အထက ဂွေးကုန်း
အခြေခံပညာအထက်တန်းကျောင်း၊ ဂွေးကုန်း(အထက-ဂွေးကုန်း)သည် အေးချမ်းသာယာရပ်ကွက်၊ ဂွေးကုန်းရွာ တံတားဦးမြို့နယ်တွင် တည်ရှိသည်။ သမိုင်းကြောင်း၁၉၆၂ မှ ၁၉၉၈ အထိ အခြေခံပညာမူလတန်းကျောင်း (ဂွေးကုန်း)၊ ၁၉၉၈ မှ ၂၀၀၈ အထိ တွဲဘက် အထက်တန်းကျောင်း (ဂွေးကုန်း)၊ ၂၀၀၈ မှ ၂၀၁၇ အထိ ခွဲ အထက်တန်းကျောင်း(ဂွေးကုန်း) နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ဂွေးကုန်း) သို့ တိုးမြှင့်ပြောင်းလဲခဲ့သည်။[၁]
ကျောင်းသားနှင့်ဆရာဦးရေ၂၀၂၃ ခုနှစ် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အစီရင်ခံစာအရ အထက ဂွေးကုန်းတွင် ကျောင်းသားစုစုပေါင်း ၄၂၀ နီးပါးရှိပြီး ဆရာ/မ အင်အား ၁၉ ယောက်ရှိသည်။ ကျောင်းသား ဆရာအချိုး ၁:၂၂ ဖြစါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုနှုန်းမှာ တစ်နှစ်တွင် ၂၅%ခန့်သာရှိပြီး တက္ကသိုလ်ဝင်တန်းကျောင်းသူ/ သားဦးရေမှာ တစ်နှစ်တွင် ၆၀ ဝန်းကျင်ရှိသည်။[၂] ကျောင်းအကျယ်အဝန်းနှင့် အဆောက်အဦးများအထက ဂွေးကုန်းသည် ၅.၄၈ ဧက အကျယ်ဝန်းရှိသော ဂွေးကုန်းတောင်ပိုင်းမြေပြန့်တွင် တည်ရှိသည်။ ကျောင်းအဆောက်အဦးများမှာ နှစ်ထပ်ကျောင်းဆောင်မရှိချေ။ တစ်ထပ်ကျောင်း အခန်းတွဲများသာရှိပြီး အထကကျောင်းများထဲတွင် အဆောက်အဦးစနစ် နိမ့်ကျသည်။ ၂၀၁၃ တွင် ဆောက်လုပ်သော ပညာသီရိကျောင်းဆောင်သစ် (၄ ခန်းတွဲ၊ အကျယ် ၂၅ပေ)၊ ၁၉၉၈တွင် ဆောက်လုပ်သော ပင်လုံကျောင်းဆောင်၊ ၁၉၉၁တွင် ဆောက်လုပ်သော နဝရတ်ကျောင်းဆောင်၊ စိန်ပန်းဆောင်၊ မူလတန်းကျောင်းဆောင်များ၊ ၂၀၁၇တွင် ဆောက်လုပ်သော ပါရမီကျောင်းဆောင်၊ ကျောင်းစာကြည့်တိုက်၊ ပစ္စည်းသိုလှောင်ခန်း၊ ဆရာကျောင်းဆောင်၊ ကင်းတဲများ စသည့် စုစုပေါင်း အဆောက်အဦး ၁၀ ခု ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia