သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်ကိုဩဒိနိတ်:
သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက် သည် နဂါးငွေ့တန်း ဂယ်လက်ဆီအနီးမှ ဂယ်လက်ဆီပုဖြစ်ပြီး[၄] ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီပုဟု ခွဲခြားသတ်မှတ်သည်။ ယင်းသည် အချင်းအားဖြင့် အလင်းနှစ် ၇၀၀၀ ခန့်ရှိပြီး[၃] ကြယ်ပေါင်း မီလီယံရာချီကာ တည်ရှိသည်။[၅] ထုထည်စုစုပေါင်းသည် နေထက် အဆပေါင်း ၇ ဘီလီယံ ကြီးမားသည်။[၆] သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် တချိန်က ခရုပတ်ပုံစံ ဂလက်ဆီဖြစ်သည်ဟု တွက်ချက်ထားပြီး နဂါးငွေ့တန်း ဂလက်ဆီကြောင့် ပုံစံမမှန်သော ဂလက်ဆီဖြစ်ခဲ့သည်။[၇] အလင်းနှစ် ၂၀၀,၀၀၀ အကွာမှ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် နဂါးငွေ့တန်း၏ အနီးဆုံးအိမ်နီးချင်းဖြစ်ပေသည်။ ယင်းသည် သာမန်မျက်စိဖြင့်မြင်နိုင်သည့် အဝေးဆုံး အရာဝတ္ထုတစ်ခုလည်း ဖြစ်သည်။ မြို့ပြမီးအလင်းရောင်နှင့် ဝေးရာမှ ကြည့်ပါက အကောင်းဆုံးဖြစ်သည်။ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် Local Group၏ အဖွဲ့ဝင်ဖြစ်သည်။ ဆက်စပ်ကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia