သောင်းနိုင်


သောင်းနိုင်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊တရားသူကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ မတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)
အလုပ်အကိုင်တပ်မတော်သား၊တရားသူကြီး
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့[]
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးတွဲဖက်စစ်ဥပဒေချုပ်(ကြည်း ၂၀၈၇၁)
Commands၁၉၈၈-၂၀၂၂

ဦးသောင်းနိုင်(၁၉၆၄ ဖွား)သည် မြန်မာလူမျိုးတရားသူကြီး တစ်ဦးဖြစ်သည်။သူသည် တပ်မတော် တွဲဖက်စစ်ဥပဒေချုပ် အဖြစ်မှ အငြိမ်းစားယူကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာသူဖြစ်သည်။[]

ပညာရေး

တရားသူကြီးဦးသောင်းနိုင် သည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Transnational Law and Business University (TLBU) (South Korea) မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိခဲ့သည်။[]

တပ်မတော်သားဘဝ

သူသည် တပ်မတော်စစ်ဥပဒေချုပ်ရုံး တွင် တွဲဖက်စစ်ဥပဒေချုပ် ရာထူးအထိ (၃၄) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၂ ခုနှစ် မတ်လတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူကာ အရပ်ဘက် တရားရေးဌာနသို့ ကူးပြောင်းလာသည်။

ထင်ရှားမှု

၂၀၁၇ ခုနှစ် ကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာ လူသတ်မှု အပါအဝင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရုပ်အလောင်းများကိစ္စ နှင့် စပ်လျဉ်းပြီး တပ်မတော်ဘက်က စစ်ခုံရုံးဖွဲ့ပြီး ဆောင်ရွက်ခဲ့မှုတွင် ၎င်းသည် တွဲဖက်စစ်ဥပဒေချုပ်အနေဖြင့် အရေးပါသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။[]ယင်းအပြင် ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံး တွင် မြန်မာ့အရေး ကြားနာစစ်ဆေးမှုကိစ္စရပ် နှင့် စပ်လျဉ်း၍လည်း တပ်မတော်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။[] []

တရားလွှတ်တော်တရားသူကြီးဘဝ

ဦးသောင်းနိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။[]

ထင်ရှားမှု

ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ် ခင်ကြည် အမည်ပေါက် ခြံအမှတ် (၅၄) ခြံနှင့်အိမ် အမွေဆိုင်မှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ အထူးအယူခံတင်ပြတောင်းဆိုချက်အတိုင်း ခွင့်ပြုခဲ့သည့် အထူးအယူခံခုံရုံး တရားသူကြီး(၅) ဦးထဲ ၎င်းလည်း ပါဝင်ခဲ့သည်။ [][]

မိသားစုဘဝ

ဦးသောင်းနိုင်သည် အိမ်ထောင်ရှင် တစ်ဦးဖြစ်သည်။

ကိုးကား

  1. နိုင်ငံတော်စီမဲအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်(၂/၀၂၂) စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းMOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု ခုနစ်မှုတို့ကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု နှစ်မှုရုံးထိုင်ကြားနာMOI Myanmar (၂ ဇူလိုင် ၂၀၂၃)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တရားသူကြီးများပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ICJ အမှုမှာ အစိုးရဦးဆောင်မှုနောက် လိုက်နာမည်ဟု တပ်မတော်ပြောဆိုVOA Burmese (၂၄ နိုဝင်ဘာ ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြောဧရာဝတီသတင်း (၂၃ ဇန်နဝါရီ ၂၀၂၀)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. စစ်ခုံရုံးဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ တပ်မတော်ပြောRFA Burmese (၂၄ နိုဝင်ဘာ ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးMWD Webportal (၁၄ မတ် ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ခြံအမှတ် ၅၄ အမွေဆိုင်မှု ဦးအောင်ဆန်းဦး တောင်းဆိုချက် တရားလွှတ်တော်ချုပ် ခွင့်ပြုဧရာဝတီသတင်း (၂၂ ဩဂုတ် ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ခြံအမှတ်(၅၄) အမွေဆိုင်အမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချမှတ်NP News (၂၃ ဩဂုတ် ၂၀၂၃)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya