အန်းနက်ဂရတ် ခရမ့်ခါရန်ဘောယာ

ခရမ့်ခါရန်ဘောယာ (၂၀၁၆)

အန်းနက်ဂရတ် ခရမ့်ခါရန်ဘောယာ (၁၉၆၂ ဩဂုတ် ၉ ဘွား) သည် အမည်အတိုကောက် အေကေကေ (AKK) ဖြင့် ထင်ရှားသည့် ဂျာမနီနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၉ ခု၊ ဇူလိုင်လမှစ၍ တာဝန်ထမ်းဆောင်သည်။ သူသည် ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (Christian Democratic Union) ပါတီခေါင်းဆောင် ဖြစ်၏။

၂၀၂၀ ခု၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ၂၀၂၁ ခုတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ဝင်မပြိုင်လို၍ ခရမ့်ခါရန်ဘောယာက ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာသည်။ ၂၀၂၁ ခုတွင် ကျင်းပသော ပါတီတွင်း ခေါင်းဆောင်ရွေးပွဲ၌ သူ့နေရာကို အာမင်လက်စချတ်က ယူ၏။

ခရမ့်ခါရန်ဘောယာသည် ယခင်က ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူရစဉ် ၂၀၁၁ ခုမှ ၂၀၁၈ ခုအထိ ဆာလန်းပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ဆာလန်းအစိုးရအဖွဲ့ကို ဦးဆောင်ရသည့် ပထမဆုံး အမျိုးသမီးဖြစ်၏။ တက်ကြွသော ကတ်သလစ်ဘာသာဝင်ဖြစ်ပြီး ဂျာမန်ကတ်သလစ်များဗဟိုကော်မတီ၌ အဖွဲ့ဝင်အနေနှင့် ပါသည်။ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းရသော ဒုတိယအမျိုးသမီးတည်း။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya