သောမတ်စ် ဂျက်ဖာဆင်
ဘဝအစဗာဂျီးနီးယားပြည်နယ်၊ အဲလဗီမားခရိုင် ရှတ်ဝဲလ်တွင် ၁၇၄၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား မြို့ပြအင်ဂျင်နီယာ ပီတာဂျက်ဖာဆန်ဖြစ်သည်။ ပီတာဂျက်ဖာဆန်သည် အနောက်ဘက်နယ်စပ်ဒေသတွင် ယာမြေပေါင်း မြောက်မြားစွာပိုင်သူဖြစ်ရာ သားဖြစ်သူ သောမတ်စ်သည် ငယ်စဉ်ကပင် ကျေးလက်တောရွာလုပ်ငန်းများနှင့် လက်ပွန်းတတီး ဗဟုသုတရခဲ့လေသည်။ ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။ ၅ နှစ်သားအရွယ် ကျောင်းနေစကတည်းက သင်္ချာဘာသာရပ်များတွင် ထူးချွန်ခဲ့လေသည်။ ၉ နှစ်သား အရွယ်မှစ၍ လက်တင်၊ ဂရိ၊ ပြင်သစ်ဘာသာများကို သင်ယူသည်။ ၁၇ နှစ်အရွယ်တွင် ဝီလျံစဗတ်မြို့တွင် ဝင်ရောက်ပညာသင်ကြားလေသည်။ သင်္ချာဘာသာ၌ ငယ်စဉ်ကပင် ထူးချွန်သူဖြစ်သည့်အလျောက် သင်္ချာဘာသာပါမောက္ခကြီး ဒေါက်တာဝီလျံစမော၏ ချီးကျူးခြင်းကို အထူးခံရသူဖြစ်၏။ ဒေါက်တာဝီလျံစမောသည် သောမတ်စ်ဂျက်ဖာဆန်အား ဗာဂျီးနီးယားပြည်နယ်မှ ထင်ရှားသော ဝတ်လုံတော်ရကြီး ဂျော့ဝစ်နှင့် မိတ်ဆက်ပေးသည်။ ဝီလီယမ်နှင့် မေရီကောလိပ်တွင် နှစ်နှစ်ကြာ ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှထွက်ခဲ့သည်။ ထို့နောက် ဂျော့ဝစ်ထံ၌ ဥပဒေပညာကို ၅ နှစ်မျှ ဆည်းပူးရလေသည်။ ထိုဥပဒေပညာသည်ပင် သူ့အား နိုင်ငံရေး၊ တိုင်းပြည်အုပ်ချုပ်ရေးတို့၌ အထောက်အပံ့ ဖြစ်စေခဲ့၏။ သို့ဖြင့် ၁၇၆၇ မှစကာ ဗာဂျီးနီးယားပြည်နယ် လိုင်စင်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ခုနှစ်နှစ်အတွင်း ရှေ့နေအဖြစ်လည်းကောင်း၊ မြေပိုင်ရှင်အဖြစ်လည်းကောင်း နေထိုင်ခဲ့သည်။ နိုင်ငံရေးသမားဘဝ၁၇၇၄ တွင် ထုတ်ဝေသော ဗြိတိသျှကိုလိုနီအမေရိကရှိ လူတို့၏ရပိုင်ခွင့်မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါးလက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရက်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန်ပြီးနောက် လွတ်လပ်ရေးကြေညာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။ သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူတို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။ လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး ဗာဂျီးနီးယားပြည်နယ်မှတ်စု အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖော်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။ ၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် ပြင်သစ်သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် ဘင်ဂျမင် ဖရမ်ကလင်ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။ ၁၇၉၄ တွင် အမေရိကသို့ ပြန်ရောက်လျှင် ချက်ချင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီး (Secretary of State) အဖြစ် ရာထူးခန့်အပ်ခံရသည်။ သို့သော် ဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒား ဟာမီတန်နှင့် သဘောထားချင်း မတိုက်ဆိုင်ပဲ အတိုက်အခံဖြစ်လာသည်။ သို့ဖြင့် ဟာလ်မီတန်၏ သဘောထားကို ထောက်ခံသည့် သူများက ဖယ်ဒရယ်ပါတီကို တည်ထောင်ကြသလို ဂျက်ဖာဆင်ကို ထောက်ခံသူများကလည်း ဒီမိုကရက်တစ် ရီပါပလီကင်ပါတီ (ယနေ့ ဒီမိုကရက်တစ်ပါတီ)ကို အပြိုင်အဆိုင် ဖွဲ့ကြသည်။ ၁၇၉၆ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျွန်အဒမ်၏နောက် ဒုတိယမဲအများဆုံးရကာ ဒုတိယ သမ္မတ ဖြစ်လာသည်။ (ထိုစဉ်က ဖွဲ့စည်းပုံအရ မဲရာခိုင်နှုံး ဒုတိယအများဆုံးရသူက ဒုတိယသမ္မတ ဖြစ်သည်။ ယနေ့တွင် ထိုကဲ့သို့ မဟုတ်တော့ပါ။) ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မှ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာသည်။ သမ္မတဖြစ်လာလျှင် မိမိအတိုက်အခံများနှင့် ဆက်ဆံရေးပြေလည်အောင် မျှတစွာ နေထိုင်ဆက်ဆံသည်။ (ထိုမှစကာ နိုင်ငံရေးတွင် အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက်လေးလေးစားစား ဆက်ဆံသည့် အလေ့အထကောင်းကို တည်ဆောက်ပေးခဲ့သည်ဟု ဆိုနိုင်သည်။) ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွက် နောင်တစ်ချိန်တွင် အကြီးအကျယ် အကျိုးရှိစေမည့် ကိစ္စတစ်ရပ်ကို မထင်မှတ်ပဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုကိစ္စမှာ အခြားမဟုတ်၊ လူဝီစီယားနားနယ် ကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (ထိုစဉ်က အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၃ ပြည်နယ်၏ ဧရိယာစုစုပေါင်းနှင့် လူဝီစီယားနားပြည်နယ်၏ ဧရိယာမှာ များစွာမကွာလှပေ။) ဂျက်ဖာဆန်၏ သမ္မတသက်တမ်း ၄ နှစ်အတွင်းတွင် အမေရိကန်ပြည်၌ ဒီမိုကရေစီဝါဒသည် အလွန် ထွန်းကားခဲ့ပေသည်။ ၁၈၀၄ တွင် သမ္မတသက်တမ်း နောက်တစ်ကြိမ် အရွေးခံရပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သည်။ သို့သော် ၁၈၀၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ရှေ့မှ ဂျော့ချ် ဝါရှင်တန်၏ လမ်းစဉ်အတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ပြီး သမ္မတအဖြစ်မှ အနားယူသည်။ ဒုတိယအကြိမ် သမ္မတဘဝနှင့် ၁၈ဝ၈ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ ကျွန်အရောင်းအဝယ်ကို ပိတ်ပင်ရန် ဥပဒေ တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတရာထူး သက်တမ်း ကုန်ဆုံး သောအခါ ဂျက်ဖာဆန်မှာ အကြွေးဒေါ်လာ ၂ဝ,ဝဝဝ ခန့် တင် နေသည့်အတွက် သူစုဆောင်းထားခဲ့သော စာအုပ်ပေါင်း ၁၃,ဝဝဝ ပါဝင်သည့် စာကြည့်တိုက်ကို ပြည်ထောင်စု အစိုးရ သို့ အဖိုးငွေ ၂၃,၉၅ဝ ဒေါ်လာဖြင့် ရောင်းချ၍ဆပ်ရလေသည်။ ဂျက်ဖာဆန်မှာ ဆွေမျိုးသားချင်း မိတ်သင်္ဂဟပေါများသူဖြစ်၍ အိမ်တွင် ဧည့်သည်မပြတ်ရှိရာ စာကြည့်တိုက် ရောင်းရငွေမှာလည်း မကြာမီပင် ကုန်လေတော့သည်။ ထိုကြောင့် အိမ် ကလေးတစ်လုံးဆောက်ကာ တိမ်းရှောင်နေရသည်ဟုပင် အချို့ က ဆိုကြသည်။ သို့သော် ပြည်ထောင်စုအစိုးရထံမှ အထောက် အပံ့အဖြစ် စုဆောင်း၍ ပေးသောငွေ ၁၆,၅ဝဝ ဒေါ်လာရရှိသောကြောင့်သာလျှင် ဂျက်ဖာဆန်မှာ အနည်းငယ်ခံသာသည်။ သို့ နှင့်လည်း ထောက်ပံ့ငွေရပြီး မကြာမီ သူပိုင်ပစ္စည်းများဖြစ်သော အိမ်ထောင်ခမ်းနား၊ ငွေထည်ပစ္စည်း၊ ပန်းချီကားများနှင့်တကွ ဗာဂျီးနီးယားနယ် ရှားလော့စဗီးမြို့ရှိ သူပိုင် မွန်တီစယ်လို အိမ်နှင့် ဝင်းခြံကို ရောင်းချ၍ အကြွေးများ ပေးဆပ်ရသေး၏။ သမ္မတရာထူး ၂ ကြိမ်တိုင်တိုင် ဆက်ယူပြီးနောက် တတိယအကြိမ် အရွေးမခံတော့ဘဲ အနားယူလိုက်တော့သည်။ ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်များ![]()
ဥပဒေရေးဆိုင်ရာ စွမ်းဆောင်ချက်များ
အခြားစွမ်းဆောင်ချက်များ
အထက်ပါ အချက်များကို ကြည့်လျှင် သောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။ အနားယူပြီး ဘဝသမ္မတအဖြစ်မှ အနားယူပြီးသည့် အခါတွင် သူ၏ နေရပ်ဖြစ်သော ရှားလော့စဗီး၌ ဗာဂျီးနီးယားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ဆောင်ရန် လုံးပန်း ဆောင်ရွက်လေသည်။ တက္ကသိုလ်၏ အဆောက်အအုံ ကြီးများကို သူကိုယ်တိုင် စနစ်ပုံရေးဆွဲ၍ တည်ဆောက်ရာတွင်ကြပ်မတ် ကြည့်ရှုခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်၏ အမည်သည် အမေရိကန်နိုင်ငံရေးလောကတွင်သာမဟုတ် ဗိသုကာလောကတွင်လည်း ဥဒါန်းတွင်ရစ်ပေသည်။ ဂျက်ဖာဆန်သည် ပထဝီဝင်၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပါဏဗေဒတို့ကိုလည်း ဝါသနာအလျောက် လိုက်စားခဲ့သည်။ လယ်ယာစိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ခြင်းတို့အပြင် ဆေးပညာ၊ ခွဲစိတ်ကုသခြင်းပညာနှင့် သင်္ချာဘာသာရပ်များတွင်လည်း အထူးပင် ဝါသနာထုံသူ ဖြစ်၏။ ထိုမျှသာမကသေး အယူဝါဒဆိုင်ရာဖက်တွင်လည်း မလစ်ဟင်း ခဲ့ချေ။ စာပေနှင့် ဝေါဟာရများကိုလည်း ဂရုစိုက်သည်။ အမေရိကန် ယထာဘူတပညာ အသင်းကြီးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။ မိသားစုဘဝနှင့် ဘဝနိဂုံး![]() ၁၇၇၂ ခုနှစ်တွင် သောမတ်စ်ဂျက်ဖာဆန်သည် အသက် ၂၃ နှစ်အရွယ်ရှိ မုဆိုးမ မိန်းမချောလေး မာသာဝေးစကယ် လတန်နှင့် လက်ထပ်သည်။ သူတို့မောင်နှံစုံမှာ အလွန်ချစ်ခင် ပျော်ရွှင်စွာ မွန်တီစယ်လိုခေါ် တောင်ကုန်းအိမ်ကလေး၌ နေ ထိုင်ကြ၏။ မာသာနှင့် သားသမီး ၆ ယောက် မွေးဖွားသည့် အနက် မိန်းကလေး ၂ ယောက်သာ အဖတ်တင်သည်။ ဇနီးဖြစ်သူနှင့် နှစ်နှစ်ဆယ်ပေါင်းသင်းခဲ့ပြီး ၁၇၈၂ တွင် ဇနီးကွယ်လွန်ရာ သားသမီး ၆ ဦး ထွန်းကားခဲ့သည်။ မုဆိုးဖိုဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာသည့် နှစ် ၅၀ မြောက်နေ့ဖြစ်သည့် ၄၊ ဇူလိုင်၊၁၈၂၆ တွင် အသက် ၈၃ နှစ် အရွယ်ရှိ ဂျက်ဖာဆင် ကွယ်လွန်သည်။ သူ၏ သင်္ချိုင်းအုပ်ဂူတွင်စိုက်ထူမည့် ကမ္ဗည်းကျောက်တိုင်ကို မကွယ်လွန်မှီကပင် ကိုယ်တိုင်ထွင်းထုထားခဲ့ပြီး ထိုကမ္ဗည်းကျောက်တိုင်တွင် သူ့အကြောင်း အမှတ်တရဖြစ်စေမည့် အချက်သုံးချက်ကိုသာ ထည့်သွင်းသွားခဲ့သည်။
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia