အမျိုးသားပြတိုက် (ရန်ကုန်)
အမျိုးသားပြတိုက်သည် ရန်ကုန်မြို့၊ ပြည်လမ်းတွင် တည်ရှိသည်။ အမျိုးသားပြတိုက်တွင် သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာပြကွက်များကို ပြသထားသည်။ ဓာတ်ပုံရိုက်နိုင်သော ပစ္စည်းများ မယူရပါ။ ပစ္စည်းများကို locker များတွင် ထည့်ခဲ့နိုင်သည်။ ဝင်ကြေး ၁၀၀၀ကျပ် ကျသည်။ ပြတိုက်ဖွင့်ချိန် - နံနက် ၉:၃၀ မှ ညနေ ၄:၃၀ နာရီ အထိ ပြတိုက်ပိတ်ရက် - တနင်္လာနေ့ နှင့် ပြန်ထမ်းဝင်ရုံးပိတ်ရက်များ မြေညီထပ်မြေညီထပ်တွင် "မြန်မာ့အက္ခရာနဲ့လက်ရေးမူပြခန်း" ရှိသည်။ မြန်မာဗျည်းအက္ခရာများ၊ ပျူ၊ ပုဂံ၊ အင်းဝ၊ တောင်ငူ စသည့် စဉ့်ကွင်းရုပ်ကြွစာများ၊ ပျူခေတ် ကျောက်အိုးထွင်းစာများ၊ AD ဆယ့်တစ်ရာစုနှင့် ဆယ့်သုံးရာစုမှ အုတ်ခွက်စာများ၊ ကျောက်စာထွင်းထားသည့် ပန်းပုရုပ်များ၊ ဆယ့်ရှစ်ရာစုမှ မွန်ခေါင်းလောင်းစာများ၊ ကုန်းဘောင်ခေတ်စာပေမှာက ကြေးကမ္မဝါများ၊ ထန်းရွက်နှင့် ပြုလုပ်ထားတဲ့ စာချွန်တော်များကို ပြသထားသည်။
ဒုတိယထပ်ဒုတိယထပ်တွင် "မြန်မာ့သမိုင်းတင်ခေတ်ပြခန်း"ရှိသည်။ ပျူစောထီး၊ ကျန်စစ်သား၊ အနော်ရထာမင်းနဲ့ လောကနတ်ရုပ်တုတွေကို ပြသထားသည်။
တတိယထပ်တတိယထပ်တွင် တူရိယာပြခန်းရှိသည်။ စိန်ဗေဒါနှင့် မိချောင်းပုံတူရိယာ၊ တယော၊ ဘင်ဂျို၊ ပုလွေ၊ ပတ္တလား၊ ဗျပ်စောင်း၊ ဗုံတို၊ ဗုံရှည်၊ အိုးစည်၊ ဝါးလက်ခုတ် စသော မြန်မာ့တူရိယာများအပြင် ဇာတ်မင်းသားဦးဖိုးစိန်၏ ဝတ်စုံ၊ ပုလွေနှင့် နှဲ၊ ဦးဖိုးစိန်၏ ဓာတ်ပုံတို့ကို ပြသထားသည်။ မြန်မာ့ရိုးရာအသုံးအဆောင်ပစ္စည်းများဖြစ်သော ယွန်းထည်ဖြင့် ပြုလုပ်သည့် ဆွမ်းချိုင့်များ၊ ခြင်းတောင်းများ၊ ပန်းကန်ခွက်ယောက်၊ သစ်သားကနုတ်ထွင်းပခက်မျး၊ နွားလှည်းယာဉ်တပ်ထားသော အိမ်၊ သစ်ထွင်းကုလားထိုင်၊ ကွမ်းအစ်၊ ဆင်စွယ်ဓားအိမ်၊ ယောက်မ၊ ငရုတ်ဆုံ၊ ဝါးဖြင့်ပြုလုပ်ထားသော ပစ္စည်းများ၊ ထန်းဖိနပ်၊ မျောက်ရုပ်နှင့် လေးဂွ၊ နွားလှည်း၊ အင်းရိုးရာလှေများ လှော်တက်များ ကို ပြသထားသည်။ စတုတ္ထထပ်စတုတ္ထအထပ်မှာတော့ ပန်းချီးပြခန်းရှိသည်။ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံခေတ်က ပန်းချီတွေအပြင် ဦးဘဉာဏ်ရဲ့လက်ရာအတော်များများကိုချိပ်ထားတာတွေ့ရသည်။ ပဒေါင်၊ ပအိုဝ်း၊ ကချင်၊ နာဂ စတဲ့ တိုင်းရင်းသူပုံများ ကိုလည်းတွေ့ရှိရသည်။ ပဉ္စမထပ်နောက်ဆုံးငါးထပ်မှတော့ ဗုဒ္ဓဝင်ပြခန်းရှိသည်။ ဘုရားဆင်းတုတော်အနည်းအကျဉ်းနဲ့ ဗုဒ္ဓဝင်ပန်းချီတချို့ "တိုင်းရင်းသားကျေးရွာပြခန်း" နှင့် အာဆီယံပြခန်းရှိသည်။ အခြားကြည့်ရန်
|
Portal di Ensiklopedia Dunia