အကူအညီ:ဝီကီပီးဒီးယား မိတ်ဆက်
ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ခြင်း မိတ်ဆက်
ဝီကီပီးဒီးယားက အခမဲ့ စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး အသုံးပြုတဲ့သူတွေကပဲ ပူးပေါင်း ရေးသားထားကြတာပါ။ ၂၀၀၁ ခုနှစ်ကနေ စတင်ခဲ့ပြီးတော့ အခုအခါမှာ အလျင်အမြန် ကြီးထွားလာပြီး ကမ္ဘာ့အကြီးဆုံး ရည်ညွှန်းဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါပြီ။ လတ်တလော မြန်မာဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၉၁၉၅ ရှိနေပြီး လစဉ် ဝင်ရောက်ကြည့်ရှုမှုသန်းချီ ရှိနေပါတယ်။ ပရောဂျက်အကြောင်း အသေးစိတ် သိရှိနိုင်ဖို့ ဝီကီပီးဒီးယား အကြောင်းကို ဖတ်ရှုပေးပါ။ ဘယ်လို ပါဝင်ပံ့ပိုးနိုင်သလဲ![]() တည်းဖြတ်ဖို့အတွက် ကြောက်မနေပါနဲ့ – စာမျက်နှာတိုင်းနီးပါးကို မည်သူမဆို ပြင်ဆင်တည်းဖြတ်နိုင်ပါတယ်။ သင့်အနေနဲ့ အကြောင်းအရာတွေထည့်သွင်းတာ (ကိုးကားတွေနဲ့)၊ ပုံတွေတင်တာ၊ စာလုံးပေါင်းနဲ့ သဒ္ဒါအမှားတွေ ပြင်ဆင်တာ၊ ဖတ်လို့ကောင်းအောင် ပြင်ဆင်တာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ လူသစ်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒများကြောင့် အနည်းငယ် ထိတ်လန့်တတ်ကြမယ့် အစောပိုင်းမှာ အကုန်လုံးကို နားမလည်သေးပေမယ့် စိတ်ပူမနေပါနဲ့။ တည်းဖြတ်ပြင်ဆင်မှုကို သာမန်လိုပဲ သဘောထားပြီး ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့များ တစ်ခုခု မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် အခြားတည်းဖြတ်သူ တစ်ဦးဦးကနေ ပြန်လည်ပြင်ဆင်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ရှေ့ဆက်လုပ်ပါ၊ ဆောင်းပါးတစ်ပုဒ်ကို တည်းဖြတ်ပြင်ဆင်ပြီး ဝီကီပီးဒီးယားကို ကမ္ဘာ့အကောင်းဆုံး သတင်းအချက်အလက် ရင်းမြစ်ဖြစ်အောင် ကူညီလိုက်ပါ။ အကြံပြုဆွေးနွေးခြင်း – ဆောင်းပါးတိုင်းမှာ သက်ဆိုင်ရာ "ဆွေးနွေးချက်" စာမျက်နှာတွေရှိပြီး ဆောင်းပါးကို ပိုမိုကောင်းမွန်အောင် အကြံပြုဆွေးနွေးနိုင်ပါတယ်။ လှူဒါန်းမှု – ဝီကီပီးဒီးယားကို အခမဲ့အသုံးပြုနိုင်ပြီး စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းတည်းဖြတ်ပြင်ဆင်ပေးနေတာပါ။ ဒါပေမယ့် ဆာဗာတွေ ဆက်လက်အလုပ်လုပ်နိုင်ဖို့ လှူဒါန်းမှုတွေပေါ်မှာ မှီခိုနေရတာပါ။ ကျေးဇူးပြုပြီး ပရောဂျက် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကုန်ကျစရိတ်တွေအတွက် လှူဒါန်းခြင်းဖြင့် ကူညီနိုင်ပါတယ်။
အကောင့်တစ်ခုဖွင့်လိုက်ပါအမည်မဖော်ဘဲ တည်းဖြတ်လို့လဲရပါတယ်။ ဒါပေမယ့် အကောင့်တစ်ခု မှတ်ပုံတင်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေရှိပါသေးတယ်။
အခုပဲ တည်းဖြတ်တာကို စမ်းလုပ်ကြည့်ရအောင်တည်းဖြတ်ခြင်းက ဘယ်လိုနေသလဲဆိုတာကို စမ်းကြည့်နိုင်ဖို့ အောက်က "sandbox" စမ်းသပ်စာမျက်နှာတစ်ခုခုကို နှိပ်ပြီး ပြင်ဆင်ကြည့်ပါ။ စာသား အချို့ ရိုက်ထည့်ပြီး ကြည့်ရှုရ အဆင်ပြေပြီဆိုရင် ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်ပါ။ တစ်ခုခု ပျက်စီးသွားမှာကို မစိုးရိမ်ပါနဲ့။ အဲဒီစာမျက်နှာတွေက စမ်းသပ်ဖို့ လုပ်ထားတာပါ။
နောက်ကွယ်မှာ အများကြီး ရှိပါသေးတယ်ဝီကီပီးဒီးယားမှာ ဆောင်းပါးစာမျက်နှာတွေအပြင် နောက်ကွယ်မှာ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ စာမျက်နှာတွေ အများကြီး ရှိပါသေးတယ်။ WikiProjects – Special-interest editor communities
|
Portal di Ensiklopedia Dunia