တံတားဦးမြို့နယ်
တံတားဦးမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တံတားဦးမြို့ ဖြစ်သည်။ နယ်မြေ ၃ ခု၊ ကျေးရွာအုပ်စု ၆၁ စုနှင့် ကျေးရွာပေါင်း ၁၆၄ ရွာ ရှိသည်။ သမိုင်းကြောင်းတံတားဦးမြို့နယ်သည် ပုဂံခေတ်က လယ်တွင်းကိုးခရိုင်တ့င် ပါဝင်ခဲ့ပြီး သက္ကရာဇ် (၃၉၂)တွင် အနော်ရထာမင်း ဆည်ဖို့ခဲ့သော ပြူကန် ကန်တော်ကြီးနှင့် မင်းဝံတောင်ညွန့်အောင်မြေကုန်းတွင် တည်ထားခဲ့သော ကျန်စစ်သားမင်း၏ ထီးလှိုင်ရှင်ဘုရားတို့ တည်ရှိရာဒေသဖြစ်သည်။ မြန်မာ့သမိုင်းရှိ ပင်းယနှင့်အင်းဝတို့တည်ရှိရာ ဒေသလည်းဖြစ်သည်။ ပင်းယမြို့ကို သက္ကရာဇ် (၆၇၄)တွင် တစ်စီးရှင်သီဟသူ တည်ခဲ့ပြီး မြို့သက်၅၃နှစ်၊ မင်းဆက်၆ဆက်တွင် မြို့ပျက်သုဉ်းခဲ့ကာ ယခုအခါတွင် တံတားဦးမြို့၏တောင်ဘက် ၃ဖာလုံအကွာတွင် ပန်းယျရွာအဖြစ်တည်ရှိသည်။ အင်းဝမြို့ကို သက္ကရာဇ် ၇၂၆တွင် သတိုးမင်းဖျားတည်ခဲ့သည်။ ပုဂံနှင့် ပင်းယခေတ်ကျောက်စာများတွင် တံတားဦးဟူသော ဝေါဟာရကို တွေ့နိုင်သည်။ အင်းဝဒုတိယမင်းခေါင်လက်ထက်တွင် ချောင်း၊ မုယင်းစပါးစိုက်လယ်၊ ကန်၊ မင်းဝံတောင်ညွန့်နှင့် ဈေးတည်းဟူသော ပဉ္စနိဂုံးရွာ၏ အင်္ဂါ၅ရပ်ပြည့်စုံသောအရပ်ဖြစ်သဖြင့် မင်္ဂလာစေတီတော်ကို တည်ခဲ့သည်။ ရဟန်းစာဆို ၂ ပါးဖြစ်သော ရှင်မဟာရဋ္ဌသာရနှင့် ရှင်မဟာ သီလဝံသတို့က မင်္ဂလာစေတီ တည်ထားပုံကို 'တံတားဦးတည်မော်ကွန်း'ဖြင့်မှတ်တမ်းတင်ခဲ့၍ တံတားဦးသည် အနယ်နယ်အရပ်ရပ်တွင် ထင်ရှားလာသည်။ မြန်မာသက္ကရာဇ် (၁၀၉၁)ခုနှစ် တနင်္ဂနွေမင်းလက်ထက် မြို့ရွာဖွဲ့စည်းပုံ တင်သွင်းသောစာတမ်းတွင် တံတားဦးမြို့သည် တောင်ဘက်တိုက် ၁၉ မြို့တွင် ပါဝင်ခဲ့သည်။ စလင်းမြို့စားကြီးဦးအို တည်ဆောက်ခဲ့သော အရှည်တာ ၄၀၀ကျော်၊ အကျယ်၂၁ တောင်ရှိ မဟာဇေယျပထအုတ်တံတား၏ထိပ်တွင် တည်ရှိ၍ တံတားဦးဟုခေါ်တွင်သည်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနမှ တံတားဦးမြို့အဖြစ်သတ်မှတ်ခဲ့ကာ ၁၉၇၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် မြို့နှင့် ကျေးရွာများကို သတ်မှတ်ပေးခဲ့သည်။[၂] ![]() ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၃မိနစ် ၅၉စက္ကန့်နှင့် ၂၁ဒီဂရီ ၂၇မိနစ် ၄စက္ကန့် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၄၉မိနစ် ၄၇စက္ကန့်နှင့် ၉၆ဒီဂရီ ၄မိနစ် ၂၁စက္ကန့် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့၁၅မိုင်၊ တောင်မှမြောက်သို့ ၃၅မိုင်ရှည်လျားပြီး ဧရိယာစတုရန်းမိုင် ၃၆၃.