ဗဟန်းမြို့နယ်
ဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်အတွင်း ပါဝင်သည်။ ဗဟန်းသည် အဝါရောင်ရှိသောမြေကို ခေါ်ဆိုခြင်းဖြစ်သည်ဆို၏။ ရှေးအခါက ဗဟန်းအရပ်သည် ကန့်ထွက်ရာဒေသ ဖြစ်ဟန်တူသည်။ ဗဟန်းရပ်သည် ကိုလိုနီခေတ်ဦးကာလအထိ တောတောင်ထူထပ်ရာအရပ် ဖြစ်သည်။ စာဆိုတော် စလေဦးပုညကပင် "ဗဟန်းသွားတောလား" ဟူ၍ ရေးဖွဲ့ခဲ့ဖူးသည်။[၁] ဖွဲ့စည်းပုံစုစုပေါင်းရပ်ကွက် (၂၂)ခု ဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်တို့ တည်ရှိပြီး တောင်အရပ်တွင် ဒဂုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၂၁)ကျောင်းရှိသည်။ ထင်ရှားသော အဆောက်အဦးများဖော်ပြပါဇယားမှာ ဗဟန်းမြို့နယ်၏ ထင်ရှားသော အဆောက်အဦးများဖြစ်သည်။
အကိုးအကား
|
Portal di Ensiklopedia Dunia