သီဂိရိယမြို့

သီဂိရိယ ရှေးဟောင်းမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  သီရိလင်္ကာ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii, iv
ကိုးကား ၂၀၂
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

သီဂိရိယ သို့ ဆင်းဟဂီရီ (ခြင်္သေ့ကျောက်ဆောင်) သည် သီရိလင်္ကာနိုင်ငံ အလယ်ခရိုင် ဒမ်ဗျူလာမြို့အနီးရှိ မက်တယ်ဒိစတြိတ် မြောက်ပိုင်းတွင် တည်ရှိသော ရှေးဟောင်း ကျောက်သား ခံတပ်တစ်ခု ဖြစ်သည်။ မီတာ ၂၀၀ အထိ မြင့်မားသော ကျောက်တိုင်များ ရှိပြီး သမိုင်းကြောင်းအရ လည်းကောင်း ၊ ရှေးဟောင်းသုတေသန နယ်ပင်တွင်လည်းကောင်း ထင်ရှားသော ဒေသ တစ်ခု ဖြစ်သည်။

သီရိလင်္ကာရှေးဟောင်း သမိုင်းမှတ်တမ်း တစ်ခုဖြစ်သော ကူလာဗန်ဆာ အရ ထိုဒေသအား ကာရှီယာပါ ဘုရင် (၄၇၇-၄၉၅ အေဒီ) မှ သူ၏ မြို့တော်သစ် အဖြစ် ရွေးချယ်ခဲ့သည်။ သူသည် နန်းတော်အား ကျောက်ဆောင်၏ ထိပ်တွင် တည်ဆောက်ခဲ့ပြီး ဘေးဘက်များအား ရောင်စုံ နံရံဆေးရေးပန်းချီများ ဖြင့် အလှဆင်ခဲ့သည်။ ကျောက်ဆောင်၏ ဘေးဘက်ခြမ်း တစ်ဝက်လောက်တွင် ရှိသော ကုန်းပြင်မြင့် ကလေးပေါ်တွင် အဝင်ဝ အား ခြင်္သေ့ကြီး ပုံစံဖြင့် တည်ဆောက်ခဲ့သည်။ ထို အဆောက်အဦးအား အစွဲပြု၍ ထိုနေရာအား ဆင်းဟဂီရိ သို့ ခြင်္သေ့ကျောက်ဆောင် ဟု ခေါ်ဆိုခဲ့သည်။ ထိုမြို့တော်နှင့် နန်းတော်တို့အား ဘုရင် နတ်ရွာစံပြီးနောက်တွင် စွန့်ပစ်ခဲ့ကြသည်။ ထိုနေရာအား ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အဖြစ် ၁၄ ရာစု တိုင်အောင် အသုံးပြုခဲ့ကြသည်။[]

သီဂိရိယသည် ယခု အခါ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းထားသည်။ ၎င်းသည် ရှေးခေတ်မြို့ပြ စီမံခြင်းအတွက် အကောင်းဆုံး ထိန်းသိမ်းထားသော ဥပမာ တစ်ခု ပင် ဖြစ်သည်။[]

ကိုးကား

  1. Ponnamperuma၊ Senani (2013)။ The Story of Sigiriya။ Panique Pty Ltd။ ISBN 978-0-9873451-1-0
  2. Bandaranayake၊ Senake; Aramudala၊ Madhyama Saṃskr̥tika (2005)။ Sigiriya: City, Palace, Gardens, Monasteries, Painting။ Central Cultural Fund။ ISBN 978-955-631-146-4
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya