အယ်ဗိုရာမြို့

အယ်ဗိုရာ သမိုင်းဝင်ဌာန*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပေါ်တူဂီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii,iv
ကိုးကား ၃၆၁
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အယ်ဗိုရာမြို့သည် ပေါ်တူဂီနိုင်ငံရှိ မြို့တော်နှင့် စည်ပင်သာယာနယ်နိမိတ်တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်၏ လူဦးရေမှာ ၅၆,၅၉၆ ဖြစ်ပြီး[] ဧရိယာစတုရန်းကီလိုမီတာ ၁၃၀၇.၀၈ စတုရန်းကီလိုမီတာ ရှိသည်။[] အယ်လန်တီဂျို ဒေသ၏ သမိုင်းဝင်မြို့တော် ဖြစ်ပြီး အယ်ဗိုရာပြည်နယ်၏ အုပ်ချုပ်ရေးမြို့ ဖြစ်သည်။​ ကောင်းမွန်စွာထိန်းသိမ်းထားသော မြို့လယ်ခေါင် နေရာအဟောင်းအပြင် ယနေ့ခတ် တိုင်အောင် တစိတ်တပိုင်း ဝန်းရံနေသော အလယ်ခေတ်မှ တံတိုင်းနှင့် ရောမဘုရားကျောင်း အပါအဝင် သမိုင်းအချိန်ကာလ အသီးသီးတွင် တည်ဆောက်ခဲ့သော အထိမ်းအမှတ်အဆောက်အအုံများကြောင့် အယ်ဗိုရာသည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်သည်။ ထို့ပြင် ရှေးအကျဆုံး ဥရောပမြို့တော်များ ကွန်ယက်တွင်လည်း ပါဝင်သည်။[]

အယ်ဗိုရာသည် ကုန်းတွင်းပိုင်းတွင် ကျရောက်သဖြင့် ပေါ်တူဂီ၏ အပူဆုံးမြို့များထဲတွင် အပါအဝင်ဖြစ်ပြီး အပူလှိုင်းများ မကြာခဏ ဖြတ်သန်းလေ့ ရှိသည်။ သို့သော်လည်း စပိန်နယ်စပ်ရှိ ကုန်းတွင်းပိုကျသော နေရာများနှင့် နှိုင်းယှဉ်လျှင်မူ သိပ်မဆိုးလှပေ။

ပေါ်တူဂီသတင်းစာ အိတ်စ်ပရက်စို မှ နှစ်စဉ်ထုတ်ပြန်သော နေထိုင်မှုအခြေအနေ စစ်တမ်းတွင် အယ်ဗိုရာသည် ဒုတိယမြောက် နေထိုင်ချင်စဖွယ်အကောင်းဆုံး မြို့တစ်မြို့ ဖြစ်သည်။[] ထို့ပြင် ပေါ်တူဂီရှိ ပြည်နယ်မြို့တော် ၁၈ ခု ပြိုင်ဆိုင်မှုအား လေ့လာထားသည့် မင်ဟိုတက္ကသိုလ်မှ စီးပွားရေးသုတေသနပညာရှင်များ၏ ၂၀၀၆ ခုနှစ် လေ့လာစမ်းစစ်မှု တစ်ခုတွင် ပထမအဆင့် ရရှိသည်။

ကိုးကား

  1. Instituto Nacional de Estatística
  2. Áreas das freguesias, concelhos, distritos e país။ 5 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။
  3. MAETN (1999)။ diktyoclassic-web.archive.org။ 22 October 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2011 တွင် ပြန်စစ်ပြီး။
  4. Classificação Expresso das melhores cidades portuguesas para viver em 2007 25 October 2008 ၌ at the Portuguese Web Archiveတွင် မော်ကွန်းတင်ပြီး , Expresso
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya