အင်ဒိုရာလာဗီလာမြို့

အင်ဒိုရာလာဗီလာမြို့
Andorra la Vella
မြို့တော်
မြောက်ဘက်တောင်တန်းမှ မြင်ကွင်း
မြောက်ဘက်တောင်တန်းမှ မြင်ကွင်း
အင်ဒိုရာလာဗီလာမြို့၏ အလံတော်
အလံတော်
အင်ဒိုရာလာဗီလာမြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
အင်ဒိုရာနိုင်ငံတွင်း မြို့တော်တည်နေရာ
အင်ဒိုရာနိုင်ငံတွင်း မြို့တော်တည်နေရာ
ကိုဩဒိနိတ်: 42°30′N 1°31′E / 42.500°N 1.517°E / 42.500; 1.517
နိုင်ငံအင်ဒိုရာနိုင်ငံ
စီရင်စုအင်ဒိုရာလာဗီလာ
တည်ထောင်၈ ရာစု
မြို့တော်အဖြစ်၁၂၇၈
အစိုးရ
 • မြို့တော်ဝန်David Astrié Padilla (Democrats for Andorra)
ဧရိယာ
 • မြို့တော်၁၂ စတုရန်းကီလိုမီတာ (၅ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၀၂၃ မီတာ (၃၃၅၆ ပေ)
လူဦးရေ (၂၀၁၁)[]
 • မြို့တော်၂၂၂၅၆
 • သိပ်သည်းမှု၁၉၀၀/km (၄၈၀၀/sq mi)
 • မြို့ပြကြီး၁၄၅၆၅၅၄၇
အချိန်ဇုန်CET (UTC+1)
 • နွေရာသီ (DST)CEST (UTC+2)
စာပို့သင်္ကေတAD500
ဝက်ဘ်ဆိုဒ်andorralavella.ad

အင်ဒိုရာလာဗီလာမြို့ (အသံထွက် [anˈdɔra la ˈβeʎa]၊ ကတ်တလန်: Andorra la Vella; စပိန်: Andorra la Vieja; ပြင်သစ်: Andorre-la-Vieille) သည် အင်ဒိုရာနိုင်ငံ ၏ မြို့တော် နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ပြင်သစ်နှင့် စပိန်ကြားတွင် ရှိသော ပီးရနီးစ်တောင်တန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ မြို့တော် ဝန်းကျင်စီရင်စုကိုလည်း အင်ဒိုရာလာဗီလာ ဟုခေါ်သည်။

နာမည်

မြို့တော်ကို အင်ဒိုရာမင်းသားအုပ်ချုပ်ခံနိုင်ငံ အားလုံးနှင့် ခွဲခြားရန် "အင်ဒိုရာ၏မြို့" အဓိပ္ပာယ်နှင့် အင်ဒိုရာလာဗီလာ ဟုခေါ်သည်။ [] ကက်တလန်ဘာသာစကားတွင် vella စကားလုံး သည် French vieille ကဲ့သို့ "ဟောင်းသော" အဓိပ္ပာယ်ရ လက်တင်စကားလုံး vetula စကားလုံးမှ ဆင်းသက်လာသော်လည်း မြို့နာမည်တွင်သုံးထားသော vella သည် "မြို့" အဓိပ္ပာယ်ရလက်တင်စကားလုံး villa ( French ville နှင့် Catalan vila ကဲ့သို့ ) မှဆင်းသက်လာသည်။ []

သမိုင်း

Sant Andreu ဘုရားကျောင်း

အင်ဒိုရာလာဗီလာ မြို့တည်နေရာသည် ခရစ်ယာန်ခေတ် မတိုင်မီကတည်းက အခြေချနေထိုင်ခဲ့သည်။ အထူးသဖြင့် ကျောက်ခေတ်သစ် အင်ဒိုဆင် (Andosin) မျိုးနွယ်စုအခြေချခဲ့သည်။ အင်ဒိုရာလာဗီလာမြို့နယ်သည် ရှစ်ရာစုတွင် ရှာလမိန်းဘုရင်တော်ကြီး အိုင်ဘီးရီးယားကျွန်းဆွယ် ရှိ မူအားလူမျိုး (Moors)များနှင့် ကြားမှခံနေရန်ပြည်နယ်အဖြစ် ဖန်တီးခဲ့သည်။ []

၁၂၇၉ ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံနှင့် စပိန်ကက်သလစ်အသင်းတော် နှစ်ဘက် ပူးတွဲမင်းသားများ အင်ဒိုရာလာဗီလာမြို့ကို အုပ်စိုးရန် သဘောတူညီ၍ အင်ဒိုရာ ပူးပေါင်းအချုပ်အခြာအာဏာရရှိခဲ့သည်။ အင်ဒိုရာလာဗီလာ၏ မြို့ဟောင်းဖြစ်သော ဘာရီအန်တစ် (Barri Antic) ရပ်ကွက်မှာ ဤ ၁၃ ရာစု မှ ဆောက်ထားသော အဆောက်အအုံများ တွေ့ရှိနိုင်သည်။ အထင်ရှားဆုံး အဆောက်အဦမှာ ၁၅၈၀ ခုနှစ် ဆောက်ပြီး ၁၇၀၂ ခုနှစ်မှ စတင်၍ နို်င်ငံ၏ ပါလီမန်လွှတ်တော်အိမ်အဖြစ် သုံးသော ဗောရဲတိုက် ဖြစ်ပါသည်။ အင်ဒိုရာလာဗီလာမြို့သည် ဤသို့ ပူးပေါင်းအချုပ်အခြာအာဏာရှိပြီး အထီးကျန်ပဒေသရာဇ်နိုင်ငံတစ်ခု၏ မြို့တော်ဖြစ်ခဲ့သည်။

နှစ်ဆယ်ရာစုအထိ အင်ဒိုရာလာဗီလာမြို့အနီးနားဧရိယာသည် မေ့လျော့နေခဲ့သည်။ ၁၉၃၀ ခုနှစ်မှတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကြောင့် အလွတ်သဘော ဒီမိုကရေစီ စတင် ဖြစ်ထွန်းလာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတူလက်ခံပြီး ပါလီမန်ဒီမိုကရေစီစနစ်နှင့် အင်ဒိုရာလာဗီလာမြို့မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ရုံးချုပ်များကို ရုံးစိုက်ခဲ့သည်။။

ထို့နောက် အင်ဒိုရာလာဗီလာမြို့အနီးမှာ နှင်းလျှောစီးရန် ပစ္စည်းပစ္စယအဆောက်အဦများကိုလည်း ဆောက်ပြီး ၂၀၁၀ ကြင်းပမည့်၂၃ မြောက် ဆောင်းရာသီအိုလံပစ် ပွဲတော် အတွက် လျှောက်ထားခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသည် အင်ဒိုရာလာဗီလာကို မရွေးချယ်ခဲ့ပါ။

ပထဝီ

အင်ဒိုရာလာဗီလာ သည် အင်ဒိုရာနိုင်ငံ၏ အနောက်တောင်ဘက်တွင်တည်ရှိသည်။[] ပင်လယ်ရေမျက်နှာပြင်အထက် ၃၃၅၆ ပေ (၁၀၂၃ မီတာ) တွင် ရှိသည်။

အင်ဒိုရာလာဗီလာစီရင်စုသည် အင်ဒိုရာလာဗီလာ၊ လာမာဂျင်နဲဒါ နှင့် ဆန်တာကိုလိုမာ ရွာ (၃) ရွာ ခွဲခြမ်းထားသည်။

လူဦးရေး

အင်ဒိုရာလူမျိုးများက လူဦးရေ၏ သုံးပုံတစ်ပုံ (၃၃%) သာရှိကြပြီး မြို့မှာ နေထိုင်သူ အများစုမှာ စပိန်လူမျိုး (၄၃%) ပြစ်သည်။ အခြား ထင်ရှားသော လူနည်းစုများမှာ ပေါ်တူဂီ (၁၁%) နှင့် ပြင်သစ်လူမျိုး (၇%) တို့ဖြစ်သည်။ နေထိုင်သူအများစုမှာ ရိုမန်ကက်သလစ်ဘာသာဝင်များ ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ဤမြို့က လူဦးရေ ၂၀၄၃၀ ရှိခဲ့သည်။၊[] အယ်စကလာဒယ်စ် အန်ဂေါ်ဒါနီစီရင်စု (Escaldes–Engordany) နှင့် အခြား အနီးအနားရွာများအပါ မြို့ပြပတ်ဝန်းကျင် လူဦးရေ ၄၀၀၀၀ ကျော်ရှိသည်။

စီးပွားရေးနှင့် အခြေခံအဆောက်အအုံ

အင်ဒိုရာလာဗီလာသည် နိုင်ငံ၏ စီးပွားရေးဗဟိုမြို့တော်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၈၀% သည် နှစ်စဉ် အင်ဒိုရာလာဗီလာသို့လာရောက်သော ခရီးသည် သိန်း ၁၀၀ ခန့် များမှာ ရရှိသည်။[] အင်ဒိုရာသည် အခွန်ကွန်းခိုရာနိုင်ငံ အဖြစ် ဖွံ့ဖြိုးခဲ့ပြီး အင်ဒိုရာလာဗီလာမြို့မှာ ခေတ်မီဘဏ်လုပ်ငန်းရုံးများ ဆောက်လုပ်ခဲ့သည်။ အင်ဒိုရာနိုင်ငံသည် ဥရောပသမဂ္ဂ (EU) ၏ အဖွဲ့ဝင်မဟုတ်သော်လည်း EU နှင့် အကောက်ခွန်အစီအစဉ် ရှိပြီး ယူရိုငွေကို အသုံးပြုသည်။

ကိုးကား

  1. Andorra။ 2015-02-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-02-16 တွင် ပြန်စစ်ပြီး။
  2. Andorra la Vella | enciclopèdia.cat (in ca)။ 2018-09-23 တွင် ပြန်စစ်ပြီး။ “"El sobrenom la Vella, és a dir, la vila, li fou afegit posteriorment per tal de distingir la vila del conjunt del territori homònim i potser també per a subratllar-ne la capitalitat"”
  3. Andorra (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 1988။
  4. History of the Principality of Andorra။ Andorramania.com (1997-12-11)။ 2010-06-27 တွင် ပြန်စစ်ပြီး။
  5. NGA: Country Files။ Earth-info.nga.mil။ 2012-05-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-27 တွင် ပြန်စစ်ပြီး။
  6. https://worldpopulationreview.com/cities/andorra
  7. CruisesOnly - About Cruising - Cruise Advice။ Nlgsolutions.com။ 2010-06-27 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya