အမျိုးသားပြတိုက် (နေပြည်တော်)
အမျိုးသားပြတိုက် (နေပြည်တော်) သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမ၊ ကုမုဒြာကြာပန်းအဝိုင်းအနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြတိုက် (၂)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ပြတိုက်တွင် အဆောက်အအုံ (၅) ခုပါဝင်သည်။ ပြတိုက်သည် ၃၄.၇၉ ဧက ကျယ်ဝန်းကာ မြောက်ဘက်တွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ တောင်ဘက်တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တို့ တည်ရှိသည်။ ပြတိုက်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး[၁] ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဖွင့်လှစ်ပေးခဲ့သည်။[၂] သမိုင်းကြောင်းမြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားပြတိုက်ကို ၁၉၅၂ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဂျူဗလီဟော အဆောက်အအုံတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၀ပြည့်နှစ်တွင် ပန်းဆိုးတန်းလမ်း၊ ဂရင်းလေးဘဏ်သို့လည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် ပြည်လမ်းရှိ လက်ရှိ (၅)ထပ် အဆောက်အဦးသို့လည်းကောင်း ပြောင်းရွှေ့ခဲ့သည်။[၃] ၂၀၀၆ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မြို့မှ နေပြည်တော်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မြို့တော်အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အဦးများ တည်ဆောက်ခဲ့သည်။ ထိုအဆောက်အဦးများအနက် အမျိုးသားပြတိုက် တည်ဆောက်ရေးလည်း ပါဝင်ခဲ့သည်။ နေပြည်တော်ရှိ အမျိုးသားပြတိုက်ကို ၂၀၁၀ပြည့်နှစ် ဇွန်လ ၃ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကြသည်။[၄][၅]၂၀၁၅ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြတိုက်၏ ပထမအဆင့်အဖြစ် အဆောင် အေနှင့် ဘီတို့ကို ဖွင့်လှစ်ခဲ့သည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ တို့ တက်ရောက်ခဲ့ကြသည်။[၆] ဒုတိယအဆင့်အဖြစ် အဆောင် စီ၊ ဒီနှင့် အီးတို့အား ၂၀၁၆ခုနှစ် မတ်လ (၂၂) ရက်တွင် ဖွင့်လှစ်ခဲ့သည်။[၇] ဖွဲ့စည်းပုံအမျိုးသားပြတိုက် (နေပြည်တော်) သည် အမျိုးသားပြတိုက် (ရန်ကုန်) ကဲ့သို့ အထပ်မြင့်အဆောက်အဦးမဟုတ်ဘဲ တစ်ထပ်အဆောက်အဦးများကို ဆက်သွယ်ထားခြင်းဖြစ်သည်။ ပြတိုက်တွင် အဆောက်အဦး (၅) ခုပါဝင်ပြီး အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီး တို့ဖြစ်ကြသည်။[၈] အဆောင် အေအမျိုးသားပြတိုက်၏ ပင်မဝင်ပေါက်သည် အဆောင် အေဖြစ်သည်။ ထိုအဆောင်တွင် ပြခန်း(၁)ခန်း၊ ဧည့်ကြိုခန်းမ၊ ရှင်းလင်းဆောင်ငယ်၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ မီးဖိုခန်း စသည်တို့ ပါဝင်သည်။[၄] လက်ဆောင်ပစ္စည်းများပြခန်းအဆောင်အေတွင် လက်ဆောင်ပစ္စည်းများပြခန်း ပါဝင်သည်။ ထိုပြခန်းတွင် နိုင်ငံတော်အကြီးအကဲများ၊ ဝန်ကြီးများအား အခြားနိုင်ငံများမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို ပြသထားသည်။ ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အသုံးပြုခဲ့သည့် ဘောပင်များအား ပြသထားသည်။ ![]() အဆောင် ဘီအဆောင်ဘီသည် အမျိုးသားပြတိုက်တွင် ပြခန်းအများဆုံးပါဝင်သော အဆောက်အဦးဖြစ်သည်။ ထို့အပြင် အခြားသော အဆောင်အားလုံးကို ဆက်သွယ်ထားသော အဆောင်ဖြစ်သည်။[၄] ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း (ဘီ - ၁)ဤပြခန်းတွင် ပုံတောင်ကျောက်လွှာစုနှင့် ဧရာဝတီကျောက်လွှာစုတို့မှ တွေ့ရသော တိရစ္ဆာန်၊ အပင် တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ မြန်မာနိုင်ငံတွင်တွေ့ရသော ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြသထားသည်။ ![]() သမိုင်းမတင်မီခေတ်ပြခန်း (ဘီ - ၂)ဤပြခန်းတွင် ပြဒါးလင်းဂူပုံစံတူ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် လက်နက်များ၊ အသုံးအဆောင်များနှင့် မြန်မာနိုင်ငံတွင် ကြေးခေတ်ထွန်းကားခဲ့သည့် ပျော်ဘွယ်မြို့နယ် ကြို့ကုန်းတူးဖော်မှုတို့ကို ပြသထားသည်။ ![]() မြန်မာ့ပန်းချီပြခန်း (ဘီ - ၃)ဤပြခန်းတွင် မြန်မာ့ပန်းချီ ဆင့်ကဲဖြစ်ပေါ်လာပုံများ၊ ပြဒါးလင်းဂူမှစ၍ ခေတ်အဆက်ဆက် နံရံပန်းချီပုံစံတူများ၊ ပုရပိုက်များ၊ ထင်ရှားသောပန်းချီဆရာကြီးများ၏ လက်ရာများကို ပြသထားသည်။ ![]() မြန်မာ့အနုသုခုမပြခန်း (ဘီ - ၄)ဤပြခန်းတွင် မြန်မာတို့၏ ထီးသုံးနန်းသုံး တော်ဝင်တူရိယာများ၊ အခြားသော တူရိယာများ၊ ဇာတ်သဘင်၊ ရုပ်သေး အစရှိသည်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာတူရိယာများကို ပြသထားသည်။ ![]() သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ရာစုမှ အေဒီ ၉ရာစု) ပြခန်း (ဘီ - ၅)ဤပြခန်းတွင် ပျူမြို့ပြနိုင်ငံများနှင့် မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများ၏ မြို့ဟောင်းပုံစံများ၊ အသုံးအဆောင်များကို ပြသထားသည်။ ![]() သမိုင်းတင်ခေတ် (အေဒီ ၁၁ရာစုမှ ၁၄ရာစု) ပြခန်း (ဘီ - ၆)ဤပြခန်းတွင် ပုဂံခေတ်နှင့်ဆိုင်သည်များကို ပြသထားသည်။ ![]() အဆောင် စီအဆောင် စီသည် ပြတိုက်၏ မြောက်ဘက်ခြမ်းတွင်တည်ရှိကာ အဆောင် ဘီ၏ မြောက်ဘက်၊ အဆောင် အီး၏ အရှေ့ဘက်တွင် တည်ရှိသည်။ သီဟာသနပလ္လင်ပြခန်းအဆောင်စီ၏ (၁)ခုတည်းသော ပြခန်းမှာ သီဟာသနပလ္လင်ပြခန်းဖြစ်သည်။ ထိုပြခန်းတွင် သီဟာသနပလ္လင်ပုံစံတူအား မြန်မာဘုရင်များလက်ထက်က ထားရှိသည့်အတိုင်း ပြသထားကာ လက်ဝဲ၊ လက်ယာ မင်းခမ်းတော်ပစ္စည်းများ၊ မင်းခမ်းတော်မဟုတ်သော ပစ္စည်းများနှင့် အခြားသော နန်းတွင်းသုံးပစ္စည်းများကို ပြသထားသည်။ ![]() အဆောင် ဒီအဆောင် ဒီသည် ပြတိုက်၏ တောင်ဘက်ခြမ်းတွင် တည်ရှိကာ ပြခန်း (၄) ခန်းပါဝင်သည်။ မြန်မာ့လက်မှုအနုပညာပြခန်း (ဒီ - ၁)ဤပြခန်းတွင် မြန်မာ့ ပန်း(၁၀)မျိုး၊ ရွှေချည်ထိုး၊ အချိတ်ဒီဇိုင်းများ၊ ရွှေဆိုင်း၊ အင်းလေးကြာချည် စသဖြင့် မြန်မာ့ရိုးရာလက်မှုပညာများကို ပြသထားသည်။ အာဆီယံပြခန်း (ဒီ - ၂)ဤပြခန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြောင်း၊ အာဆီယံအသင်းကြီးအကြောင်း၊ ရိုးရာဝတ်စုံများ စသည်ဖြင့် ပြသထားသည်။ ကလေးသူငယ်ပညာပေးပြခန်း (ဒီ - ၃)ဤပြခန်းတွင် သဘာဝသမိုင်း၊ မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုတို့ကို ကလေးများ လွယ်ကူစွာနားလည်နိုင်ရန် ပြသထားသည်။ ဒီ - ၄ဤပြခန်းမှာ အထူးပွဲများပြသသည့် ပြခန်းဖြစ်ကာ ပုံမှန်ပြသထားခြင်းမရှိပေ။ အဆောင် အီးအဆောင်အီးတွင် ပြခန်းများ ခင်းကျင်းပြသထားခြင်းမရှိပေ။ ![]() လာရောက်ခဲ့သော အထူးဧည့်သည်တော်များအမျိုးသားပြတိုက် (နေပြည်တော်) သို့ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်ခဲ့ကြသည်။
ပြခန်းပြခန်း (အေ)ပြခန်း (ဘီ-၁)ပြခန်း (ဘီ-၂)ပြခန်း (ဘီ-၄)ပြခန်း (ဘီ-၅)ပြခန်း (ဘီ-၆)ပြခန်း (စီ-၄)အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia