုပွဲ

၂၃ အောက်တိုဘာ ၂၀၁၄
၁၉:၀၀
မြောက်ကိုရီးယား  ၀–၁  ကာတာ သုဝဏ္ဏ အားကစားကွင်းရန်ကုန်

ကိုးကား

  1. ​လက်ရှိချန်ပီယံအတွက်မရဏအုပ်စု။ အာရှ​ဘောလုံးအဖွဲ့ချုပ် (၂၄ ဧပြီ ၂၀၁၄)။ 4 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ ​အောက်တိုဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya