ဟာဗားနားမြို့

ဟာဗားနား
မြို့
La Habana
ဘယ်ဖက်အပေါ်မှ နာရီလက်တံအတိုင်း El Capitolio၊ တော်လှန်ရေးပြတိုက်၊ Malecón ၏မြင်ကွင်း၊ El Morro မီးပြတိုက်၊ ဟာဗားနား ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗိုင်ဂျာပလာဇာ နှင့် ဟာဗားနားပြဇာတ်ရုံကြီး
ဘယ်ဖက်အပေါ်မှ နာရီလက်တံအတိုင်း El Capitolioတော်လှန်ရေးပြတိုက်၊ Malecón ၏မြင်ကွင်း၊ El Morro မီးပြတိုက်၊ ဟာဗားနား ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗိုင်ဂျာပလာဇာ နှင့် ဟာဗားနားပြဇာတ်ရုံကြီး
ဟာဗားနား၏ အလံတော်
အလံတော်
ဟာဗားနား၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): တိုင်များ၏ မြို့တော်၊ ကာရစ်ဘီယံရောမ[]
ဟာဗားနား သည် ကျူးဘားနိုင်ငံ တွင် တည်ရှိသည်
ဟာဗားနား
ဟာဗားနား
ကျူးဘားနိုင်ငံအတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°08′N 82°23′W / 23.133°N 82.383°W / 23.133; -82.383
နိုင်ငံကျူးဘားနိုင်ငံ
စီရင်စုလာဟာဗားနား
တည်ထောင်၁၅၁၅က
မြို့တော် အခြေအနေ၁၅၉၂
Municipalities၁၅
အစိုးရ
 • အမျိုးအစားမြို့တော်ဝန်ကောင်စီ
 • မြို့တော်ဝန်Marta Hernández (PCC)
ဧရိယာ
 • မြို့၇၂၈.၂၆ စတုရန်းကီလိုမီတာ (၂၈၁.၁၈ စတုရန်းမိုင်)
 • ကုန်းမြေ၂၅၅၅.၀၅၅ စတုရန်းကီလိုမီတာ (၉၈၆.၅၁၂ စတုရန်းမိုင်)
 • ရေထု၉၈၃၀.၅၂၁ စတုရန်းကီလိုမီတာ (၃၇၉၅.၅၈၅ စတုရန်းမိုင်)  19.23%
 • မြို့ပေါ်၉၈၇.၂၅၄၆ စတုရန်းကီလိုမီတာ (၃၈၁.၁၈၁၁ စတုရန်းမိုင်)
 • မြို့ပြကြီး၈၅၂.၁၂ စတုရန်းကီလိုမီတာ (၃၂၉.၀၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၉ မီတာ (၁၉၄ ပေ)
လူဦးရေ (၂၀၁၂) တရားဝင် သန်းခေါင်စာရင်း[]
 • မြို့၂၁၀၆၁၄၆
 • သိပ်သည်းမှု၂၈၉၂.၀/km (၇၄၉၀/sq mi)
Demonym(s)Habanero/a
အချိန်ဇုန်UTC−05:00 (UTC-5)
 • နွေရာသီ (DST)UTC−04:00 (UTC-4)
စာပို့သင်္ကေတ10xxx–19xxx
ဧရိယာကုဒ်(+53) 07
Patron saintစိန့် ခရစ္စတိုဖာ
က၁၅၁၉ တွင် လက်ရှိနေရာတွင် တည်ထောင်ခဲ့သည်။

ဟာဗားနားမြို့သည် အနောက်အိန္ဒိယကျွန်းစုရှိ ကျူးဘားသမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ထိုကျွန်းစုတွင် အကြီးဆုံးမြို့လည်းဖြစ်သည်။ ကျူးဘားကျွန်း၏ အနောက်မြောက်ဖက်ကမ်းခြေတွင်တည်ရှိ၍ အခြားမြို့ကြီးများနှင့် မီးရထားလမ်း၊ မော်တော်ကားလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိသည်။ လေကြောင်းခရီးနှင့် ပင်လယ်ကြောင်းခရီးတို့အတွက် စခန်းမြို့လည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကီးဝက်မှ မိုင်၁ဝဝခန့်အကွာတွင် တည်ရှိသည်။

ဟာဗားနားသင်္ဘောဆိပ်သည် ဟာဗားနားပင်လယ်အော် အတွင်း၌တည်ရှိခြင်းကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်ရန်အတွက် လုံခြုံသောသင်္ဘောဆိပ်ကောင်းဖြစ်သည်။

ဟာဗားနားမြို့ကို မြို့သစ်နှင့်မြို့ဟောင်းဟူ၍ ပိုင်းခြားနိုင်သည်။ ဟာဗားနားမြို့ဟောင်းသည် သင်္ဘောဆိပ်အနောက်ဘက်တွင် တည်ရှိ၍ ထိုရပ်ကွက်၌ ရှေးကျသော အဆောက်အအုံများကို လည်းကောင်း၊ မြို့ရိုးဟောင်းနှင့် ရဲတိုက်တို့ကိုလည်းကောင်း တွေ့မြင်နိုင်သည်။ လမ်းများကျဉ်းမြောင်း၍ လူနေအိမ်ခြေ ကျပ်တည်းသည်။ ဟာဗားနားမြို့သစ်မှာမူကား မြို့ဟောင်းအနောက်ဘက်တွင် တည်ရှိ၍ ခေတ်မီတိုက်တာ အဆောက်အအုံများ၊ လမ်းမကျယ်ကြီးများ၊ ဥယျာဉ်ပန်းခြံတို့ဖြင့် သပ်ယပ်ခမ်းနားသောမြို့ကွက်ကို တွေ့မြင်နိုင်သည်။ အရောင်းအဝယ်စည်ကားသော ရပ်ကွက်လည်းဖြစ်သည်။ မြို့သစ်တွင် ကျူးဘား လွှတ်တော်နှင့် အစိုးရအဆောက်အအုံများ တည်ရှိသည်။

