ဟက်စမက်ရှ်အင် ကျွဲခုန်
![]() ဟက်စမက်ရှ်အင် ကျွဲခုန် သည် ကနေဒါနိုင်ငံ အယ်လဗားတားပြည်နယ် ဖို့တ်ဒ်မက်လောက်ဒ်မြို့၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာအကွာ ဟိုင်းဝေး ၇၈၅ တွင် တည်ရှိသည်။ ပရေရီမြက်ခင်းပြင်မှ စတင်မြင့်တက်သွားသော ရော့ကီးတောင်တန်း၏ ခြေရင်းတောင်ကုန်းများတွင် ရှိသည်။ ၎င်းသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်ပြီး ဘလက်ဖု အင်ဒီးယန်းလူမျိုးတို့၏ ယဉ်ကျေးမှု ပြတိုက် တည်ရှိရာ နေရာ တစ်ခု ဖြစ်သည်။ ပီးကာနီ နေးရှင်း၏ ပွဲတက်ဥသျှောင်ဖြစ်သော ဂျိုးခရိုးရှူး စီနီယာသည် ထိုနယ်မြေကို ဖော်ဆောင်ရာတွင် အခရာကျသူ တစ်ဦး ဖြစ်သည်။ ဂျိုးခရိုးရှူး စီနီယာ နေအိမ်အား သူ၏ အမှတ်တရ အဖြစ်ထားရှိသည်။ သူသည် သူ၏ ဘဝအား ရှေးဦးနေ လူမျိုးတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန် နှင့် ရှေးဦးနေနှင့် ရှေးဦးနေမဟုတ်သော လူတို့အကြား ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းမှုတို့ကြောင့် ၁၉၉၈ ခုနှစ်တွင် ဘလက်ဖု အင်ဒီးယန်းလူမျိုးတို့၏ အသိပညာနှင့် ထုံးစံများကို ထိန်းသိမ်းနိုင်ခြင်း အတွက် အမျိုးသား ရှေးဦးနေလူမျိုး အောင်မြင်မှု ဆု ကို ပေးအပ်ခြင်းခံခဲ့ရသည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia