သွေး (ရုပ်ရှင်)
ဂျာနယ်ကျော် မမလေး၏ နာမည်ကျော် သွေး ဝတ္တုအား ဂျပန်ဒါရိုက်တာ Koji Chinoမှ ၂၀၀၃ ခုနှစ်တွင် စတင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကား ဖြစ်သည်။ ပထမ ဦးဆုံးသော ဂျပန်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်း ရုပ်ရှင် ရိုက်ကူးမှု လည်းဖြစ်သည်။ အင်္ဂလိပ် အမည်မှာ "The bonds of blood" ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် "Chi no Kizuna" ဟုခေါ်သည်။ သရုပ်ဆောင်များဇာတ်လမ်းအကျဉ်းဂျပန်လူမျိုး တက္ကသိုလ် ကျောင်းသူ Yumiသည် မြန်မာနိုင်ငံတွင် ဖအေတူ မအေကွဲ မောင်တစ်ဦး ရှိကြောင်း ကြားသိရသောအခါ၊ သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ Yumi၏ ဖခင်သည် ဂျပန်စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံသို့ စစ်မှုလာထမ်းစဉ်တွင် မထွေးထွေး နှင့် အိမ်ထောင်ကျကာ သားတစ်ဦး မွေးဖွားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် Yumi တစ်ယောက် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အခက်အခဲ အမျိုးမျိုးအား ဖြတ်ကျော်ကာ ရှာဖွေ တွေ့ရှိခဲ့သော်လည်း၊ မိဘမဲ့ဘဝနှင့် ဂျပန်သွေးပါသူ အပယ်ခံဘဝ တို့ကြောင့် စိတ်အမာရွတ် ပေါင်းများစွာရှိနေသော မောင်ဖြစ်သူအား ကြုံတွေ့ရတော့သည်။ ရုံတင်ပြသမှု၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၈ တွင် ဂျပန်နိုင်ငံ တိုကျို၊ အိုဆာကာနှင့် အခြားမြို့ကြီးများ၌ ရုံတင် ပြသခဲ့ပြီး ဒုတိယ ကမ္ဘာ စစ်ပြန်ကြီးများ အများအပြား လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ခုနှစ် မေလအတွင်းက ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ မြန်မာစာတန်းထိုးဖြင့် ရုံတင်ပြသခဲ့သည်။ |
Portal di Ensiklopedia Dunia