ဟာဗားနားမြို့သည် ကျူးဗားကျွန်းမှ အဓိကထွက်ကုန်များဖြစ်သော ဆေးလိပ်၊ ဆေးရွက်နှင့် သကြားတို့ကို တင်ပို့ရောင်းချရာမြို့ ဖြစ်သည်။ သကြားလုပ်ငန်း၊ ဆေးလိပ်နှင့် စီးကရက်လုပ်ငန်းတို့မှာ ကြီးကျယ်သော စက်မှုလုပ်ငန်းများဖြစ်၍ ဟာဗားနားဆေးပြင်းလိပ်သည် ထင်ရှား၏။ အထူးသဖြင့် သကြားအများဆုံးတင်ပို့သော ဆိပ်ကမ်းမြို့ဖြစ်သည်။ ဟာဗားနားမြို့သည် ကျူးဘားကျွန်း ယဉ်ကျေးမှုနှင့် ပညာရေးအတွက် ဗဟိုအချက်အချာမြို့ဖြစ်၍ ဟာဗားနားတက္ကသိုလ်နှင့် စိန်တောမတ် ကက်သလစ် တက္ကသိုလ်တို့ တည်ရာဌာနဖြစ်သည်။ စာကြည့်တိုက်နှင့် ပြတိုက်များလည်းရှိသည်။

သမိုင်းကြောင်း

ရှေးအခါက ကျူးဘားကျွန်းကို စပိန်တို့ကပိုင်၍ ၁၅၁၅ ခုနှစ်တွင် ကျွန်း၏တောင်ဘက်ကမ်းခြေ၌ ဟာဗားနားမြို့ကို စတင်တည်ထောင်ခဲ့ကြသည်။ သို့ရာတွင် ပင်လယ်ဓားပြတို့က မြို့ကို မကြာခဏတိုက်ခိုက်ကြသောကြောင့် မြောက်ဘက်ကမ်းခြေ လက်ရှိနေရာသို့ ၁၅၁၉ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ရလေသည်။ ၁၇၆၂ ခုနှစ်တွင် အင်္ဂလိပ်တို့က ဟာဗားနားမြို့ကို တစ်နှစ်ခန့်မျှကြာအောင် သိမ်းပိုက်ခဲ့ဖူးသည်။ ထိုနောက် ၁၈၉၈ ခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဟာဗားနားဆိပ်ကမ်း၌ မိန်းအမည်ရှိ အမေရိကန်စစ်သင်္ဘောတစ်စင်းသည် ထူးဆန်းစွာပေါက်ကွဲပျက်စီးခဲ့သောကြောင့် အမေရိကန် နှင့်စပိန်တို့စစ်ဖြစ်ကြလေသည်။ စစ်ပွဲအပြီးတွင်စပိန်သည် ကျူးဘားကျွန်းကိုလက်လွှတ်လိုက်ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ကျူးဘားသမ္မတနိုင်ငံကို တည်ထောင်ကြသောအခါ ဟာဗားနားမြို့သည် မြို့တော်ဖြစ်လာ၏။

ဟာဗားနားမြို့တွင် စပိန်တို့ကြီးစိုးစဉ်က ပင်လယ်ဓားပြတို့၏ရန်မှကာကွယ်ရန် ဆောက်လုပ်ခဲ့သော ရဲတိုက်ကြီးများ၊ ကသီဒရယ်ဘုရားရှိခိုးကျောင်း၊ ဘုရင်ခံ၏စံအိမ်စသော ရှေးခေတ်အဆောက်အအုံများနှင့် လှပတင့်တယ်သော ခေတ်မှီမြို့ကွက်ရှုခင်းများကို ကြည့်ရှုရန် နိုင်ငံခြားဧည့်သည်ပေါင်း မြောက်မြားစွာတို့သည် လာရောက်လည်ပတ်လေ့ရှိသည်။

ကျူးဘားကျွန်းကို ပထမဦးဆုံးတွေ့ခဲ့ရသူ ခရစ္စတိုဖာကိုလံဗပ်၏ ရုပ်အလောင်းကို ဟာဗားနားမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်း၌ နှစ်တစ်ရာခန့်မျှ မြုပ်နှံထားပြီးနောက် ၁၈၉၈ ခုနှစ်တွင်မှ စပိန်နိုင်ငံသို့ သယ်ယူပြောင်းရွှေ့ခဲ့ကြသည်။ ဟာဗားနားမြို့သည် လူဦးရေ ၂၁၀၆၁၄၆ (၂၀၁၂)ယောက်ခန့် နေထိုင်သည်။[]

ကိုးကား

  1. How Obama's US-Cuba deal could shape Havana's future။ Lonely Planet။ 10 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2015 တွင် ပြန်စစ်ပြီး။
  2. 2012 Official Census။ 25 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya