သပဒါနစာရိကဓုတင်သပဒါနစာရိကဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ သပဒါနစာရိကဓုတင် ဆောက်တည်မည့် ရဟန်းသည် အိမ်စဉ် မကျော်ဘဲ အိမ်စဉ်အတိုင်း ဆွမ်းရပ်ရ၏။ သို့သော် ဘေးရန်ရှိသည့် အိမ်၊ လမ်း၊ ရွာ စသည်တို့ကိုလည်းကောင်း၊ ဆွမ်းမရသော အိမ်၊ လမ်း၊ ရွာ စသည်ကိုလည်းကောင်း ကျော်၍ သွားနိုင်၏။ တခြားအရပ်သို့ ဖဲသွားနိုင်သည်။[၁] ဆောက်တည်ပုံဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် လောလုပ္ပစာရံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ မက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းခံသွားခြင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အိမ်စဉ်အတိုင်း ဆွမ်းခံသွားသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁] ယင်း ဓုတင်ဆောင် ရဟန်းသည် ဆွမ်းခံသွားသောအခါ ရွာတံခါး၌ ဆင်, မြင်း, ကျွဲ, နွား စသော ဘေးရန်များ ရှိမရှိကို မှတ်သားရသည်။ ရွာ၌ ဖြစ်စေ, လမ်း၌ ဖြစ်စေ ဘေးရန်ရှိပါမူ တခြားရွာ တခြားလမ်းသို့ ရှောင်လွှဲ သွားကောင်း၏၊ သွားနိုင်သည်၊ ဆွမ်းမရသော အိမ်တံခါး, လမ်း, ရွာတို့ကို ရွာမဟုတ်ဟု အမှတ်သညာပြု၍ သွားရသည်၊ အနည်းငယ်သာ ရသော အိမ်တံခါး, လမ်း ရွာတို့ကိုမူ ရှောင်လွှဲ၍ မသွားကောင်းချေ။ မချမ်းသာသော အရပ်ကို ပယ်၍ တခြားအရပ်သို့ သွားနိုင်ရန် နံနက်စောစောကပင် ဆွမ်းခံဝင်သင့်သည်။ ကျောင်း၌ အလှူပေးသူများက ဖြစ်စေ လမ်းခရီးအကြား၌ တွေ့မြင်သူများက ဖြစ်စေ သပိတ်ကိုယူ၍ လောင်းလှူခဲ့သော် ခံယူကောင်းသည်။ ဆွမ်းလုံးဝမရခြင်းကြောင့်၎င်း အနည်းငယ်သာရခြင်းကြောင့်၎င်း ရွာစဉ်ကို ဖျက်၍ ဆွမ်းခံထွက်မှုကို မပြုကောင်းချေ [၂]။ ဆွမ်းစားပင့်ဖိတ်လျှင် လိုက်ခွင့်မရှိ၊ ဇွတ်အတင်း သပိတ်ကို ယူ၍ သပိတ်ပြည့် လောင်းလှူခဲ့ပါမူ ခံယူကောင်း၏၊ ဓုတင်မပျက်။ သို့ရာတွင် ယင်းရွာသို့ နောက်ထပ် ဆွမ်းခံမဝင်ရ။ ရွာတွင်းသို့ ဝင်စဉ် များစွာသော ခွက်တို့ဖြင့် ဆွမ်းလောင်း လှူမူ အနည်းငယ်မျှ မခံယူရ၊ အိမ်စဉ်အတိုင်းသာ လှည့်လည်ရသည် [၃]။ [၄] ဓုတင်ဆောင်ရဟန်း ၃-မျိုးဤ၌လည်း — (၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် မရောက်မီ ရှေ့အိမ်မှ ကြို၍ လောင်းလှူအပ်သော ဆွမ်းကို၎င်း, နောက် အိမ်မှလိုက်လာ၍ လှူအပ်သောဆွမ်းကို၎င်း, ဆွမ်းစားစရပ်သို့ ဆောင်ယူ၍ လှူအပ်သော ဆွမ်းကို၎င်း မခံယူရပေ၊ ရောက်ဆဲအိမ်တံခါး၌ သပိတ်ကိုယူမူ ပေးနိုင်သည်။ ဤဓုတင်ကို ဖြည့်ကျင့်ရာဝယ် အရှင်မဟာကဿပမဟာထေရ်နှင့်တူသူ မရှိပါချေ။ အလတ်စား(= မဇ္ဈိမ)ဓုတင်ဆောင်ရဟန်းသည် ဥက္ကဋ္ဌပုဂ္ဂိုလ် ပယ်မြစ်အပ်သော ဆွမ်းတို့ကို ခံယူနိုင်၏၊ ထူးခြားသည်မှာ ထိုနေ့အတွက် ဆွမ်းကို မြှော်လင့်စောင့်ဆိုင်း၍ မနေခြင်းပင် ဖြစ်၏။ အညံ့စား(= မုဒုက)ဓုတင်ဆောင်ပုဂ္ဂိုလ်သည်ကား ထိုနေ့အတွက် ဆွမ်းကို မြှော်လင့် စောင့်ဆိုင်း၍လည်း နေနိုင်၏။ ယင်းပုဂ္ဂိုလ် ၃-မျိုးလုံးပင် ဤ မည်သောရွာ, ဤ မည်သောလမ်း, ဤ မည်သောအိမ်၌ ဆွမ်းကောင်း ဟင်းကောင်း များစွာ ရလိမ့်မည် ဟု မြှော်လင့်ချက်လောလုပ္ပတဏှာဖြင့် အစဉ်ကို ကျော်လွန်၍ သွားသော ခဏ၌ပင် သပဒါနစာရိကဓုတင် ပျက်တော့၏။[၄] ဓုတင် ပျက်စီးခြင်းမက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းရပ်သော ခဏတွင်ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁] ကောင်းမွန်သောအာဟာရများ ရလိုစိတ်ဖြင့်မဟုတ်ပဲ၊ သဒ္ဓါတရားရှိသော ဒါယကာတို့အား (ထိုဒါယကာတို့၏ ဆွမ်းဘောဇဉ် ကောင်းသည်/မကောင်းသည်မဟူ) အစဉ်ချီးမြှောက်ခြင်း စသည့်အကျိုးငှာလည်းကောင်း၊ သဒ္ဓါတရားမရှိသူတို့က "အမျိုးယုတ်" စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချသောစကားတို့ကို ပယ်ခြင်းငှာလည်းကောင်း အိမ်စဉ်ကျော်၍ ဆွမ်းခံခြင်းသည်ကား အပြစ်မရှိ။ [၅] သပဒါနစာရိကဓုတင် ဆောင်ရကျိုး
တိုက်တွန်းချက်ဤ ဓမ္မဝိနယသာသနာတော်၌ သပဒါနစာရိက ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည်…
ကိုးကား |
Portal di Ensiklopedia Dunia