၉၉ကျယ်ဝန်းသည်။။[၂] နယ်နိမိတ်တံတားဦးမြို့နယ်၏ အရှေ့ဘက်တွင် ကျောက်ဆည်မြို့နယ်၊စဉ့်ကိုင်မြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ငါန်းဇွန်မြို့နယ်နှင့် မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်များဖြင့် ထိစပ်နေသည်။ အရှေ့မြောက်ဘက်တွင် ဒုဌဝတီမြစ်ခြားကာ အမရပူရမြို့နယ်နှင့်အနည်းငယ်ထိစပ်နေသည်။ မြေမျက်နှာသွင်ပြင်တံတားဦးမြို့နယ်သည် ဧရာဝတီမြစ်ဝှမ်း၊စမုံမြစ်ဝှမ်း၊ဇော်ဂျီမြစ်ဝှမ်းတို့ကြားတွင် တည်ရှိ၍ မြေပြန့်လွင်ပြင်ဖြစ်ကာ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၅၀နှင့် ၃၀၀အကြားတွင်ရှိသည်။ မြစ်ချောင်းများနည်းပါးပြီး ဧရာဝတီမြစ်မှာ မြို့နယ်၏မြောက်ဘက်တစ်လျှောက်စီးဆင်းနေသည်။ လူဦးရေတံတားဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ကရင်နှင့် အခြားတိုင်းရင်းသားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၂] စီးပွားရေးတံတားဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ထို့အပြင် မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများဖြစ်ပြီး မန္တလေးမြို့သို့ အဓိကထား ရောင်းချသည်။ နိုင်ငံပိုင် ဝါကြိတ်ခွဲအလုပ်ရုံ ၁ရုံနှင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ၃၇၁ခုရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးတံတားဦးမြို့နယ်သည် ကပ်လျက်မြို့နယ်အားလုံးသို့ လွယ်ကူစွာသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မန္တလေးမြို့၏အဓိကလေဆိပ်ဖြစ်သော မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ဤမြို့နယ်အတွင်း(သဲမောင်းကန်ကျေးရွာ၊တံတားဦး)တွင် တည်ရှိသည်။ လေဆိပ်မှ မန္တလေးသို့ ရန်ကုန်-မန္တလေးအမြန်လမ်း၏ လမ်းအဆက်ဖြင့် တိုက်ရိုက်ရောက်ရှိနိုင်သကဲ့သို့ ပလိပ်-တံတားဦးလမ်းမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်း(လမ်းဟောင်း)အတိုင်း စဉ့်ကိုင်မြို့နယ်ကို ဖြတ်ကာ ရောက်ရှိနိုင်သည်။ အမှတ်(၁၇) ပြည်ထောင်စုလမ်းမကြီးသည်လည်း တံတားဦးမြို့မှ စတင်ပြီး မြို့သာ ကို ဖြတ်၍ မြင်းခြံမြို့ ထိ သွားရောက်နိုင်သည်။ ၎င်းလမ်းမကြီးသည် တံတားဦးမှ မြင်းခြံအထိ ၄၈ မိုင်ရှည်လျားပြီး တံတားဦးမှ အနောက်ဘက်ရှိ ဂွေးကုန်း ထိ ၁၃ မိုင်ရှိပြီး မြို့နယ်အတွင်းဖြတ်သန်းသွားခြင်းဖြစ်သည်။ မန္တလေး-ပုဂံရထားလမ်းပိုင်းသည် မြို့နယ်အတွင်း ၁၇ မိုင်ခန့် ဖြတ်သန်းသွားသည်။ မီးရထားဖြင့် အနောက်ဘက်ရှိ ဂွေးကုန်း၊မြို့သာနှင့် မြင်းခြံမြို့များသို့ သွားရောက်နိုင်သည်။ မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများမှာ ၁ ရန်ကုန်-ပြည်-မန္တလေးလမ်း(အင်းဝပိုင်း) ၂ ရန်ကုန်-မန္တလေးအမြန်လမ်း ၃ အမှတ်(၁၇) ပြည်ထောင်စုလမ်းမကြီး ၄ ထနောင်းကိုင်း-ငါန်းဇွန်လမ်း ၅ တံတားဦး-ဆီမီးခုံလမ်း ၆ တံတားဦး-နွားထိုးကြီး ခရိုင်ချင်းဆက်လမ်း ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၆ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၃ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ထင်ရှားသောနေရာများဘုရား/စေတီများ
သမိုင်းဝင်နေရာများ
ကိုးကား
|
Portal di Ensiklopedia Dunia