သိမြင်ခြင်း![]() ထင်လင်းစွာ သိမြင်တတ်ခြင်း (အင်္ဂလိပ်: cognition) ဟူသည်မှာ - "အခြင်းအရာ အချက်အလက် သစ်များကို မှတ်ဉာဏ်အတွင်းသို့ ယူသွင်းခြင်း နှင့် စဉ်းစားတွေးတောမှု၊ ခံစားသိရှိမှု တို့ဖြင့် နားလည်ယူခြင်း စိတ်လုပ်ငန်းများ"[၂]ပင် ဖြစ်တော့၏။ လှုံ့ဆော်ချက်များကို ခံစားသိမိခြင်း၊ သတိပေးစိုက်မှု (attention) ထားခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ဆက်စပ်တွက်ချက်ခြင်း၊ မှတ်ဉာဏ်များ ဖြစ်ပေါ်စေခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း၊ တွေးလုံးစီစဉ်ထုတ်ခြင်း၊ စသည့် စိတ်တွေးပိုင်းဆိုင်ရာ လုပ်ငန်းများအားလုံးကို ခြုံငုံ၍ပင် သိမြင်ခြင်း ဟု ညွှန်းဆိုနိုင်၏။ ဆဲလ်အများဖွဲ့ သတ္တဝါများတွင် ကိုယ်တွင်းလျှပ်လှိုင်းစနစ်ရှိလျှင် အနည်းဆုံးအားဖြင့် ၎င်းတို့၏ ကိုယ်နှံ့ဖြန့် နျူထရွန်ဆဲလ်များတွင် ကိုယ်တွင်းလျှပ်လှိုင်းစီးကူးမှုကြောင့်
ဤ၂မျိုး ဆောင်ရွက်နိုင်နေပြီ ဖြစ်လျက်၊ သိမြင်ခြင်း မလိုသေးပေ။
စသည့် လုပ်ငန်းများကို လုပ်နိုင်ရန်မှာ အထိုက်အလျောက် လုံလောက်ထွေပြားသော ဗဟို အာရုံကြောစနစ် (Central Nervous System) (နှင့် ဦးနှောက်) တို့ ရှိရန် လိုအပ်၏။ ဤသို့သော နျူရွန်ကွန်ရက်အုံတို့ ရှိသည့် သက်ရှိအမျိုးမျိုး၌ သိမြင်ခြင်း အဆင့်ဆင့် အသွင်သွင် ပေါ်ပေါက်နေမည်ဟု ခန့်မှန်းနိုင်၏။ ထို့နောက် သက်ရှိတဦးချင်း၏ သိမြင်ခြင်းသည်လည်း ၎င်း၏
ဤ ၂ရပ်လုံးအပေါ် မူတည်၍ ဖြစ်ပျက်ပြောင်းလဲနေနိုင်၏။
ဤသည်တို့ကြောင့် ဖြစ်ပေါ်သော တဦးချင်းစီ၏ သိမြင်ခြင်းအသွင်ကွဲမှုများကြောင့် ဖြစ်တော့၏။ ကိုးကား
|
Portal di Ensiklopedia Dunia