အမျိုးသား စာကြည့်တိုက် (ရန်ကုန်)
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားစာကြည့်တိုက်တစ်ခု ဖြစ်သည်။ စာကြည့်တိုက်ကို နံနက် ၁ဝနာရီ မှ ညနေ ၄နာရီအထိ (နိုင်ငံတော် ရုံးပိတ်ရက်များ မှ အပ တနင်္လာ မှ သောကြာနေ့ အထိဖွင့်လှစ်သည်။)[၃] ဖြစ်ပေါ်လာပုံ၁၉၅၂-ခုနှစ်တွင် ဘားနတ်အခလွတ်စာကြည့်တိုက် ကို ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံတော်စာကြည့်တိုက် ဟု အမည်ပြောင်းလဲခဲ့သည်။ ဂျူဗလီဟောအဆောက်အဦး (ယခုတပ်မတော် စစ်သမိုင်းပြတိုက်) တွင် အမျိုးသားပြတိုက်၊ အနုပညာ ခန်းဆောင်တို့ နှင့် တွဲ၍ ဖွင့်လှစ်ခဲ့သည်။ အခြားသော ဌာနများနှင့်တွဲ၍ ဖွင့်ထားရသဖြင့် စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် နေရာလုံလောက်မှုမရှိခဲ့ပေ။ ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန၊ ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုအောက်တွင် အမျိုးသားပြတိုက်နှင့် အတူထားရှိခဲ့သည်။ ၂.၇.၁၉၆၂ ခုနှစ်တွင် အမှတ်(၁၆၆)၊ ပန်းဆိုးတန်းလမ်း၊ ဒုတိယထပ်နှင့် တတိယထပ်များသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် အမျိုးသားစာကြည့်တိုက် ဟု အမည်ပြောင်းခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမ၊ တတိယထပ် တောင်ဘက်နှင့် အနောက်တောင်ဘက်ခြမ်းရှိ အခန်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်သူလူထုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံး အဆောက်အဦး ပထမထပ်နှင့် ဒုတိယထပ်များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂-ခုနှစ်တွင် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂.၆.၂၀၀၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈-ခုနှစ်၊ ဩဂုတ်လ တွင် ယခုလက်ရှိတည်နေရာ၊ အမှတ် (၈၅-က)၊ သီရမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ [၄]
စာစုလုပ်ငန်းအမျိုးသားစာကြည့်တိုက်သည် ကုလသမဂ္ဂမှ ထုတ်ဝေသောစာအုပ်များနှင့် ၁၉၆၂ - ခုနှစ်၊ ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေတို့အရ စာအုပ်၊ စာနယ်ဇင်းတို့ကို လက်ခံစုဆောင်းရရှိသည်။ အမျိုးသားစာကြည့်တိုက်သည် စာပေပစ္စည်းများကို နိုင်ငံအချင်းချင်း စာအုပ်လဲလှယ်ရေး အစီအစဉ်အရလည်းကောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်များထံမှ လက်ဆောင်ရရှိခြင်း၊ လှူဒါန်းသည်ကို လက်ခံရရှိခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် စုဆောင်းထားရှိသည်။ တစ်နှစ်လျှင် စာပေပစ္စည်းပေါင်း ၃၀၀၀ ကျော်ကို စုဆောင်းရရှိသည်။ အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသည့် စာစုများမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia