သီဟစည်သူ (ဂိုးသမား)
သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သည်။ ကစားသမားဘဝသီဟစည်သူသည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းတစ်သင်းဖြစ်သော ဒယ်တာယူနိုက်တက် ဘောလုံးအသင်းနှင့် ကစားခဲ့ပြီး ထိုအသင်းနှင့်အတူ ၂၀၁၀ အာရှ ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သီဟစည်သူသည် ဒယ်တာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သူအား ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အလွန်မြင့်သော လစာကြေးဖြင့် ပြောင်းရွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူသည် ထိုကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းတွင်သာ ကစားရန်ဆုံးဖြတ်ခဲ့သည်။ သီဟစည်သူသည် ဧရာဝတီယူနိုက်တက်အသင်းဖန်များ၏ အကြိုက်ဆုံးကစားသမားတစ်ဦးလည်း ဖြစ်သည်။ သူအား ကလပ်အသင်းတွင်ဖြစ်စေ၊ နိုင်ငံလက်ရွေးစင်အသင်းတွင်ဖြစ်စေ အမြဲ စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစားကစားနေသည်ကို တွေ့ရသည်။[၂] သီဟစည်သူသည် ပြောင်းရွေ့ကြေး ဒေါ်လာ ၁ သိန်းလောက်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းမှ ရတနာပုံအသင်းသို့ ပြောင်းရွေ့ခဲ့သည်။ နိုင်ငံတကာ အားကစားသမားဘဝသီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းတွင် ကစားခဲ့ပြီး[၃] မြန်မာ ယူ-၂၃ အသင်းအတွက် လက်ရွေးစင်ဂိုးသမားအဖြစ် အချိန်အကြာကြီး ကစားခဲ့သည်။
ဂုဏ်ပြုဆုများ
ကိုးကား
|
Portal di Ensiklopedia Dunia