အင်ဂျင်နီယာ နည်းပညာ![]() အင်ဂျင်နီယာ နည်းပညာ ဆိုသည်မှာ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အဦများနှင့် ၎င်းတို့၏ ဗိသုကာ၊ ဒြပ်ဝတ္ထုပစ္စည်းနှင့် ၎င်းတို့၏ဖွဲ့စည်းတည်ဆောက်ပုံများအား လူနေမှုဘဝ၊ သင်္ချာပညာ ၊ စီးပွားရေးအမြင်နှင့် အသုံးချသိပ္ပံပညာရပ်များဖြင့် တွဲစပ်၍ လူနေမှုအဖွဲ့အစည်း၌ လစ်ဟာလျက်ရှိသော လိုအပ်ချက်များအပေါ် ဘေးကင်းလုံခြုံစွာ ဖန်တီးတည်ဆောက်ပေးနိုင်သည့် အနုသုခုမ၊ စည်းမျဉ်းဥပဒေသနှင့် ကျွမ်းကျင်မှုပေါင်းစပ်ဖွဲ့တည်ထားသော အသုံးချ သိပ္ပံပညာရပ်ကို ခေါ်ဆိုသည်။ အမေရိကန် အင်ဂျင်နီယာများ အတိုင်ပင်ခံအဖွဲ့အစည်း (ECPD မူလအခေါ် (Accreditation Board for Engineering and Technology, ABET)[၁] မှဖွင့်ဆိုထားသည့် "အင်ဂျင်နီယာ နည်းပညာ" ဆိုသည်မှာ:
အင်ဂျင်နီယာ နည်းပညာအား ဆည်းပူးသင်ကြား လေ့လာဖူးသူ မည်သူမဆို အင်ဂျင်နီယာ ဟု သတ်မှတ်ခေါ်ဆိုနိုင်ပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ရရှိသော လက်မှတ်ပေါ် မူတည်ပြီး ကျွမ်းကျင် အင်ဂျင်နီယာ၊ အရည်အချင်းပြည့် အင်ဂျင်နီယာ၊ အသိအမှတ်ပြု အင်ဂျင်နီယာ၊ မာဂစ်စသရာ သို့တည်းမဟုတ် ဥရောပ အင်ဂျင်နီယာ ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ အင်ဂျင်နီယာ နည်းပညာဆိုသည်မှာ အင်ဂျင်နီယာနှင့် သက်ဆိုင်သော နည်းပညာရပ်ဝန်းတစ်ခုလုံးအား ချုံငုံမိစေရန် သတ်မှတ်သုံးနှုန်းထားသည့် အခေါ်အဝေါ်တစ်ခု ဖြစ်ပြီး ၎င်း၏အောက်၌ သီးခြားထပ်မံ၍ အသေးစိတ် စိတ်ပိုင်းထားသော အင်ဂျင်နီယာ နည်းပညာနယ်ပယ်ပေါင်း မြောက်မြားစွာ ကျန်ရှိနေပါသေးသည်။ သမိုင်းအင်ဂျင်နီယာ နည်းပညာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းကပင် တည်ရှိနေခဲ့ပြီး ၎င်းနည်းပညာအား လူသားများ အသုံးချကာ အင်ဂျင်နီယာ နည်းပညာ၏ အခြေခံတီထွင်မှုများဖြစ်သော ပူလီ၊ လီဗာ၊ ဘီး စသည့် တီထွင်ဖန်တီးမှုများအား လုပ်ဆောင်ခဲ့ကြသည်။ ထိုအရာများမှ အစပြု၍ ပိုမိုခေတ်မှီတိုးတက်သော အင်ဂျင်နီယာ နည်းပညာရပ်များနှင့် စက်မှုပစ္စည်း စွန့်ဦးတည်ထွင်မှုများ ပေါ်ပေါက်လာခဲ့ကြသည်။ အင်ဂျင်နီယာ နည်းပညာဆိုသည့် ဝေါဟာရသမိုင်းမှာ အင်ဂျင်နီယာ ဟူသော စကားလုံးမှ ခွဲဖြာဆင်းသက်လာခဲ့ပြီး ၎င်းစကားလုံး မှာ ၁၃၂၅ ခုနှစ်၌ အင်ဂျင်တည်ဆောက်သူ (အင်ဂျင် တစ်ခုအား လည်ပတ်လှုပ်ရှားစေသူ) မူလရည်ညွှန်းလိုသူ “စစ်သုံးစက်ပစ္စည်း(အင်ဂျင်) တည်ဆောက်သူ”[၅] အားရည်စူး ခေါ်ဆိုရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ “အင်ဂျင်” ဆိုသော စကားလုံး၏ ရင်းမြစ်မှာ လက်တင် စာလုံး အင်ဂျင်နီယန်(ခရစ်သက္ကရာဇ် ၁၂၅၀) မှဆင်းသက်လာခဲ့ပြီး ၎င်း၏ အဓိပ္ပာယ်မှာ “သဘာဝစွမ်းအင် (စိတ်စွမ်းအင်)ဖြင့် ထုဆစ်သော ဖန်တီးမှုလက်ရာ”ဟု အဓိပ္ပာယ်ရသည်။[၆] နောက်ပိုင်းကာလတွင် လူမှုအဖွဲ့အစည်း အဆောက်အဦများဖြစ်သော တံတားများ၊ အဆောက်အအုံများ စသည့် စစ်ဘက်တည်ဆောက်ရေးနှင့် မသက်ဆိုင်သည့် ဖွဲ့စည်းတည်ဆောက်မှု နည်းပညာများအား မြို့ပြ အင်ဂျင်နီယာ[၄]အမည်ဖြင့် ခေါ်ဆိုခဲ့ကြပြီး စစ်သုံးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုပညာရပ်အား ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာ အမည်ဖြင့် သတ်မှတ်ခေါ်ဆိုခဲ့သည်။ ခေတ်ဟောင်းကာလအလက်ဇန်းဒရီးယား၏ မီးပြတိုက်၊ အီဂျစ်နိုင်ငံတွင် ရှိသော ပိရမစ်၊ ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊ အက်ခရိုပိုလစ်ရဲတိုက်၊ ဂရိနိုင်ငံရှိ ပါသီနွန်၊ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးနှင့် အခြားအခြားသော အံ့ချီးဖွယ်ရာ ဗိသုကာလက်ရာများသည် ရှေးခေတ်ဟောင်းကာလ မြို့ပြနှင့် စစ်ဘက်အင်ဂျင်နီယာများ ကြိုးပမ်းခဲ့ကြသည့် သမိုင်းမှတ်တိုင်များ ဖြစ်သည်။ အဦးဆုံးသော မြို့ပြအင်ဂျင်နီယာပညာရှင်၏ အမည်မှာ အင်မ်ဟိုတပ် ဂရိအခေါ် "အင်းမောက်စ်" ဖြစ်ပြီး[၄]၂၆၃၀-၂၆၁၁ ဘီစီ၌[၇]အီဂျစ်နိုင်ငံ ရှိ သချိုင်းဂူများ ထားရှိရာအရပ်တွင် ဇိုဆာဘုရင်၏ ပိရမစ် (လှေကားထစ် ပိရမစ်)အား ပုံစံထုတ် ကြီးကြပ်ခဲ့သူ အဖြစ် ယုံကြည်ကြသည်။ ထို့ပြင် ၎င်းအား ဗိသုကာပညာ၏ ကော်လံ ဆိုသည်အား စတင်အသုံးပြုခဲ့သူ အဖြစ် မှတ်ယူထားကြသည်။ ရှေးဟောင်းဂရိပညာရှင်များမှလည်း မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများ ဖန်တီးခဲ့ကြပြီး အန်တီသယ်ရာ စက်ယန္တရားမှာ ပထမဆုံးသော စက်မှုကွန်ပြူတာဖြစ်သည်။[၈][၉]ထို့ပြင် အာခီးမီးဒီး၏ တီထွင်ဖန်တီးမှုများမှလည်း စက်မှု အင်ဂျင်နီယာ ပညာရပ်၏ ကနဦး ပြောင်းလဲမှု နမူနာများ ဖြစ်သည်။ တရုတ်၊ ဂရိ နှင့် ရောမစစ်တပ်များသည် ၎င်းတို့၏ စစ်ပွဲများ၌ ဘီစီ ၄ ရာစု ပတ်ဝန်းကျင်မှ ဂရိလူမျိုးများ ဖန်တီးခဲ့သော အမြောက် အစရှိသည့် ရှုပ်ထွေးနက်နဲသော စစ်သုံးယန္တရားများ သုံးစွဲခဲ့ကြပြီး[၁၀]၎င်းတို့မှ တစ်ဆင့် ရောမခေတ် စစ်သုံးရွက်လှေများ၊ လက်နက်ခဲယမ်းမီးကျောက်များ၊ လောက်လေးခွများ စသည့် အဆင့်မြင့် စစ်သုံးယန္တရားအဆင့်သို့ တက်လှမ်းခဲ့ကြသည်။ တစ်ကျော့ပြန် ခေတ်နှောင်းဝီလီယံဂေးလ်ဘတ်သည် လျှပ်စစ်ဓာတ်အား[၁၁] ဆိုသည့် စကားလုံးအား အဦးဆုံးအသက်သွင်းခဲ့သည့် ပထမဆုံး လျှပ်စစ် အင်ဂျင်နီယာ ဖြစ်သည်။ ပထမဆုံးရေနွေးငွေ့အင်ဂျင် အား ၁၆၉၈ ခုနှစ်တွင် စက်မှု အင်ဂျင်နီယာ သောမတ်ဆေးဗရီ မှ တည်ဆောက်ခဲ့သည်။[၁၂]ထို စက်ပစ္စည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများမှ အခြေခံ၍ စက်မှုခေတ်ပြောင်းတော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး အကြီးစား ထုတ်လုပ်မှု လမ်းစဉ်သို့ ကူးပေါင်းနိုင်ရန် ဦးတည်နိုင်ခဲ့သည်။ ၁၈ ရာစု၌ မြင့်အားတိုးတက်လာသော အင်ဂျင်နီယာ နည်းပညာရပ်နှင့် အတူ အင်ဂျင်နီယာ နည်းပညာဆိုသော စကားလုံး အသုံးအနှုန်း မှာလည်း အသုံးချသိပ္ပံနှင့် သင်္ချာပညာရပ်အပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပို၍ အသေးစိတ် ကျဉ်းမြောင်း သွားခဲ့သည်။ ထိုနည်းတူစွာပင် စစ်ဘက်ဆိုင်ရာနှင့် မြို့ပြ အင်ဂျင်နီယာ ပညာရပ်များတွင်လည်း မက္ကင်းနစ်ပညာ ဟူ၍ သီးခြား ကွဲထွက် ဖြစ်တည်လာခဲ့သည်။ မျက်မှောက်ခေတ်ကာလ![]() ၁၈၀၀ ပြည့်နှစ်၌ လျှပ်စစ် အင်ဂျင်နီယာ ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့် အလက်ဇန္ဒြို ဗော်လ်တာ ၏ စမ်းသပ်မှုပေါ် အခြေခံ၍ မိုက်ကယ် ဖာရာဒေး၊ ဂျော့ ဆိုင်မွန် အုမ်း နှင့် အခြားသူများမှ လျှပ်စစ်မော်တာ အား ၁၈၇၂ ခုနှစ်တွင် တီထွင်ဖန်တီးခဲ့ကြသည်။ ၁၉ ရာစုနှောင်းပိုင်း၌ ဂျိမ်းစ် မက်စ်ဝဲ နှင့် ဟင်းနရစ် ဟဒ်ဇ် တို့မှ အီလက်ထရွန်းနစ် နည်းပညာအား မြှင့်တင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြပြီး၊ ၎င်း၏ နောက် တီထွင်မှုများဖြစ်သည့် လေဟာနယ်ပြွန်၊ ထရန်စစ်စတာ တို့မှ အီလက်ထရောနစ် နယ်ပယ်အား ပို၍ အရှိန်အဟုန်မြှင့် တိုးတက်စေခဲ့ပြီး ၎င်း လျှပ်စစ်နှင့် အီလက်ထရောနစ် ကဏ္ဍ၏ တိုးတက်မှု ပမာဏမှာ အခြားသော အင်ဂျင်နီယာ နည်းပညာ ကဏ္ဍများထက်ပို၍ မြင့်မားသော အဆင့်၌ ရပ်တည်နေခဲ့သည်။[၄] သောမတ်ဆေးဗရီ နှင့် စကော့တလန် အင်ဂျင်နီယာ ဂျိမ်းစ်ဝက်ဘ် တို့၏ တည်ထွင်ဖန်တီးမှုမှနေ၍ စက်မှု အင်ဂျင်နီယာ နည်းပညာကဏ္ဍအားလည်း မြင့်တက်စေခဲ့သည်။ အထူးပြုလုပ် စက်ပစ္စည်းများနှင့် ၎င်းတို့၏ ကိရိယာများ တိုးတက်ဖြစ်ထွန်းမှုမှာ စက်မှုခေတ်ပြောင်း တော်လှန်ရေး ဖြစ်ပွားရာမှ အစပြု၍ ဗြိတိန်နှင့် အခြားသော ပြည်ပနိုင်ငံများတွင် စက်မှု အင်ဂျင်နီယာ ပညာရပ်အား အရှိန်အဟုတ်ဖြင့် တိုးတက်ဖြစ်ထွန်းစေရန် ပံ့ပိုးပေးခဲ့သည်။[၄] ဓာတု အင်ဂျင်နီယာ ဆိုသည်မှာလည်း စက်မှုခေတ်ပြောင်း တော်လှန်ရေးဖြစ်ပွားခဲ့သည့် ၁၉ ရာစုကာလအတွင်း၌ စက်မှု အင်ဂျင်နီယာ နှင့် အတူ ပေါ်ပေါက်လာခဲ့သည့် နည်းပညာရပ်ဝန်းတစ်ခု ဖြစ်သည်။[၄]စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော ထုတ်ကုန်လုပ်ငန်းများမှာ ကုန်ပစ္စည်းအသစ်နှင့် လုပ်ထုံးလုပ်နည်း လမ်းစဉ်အသစ် များအား အစဉ်သဖြင့် ငတ်မွတ်နေကြသည့်အပြင် မြင့်မားများပြားသော ဓာတုထုတ်ကုန်များ ဖန်တီးနိုင်လိုမှုကြောင့် ထုတ်ကုန်လုပ်ငန်း မြင့်မားတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်စေမည့် ဓာတုနည်းပညာ နယ်ပယ်အား ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ [၄]ထို့ကြောင့် ဓာတု အင်ဂျင်နီယာဆိုသည်မှာ ဓာတုလုပ်ငန်းနှင့် သက်ဆိုင်သော ပုံစံထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု လမ်းစဉ်အတွက် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်ပါဝင်လာခဲ့သည်။[၄] လေကြောင်း အင်ဂျင်နီယာ နည်းပညာ ဘာသာရပ်မှာ လေယာဉ်တည်ဆောက်မှု နည်းပညာရပ်အား ကိုယ်စားပြုပြီး အာကာသ အင်ဂျင်နီယာ ဘာသာရပ်မှာ ၎င်းထက်ပိုမိုကျယ်ပြန့်သော အာကာသလွန်းပျံယာဉ် တည်ဆောက်ရေး ပညာရပ်ထိ ကိုယ်စားပြု ဖော်ကျူးပါသည်။[၁၃]၎င်း နည်းပညာရပ်များ ပေါ်ပေါက်ခဲ့ရာ မူလရင်းမြစ်မှာ ၁၉ ရာစုနှင့် ၂၀ ရာစုကာလ လေယာဉ်မောင်း အတတ်ပညာနှင့် ၁၈ ရာစု ဆာ ဂျော့ ကေလေ၏ လုပ်ဆောင်ချက်များမှ အခြေတည်ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် လေကြောင်း အင်ဂျင်နီယာ နည်းပညာ ဘာသာရပ်၏ အစောပိုင်း သဘောတရားများမှာ လက်တွေ့ကျသောအခြေခံ ယူဆချက်များ အပေါ်တွင် အခြေပြု၍ အခြားသော အင်ဂျင်နီယာ နည်းပညာ ဘာသာရပ်များမှ ဖြစ်ထွန်းအောင်မြင်မှုများဖြင့် ပေါင်းစပ်ထားသည်။ [၁၄] အင်ဂျင်နီယာ နည်းပညာနှင့် ပတ်သတ်သည့် ပထမဦးဆုံးသော ဒေါက်တာဘွဲ့အား ၁၈၆၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ် မှ ဝေးလ်လဒ် ဂတ်ဘ်စ် အားချီးမြှင့်ခဲ့သည်။ ၎င်းဘွဲ့မှာ သိပ္ပံပညာနှင့် ပတ်သတ်၍ အမေရိကန်နိုင်ငံတွင် ဒုတိယအကြိမ်မြောက် ချီးမြှင့်သည့် ဒေါက်တာဘွဲ့လည်း ဖြစ်သည်။[၁၅] ရိုက်စ် ညီနောင်၏ အောင်မြင်စွာ ပျံသန်းနိုင်မှုအပေါ် အခြေခံ၍ ၁၉၂၀ ပြည့်နှစ်၌ လေကြောင်း အင်ဂျင်နီယာ နည်းပညာရပ်၏ အပြောင်းအလဲ တစ်ခုဖြစ်သည့် ပထမကမ္ဘာစစ် စစ်သုံးလေယာဉ်များအား တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၌ ကွန်ပြူတာ နည်းပညာ မြင့်တက်လာမှုနှင့် အတူ ပထမဆုံး ရှာဖွေရေး အင်ဂျင် အား ကွန်ပြူတာ အင်ဂျင်နီယာ အဲလန်း အမ်းတေ့ခ်ျမှ တီထွင်နိုင်ခဲ့သည်။ အင်ဂျင်နီယာ နည်းပညာ၏ ပင်မဘာသာရပ်များအင်ဂျင်နီယာ နည်းပညာသည် အခြားသော သိပ္ပံပညာရပ်များ ကဲ့သို့ပင် ကဏ္ဍခွဲပေါင်း မြောက်မြားစွာ ပါဝင်ပြီး ၎င်းကဏ္ဍခွဲများ အတွင်း၌ပင်လျှင် ထပ်မံစိတ်ပိုင်းထားသော သီးခြားကဏ္ဍခွဲပေါင်း မြောက်မြားစွာ တည်ရှိနေပါသည်။ ကဏ္ဍခွဲ အသီးသီးမှာ ကွဲပြားခြားနားသော အင်ဂျင်နီယာ နည်းပညာနယ်ပယ်ကို ကိုယ်စားပြုပြီး အင်ဂျင်နီယာ မျိုးဆက်သစ်များမှာ ကွဲပြားခြားနားသော ၎င်းနည်းပညာ နယ်ပယ်များ အတွင်းမှ နယ်ပယ်စိတ် တစ်ခုချင်းစီအတွင်းသို့ ချဉ်းနင်းဝင်ရောက် လေ့လာကြရသည်။ အင်ဂျင်နီယာ နည်းပညာ နယ်ပယ်၌ ဖော်ပြခဲ့သည့်အတိုင်း ကဏ္ဍခွဲပေါင်း မြောက်မြားစွာ ပါဝင်နေသော်လည်း အဓိကကျသော အင်ဂျင်နီယာ နယ်ပယ်ကြီးမှာ အောက်ဖော်ပြပါအတိုင်း လေးခုသာလျှင်ရှိသည်။ [၁၆][၁၇]
၎င်း ပင်မဘာသာရပ်များ မတိုင်မီ ရှေးယခင်ကတည်ရှိခဲ့သည့် အင်ဂျင်နီယာ ပညာရပ်၏ အဓိက ကဏ္ဍခွဲများမှာ ရေကြောင်းအင်ဂျင်နီယာနည်းပညာနှင့် ဓာတ်သတ္ထုတူးဖော်ရေးနည်းပညာဆိုသည့် ပညာရပ် နယ်ပယ်နှစ်ခုဖြစ်သည်။ မျက်မှောက်ခေတ် နည်းပညာနယ်ပယ်၌ ထပ်ပေါင်းပါဝင်လာသည့် အင်ဂျင်နီယာ နည်းပညာရပ်များမှာ ကုန်ထုတ်လုပ်ငန်း၊ အာကာသပညာ၊ ဗိသုကာနှင့် နူးကလီးယား အင်ဂျင်နီယာဆိုသည့် ပညာရပ်နယ်ပယ်များ ဖြစ်ကြသည်။ ဖော်ပြပါ အင်ဂျင်နီယာ နည်းပညာ၏ ပင်မဘာသာရပ်များမှာ တစ်ခုနှင့် တစ်ခု ရပ်တည်မှု ကွဲပြား သော်လည်း သိပ္ပံပညာရပ် နယ်ပယ်၌ ရူပဗေဒ၊ ဓာတုဗေဒနှင့် သင်္ချာ ဘာသာရပ်များအမှာ ထပ်တူကျသည့် အခြေခံပညာရပ်နယ်ပယ်များ အဖြစ်လည်း တည်ရှိနေပါသေးသည်။ အခြေခံသဘောတရား![]() အင်ဂျင်နီယာများသည် ရူပဗေဒ သိပ္ပံနှင့် သင်္ချာ နည်းပညာရပ်များအား အသုံးချပြီး ပြဿနာရပ်များအတွက် သင့်တော်သော ဖြေရှင်းချက်အား ရှာဖွေရသကဲ့သို့ ရည်မှန်းချက် ပြည့်မှီနိုင်စေမည့် တိုးချဲ့လုပ်ဆောင်မှုများ အားလည်း ဖန်တီးကြရသည်။ ထို့အပြင် မျက်မှောက်ခေတ် အင်ဂျင်နီယာများမှာ သက်ဆိုင်ရာ သိပ္ပံဘာသာရပ်များ၌ ပြည့်ဝစွာ နားလည်သိရှိထားရန် လိုအပ်သကဲ့သို့ မိမိလေ့လာမှု အတွက် ပံ့ပိုးမှုပေးမည့် အသစ်အသစ်သော လေ့လာဖွယ်ရာများကိုလည်း မျက်ခြေမပျက် လေ့လာထားကြရန် လိုအပ်ပါသည်။ အကယ်၍ ရွေးချယ်စရာများ များပြားလာပါက အင်ဂျင်နီယာများ အနေဖြင့် လိုလားချက်နှင့် အနီးစပ်ဆုံး ထပ်တူကျမည့် အရာအား ရွေးချယ်ရန်နှင့် ရလဒ်ကောင်းမည့် ရွေးချယ်မှုအား စဉ်းစားချင့်ချိန်နိုင်ရန် လိုအပ်ပါသည်။ အမှားအယွင်း အတိမ်းအစောင်း မခံသော လုပ်ငန်းဆောင်တာများ၌ အင်ဂျင်နီယာ တစ်ယောက်သည် ရလဒ်ကောင်းမည့် ပြင်ဆင်မှုအား တိကျနားလည်စွာဖြင့် ရွေးချယ်နိုင်ရန် လွန်စွာ အရေးကြီးသည်။ အကယ်၍ လိုလားချက်မှာ နည်းပညာပိုင်းဖြင့် ကြည့်လျှင် ရလဒ်ကောင်းမည့် ထုတ်ကုန်တစ်ခု မရရှိနိုင်ဟု နားလည်ထားသည့်တိုင် လိုအပ်ချက်နှင့် နီးစပ်မည့် ရလဒ်တစ်ခု ဖြစ်နိုင်စေရန် စီမံနိုင်ဖို့ လိုသည်။ အင်ဂျင်နီယာ တစ်ယောက် စဉ်းစားချင့်ချိန်ရမည့် ကန့်သတ်ချက်များထဲတွင် ငွေ/လူ/ပစ္စည်း စသည့် အင်အားအရင်းအမြစ်များ၊ အကြမ်းခံနိုင်မှု၊ စိတ်ကူးဉာဏ်၊ သို့တည်းမဟုတ် နည်းပညာ ကန့်သတ်ချက်များ၊ အနာဂတ်ကာလ အဆင့်မြှင့်တင်ရေးအတွက် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ အခြားအကြောင်းအရာများ ဖြစ်သော လိုအပ်ချက်အတွက် ကုန်ကျစရိတ်၊ လုံခြုံရေး၊ စီပွားရေးဈေးကွက်၊ ထုတ်လုပ်နိုင်မှုစွမ်းရည် နှင့် ပံ့ပိုးကူညီပေးနိုင်မှု စသည့် အကြောင်းအရာများ ပါဝင်သည်။ ဖော်ပြပါ ကန့်သတ်ချက်များအား နားလည်သိရှိထားခြင်းဖြင့် အင်ဂျင်နီယာတစ်ယောက် အနေဖြင့် မိမိရည်မှန်းထားသော လုပ်ငန်းဆောင်တာ အတွက် အလားအလာရှိနိုင်မည့် ရလဒ်ကောင်းများအား စီမံပြုလုပ်နိုင်ပါလိမ့်မည်။ ကိုးကားကျမ်း
|
Portal di Ensiklopedia Dunia