အကြည်ဘန်းရွာ၊ ထီးလင်းမြို့နယ်

အကြည်ဘန်း
ရွာ
အကြည်ဘန်းရွာ
အကြည်ဘန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အကြည်ဘန်း
အကြည်ဘန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°40′23″N 94°10′22″E / 21.673059463501°N 94.1728210449219°E / 21.673059463501; 94.1728210449219ကိုဩဒိနိတ်: 21°40′23″N 94°10′22″E / 21.673059463501°N 94.1728210449219°E / 21.673059463501; 94.1728210449219
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ထီးလင်းမြို့နယ်
ကျေးရွာအုပ်စုအကြည်ဘန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အကြည်ဘန်းရွာ (အင်္ဂလိပ်: Ahkyiban)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ထီးလင်းမြို့နယ်အကြည်ဘန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၂၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အကြည်ဘန်းကျေးရွာအုပ်စုတွင် ကျား ၃၄၀ ဦး၊ မ ၄၄၃ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၃ ဦးနေထိုင်သည်။ [] ထီးလင်းမြို့နှင့် ၈ မိုင်ခန့်ဝေးကွာသည်။ ကားလမ်းမရှိသည်။ အထက်တန်းကျောင်း နှင့် ကျေးလက်ကျန်းမာရေးဌာနရှိသဖြင့် အနီးဝန်းကျင် ရွာ ဆယ်ရွာက အားကိုးရသည့်ရွာဖြစ်သည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ) တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းပေးခဲ့သည်။ [] ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက မီးရှို့ခဲ့သဖြင့် အိမ်ခြေ နှစ်ရာခန့်ရှိရွာမှာ ရွာလုံးကျွတ်နီးပါး မီး‌လောင်ပျက်စီးခဲ့ရသည်။ ကျောက်ထုမြို့မှ လာသော အင်အား ၈၀ ပါ စစ်ကြောင်း နှင့် ထီးလင်းမြို့မှ လာသော အင်အား ၁၇၀ ပါ စစ်ကြောင်း နှစ်ခုပေါင်းကာ ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ရွာသားသုံးဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ [][][]

ကိုးကား

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. (င)-ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းကျေးရွာ(၃)ရွာအား လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း၊ Ministry of Electric Power Website
  3. ထီးလင်းမြို့နယ် အကြည်ဘန်းရွာခံနှစ်ဦး အသတ်ခံရပြီး ရွာလုံးကျွတ်နီးပါးမီးရှို့ခံရ၊ ၂၀၂၃ ‌ေ ၈၊ လွတ်လပ်တဲ့အာရှအသံ RFA
  4. စစ်တပ်မီးရှို့သဖြင့် ထီးလင်းမြို့နယ် အကြည်ဘန်းရွာလုံးကျွတ်နီးပါးဆုံးရှုံး၊ ပြည်သူအချို့ ပိတ်မိ၊ ၂၀၂၃ ‌ေ ၆၊ DVB
  5. ထီးလင်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသော အကြည်ဘန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ၊ မီးလောင်ပြင်မှ ရုပ်အလောင်းသုံးလောင်းတွေ့ရှိထား၊ ၂၀၂၃ ‌ေ ၇၊ ရန်ကုန် ‌ေတ်သစ်မီဒီယာ


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya