သန်းဝင်းလှိုင်
သန်းဝင်းလှိုင် (၂၂ ဇူလိုင် ၁၉၅၈-၁၂ ဒီဇင်ဘာ ၂၀၂၀) သည် မြန်မာနိုင်ငံသား စာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၅၈ ခု၊ ဇူလိုင် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ အဖ ဦးစိန်ထွန်း (ဗေဒင် လက္ခဏာ ဆရာ)၊ အမိ ဒေါ်တင်အေး (ကွယ်လွန်) တို့မှ မွေးဖွား၍ တစ်ဦးတည်းသော သား ဖြစ်တယ်။ အမည်ရင်း ဦးသန်းဝင်းဖြစ်သည်။ ငယ်စဉ်ကပင် စာပေနှင့် ပန်းချီ ဝါသနာ ထုံ၍ နံရံကပ် စာစောင်များတွင် ဆောင်းပါးများ ရေးသား၍ ပန်းချီကားများ ရေးဆွဲခဲ့သည်။ ကျောင်းနေစဉ် ကျောင်းစာကြည့်တိုက်များ၌လည်း စာကြည့်တိုက်မှူးအဖြစ် အကြိမ်ကြိမ်တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ 'အနာဂတ် အာကာသလွန်းပျံယာဉ်' သိပ္ပံ ဆောင်းပါးဖြင့် စာပေနယ်ကို စတင် ဝင်ရောက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော 'ကျောက်မျက်ရတနာလက်စွဲ' စာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ် ဖြစ်သည်။ ဆက်လက်၍ 'နေမဝင်သေးသည့် ဘုရင်များ'၊ 'လူတိုင်းအတွက် သုတဗေဒင်'၊ 'ရုပ်တုမှ ပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ'၊ '၂ဝ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ'၊ 'အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန်'၊ '၂ဝ ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ'၊ 'နန်းစဉ် ရတနာနှင့် နန်းဓလေ့ စာတမ်းများ'၊ 'အသုံးချ ရူပသျှတ္တရပညာ' စာအုပ်များကို ရေးသားခဲ့သည်။ ယခင်က သုတစွယ်စုံ မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် (၁၉၈၆) ခုမှ (၁၉၉၆)ခုနှစ်အထိ ရေးသားခဲ့သည်။ ထို့အပြင် 'မြန်မာ့ ဈေးကွက် စီးပွားရေးဂျာနယ်'နဲ့ 'မြရိပ်ညိုဂျာနယ်' တို့ကို ပထမဆုံး တာဝန်ခံ ထုတ်ဝေခဲ့ပြီး၊ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သန်းဝင်းလှိုင် ကလောင် အမည်အပြင် 'သိပ္ပံချစ်သူ'၊ 'စိန်လှိုင်တင်'၊ 'နေရဲစွမ်း'၊ 'မောင်စစ်ပြန်'၊ 'ပြည်ဟိန်း' စသည့် ကလောင်အမည်ခွဲများဖြင့်လည်း စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အဖွဲ့ဝင်အမှတ်မှာ (၁၀၁) ဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်ဟောင်း ဦးနု နှစ် (၁ဝဝ) ပြည့်နေ့ (၂၅ မေ ၂ဝဝ၇) တွင် ထုတ်ဝေရန် စီစဉ်ထားသော 'ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ဘဝပုံရိပ်နဲ့ ဓာတ်ပုံမှတ်တမ်းများ' စာအုပ်ကိုလည်း နအဖ စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင် ခဲ့သည်။ နိုင်ငံရေးလုပ်ဆောင်ခြင်းဦးသန်းဝင်းလှိုင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ၌ အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ပါတီတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၁] ဖမ်းဆီးထိန်းသိမ်းခံရခြင်းစာရေးဆရာ သန်းဝင်းလှိုင်သည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပါဝင်သော ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ စာအုပ်ကို ရေးသားထုတ်ဝေမှုနှင့် ၂ဝဝဝ ခုနှစ်၊ ဇွန်လတွင် ထောင် (၇) နှစ် ကျခံ ခဲ့ရပြီး၊ ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ကလောင်အမည်များ
ထုတ်ဝေပြီး စာအုပ်များ
မထုတ်ဝေရသေးသောစာအုပ်များ
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များဂဠုန်ဦးစော၏နောက်ဆုံးနေ့များ စာအုပ်သည် ၂၀၀၉ ခုနှစ်တွင် အရောင်းရဆုံး (TopTen) စာရင်းဝင်လေသည်။ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ စာအုပ်နှင့် ပတ်သက်၍ ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်းနှင့် ထုတ်ဝေခွင့် တောင်းခံမှုမပြုခဲ့ခြင်း တို့ကြောင့် တောင်းပန်ခိုင်းသည့် စာတစောင်ပေးခဲ့သည်။ စာရေးဆရာသန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ်အတွက် တောင်းပန်ခိုင်းသည့်စာကို အင်ကြင်းစာပေမှ တဆင့် ဂဠုန်ဦးစော၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ လက်ခံရရှိခဲ့ကြောင်း စာရေးဆရာက အတည်ပြု ပြောဆိုသည်။ အဆိုပါစာတွင် မိသားစု၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးအတွက် ထုတ်ဝေခြင်းနှင့် ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေသော အချက်များပါခြင်းတို့ကြောင့် စာရေးသူမှ တောင်းပန်ရမည်ဟု ဖော်ပြထားသည်။ “ကျနော်တို့က စီးပွားရေးအရ ထုတ်ဝေတာမဟုတ်ဘူး။ နိုင်ငံရေးအရ ထုတ်ဝေတာလည်း မဟုတ်ဘူး။ အများသိသင့်သိထိုက်တဲ့ သမိုင်းတွေမို့လို့ ရေးသားထုတ်ဝေတာ ဖြစ်တယ်။ နောက်ပြီး သူတို့က အချက်အလက်တွေ မှားတယ်လို့ ပြောတယ်။ ဂဠုန်ဦးစောသမီး ဘေဘီစောရဲ့ အခြားနာမည်ဟာ မခင်ရီဆိုတာ မဟုတ်ဘူးလို့လည်း သူတို့က ပြောတယ်။ ကျနော်က အသေအချာ ကိုးကားပြီးမှ ရေးခဲ့တာ။ ၁၉၄၇ ခုနှစ် ဩဂုတ်လ (၂၉) ရက်ထုတ် သတင်းစုံဂျာနယ်မှာလည်း ဘေဘီစောရဲ့ အခြားအမည်ဟာ မခင်ရီဆိုတာ ရေးထားတယ်” ဟု စာရေးသူက ပြောသည်။ အဆိုပါ စာမူအား စာပေစိစစ်ရေးအပြင် သမိုင်းသုတေသနဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်နဝါရီ (၂၅) ရက်တွင် စာအုပ်ဖြန့်ချိခဲ့ကြောင်း စာရေးသူက ဆက်လက်ပြောသည်။ ထိုစာအုပ်ထွက်ရှိလာပြီးနောက် ဦးညီညီရင်နှင့် ဒေါ်ဘေဘီစောတို့၏ သားသမီးများက စာရေးဆရာထံ တောင်းပန်ရန်စာ ပေးပို့ထားခြင်း ဖြစ်ကြောင်း၊ ယင်းစာပေးပို့မှုမှာ ပုဂ္ဂလိက တောင်းဆိုမှုတစ်ခု သာဖြစ်ကြောင်း စာရေးသူဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ခင်ခင်အေးက ပြောသည်။ [၂] ၂ဝရာစု မြန်မာ့သမိုင်း စာအုပ်သည်လည်း ၂၀၀၉-ခုနှစ်တွင် အရောင်းရဆုံး (TopTen) စာရင်းတွင် နံပါတ်(၁)ဖြစ်သည်။ ကွယ်လွန်ခြင်း၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia