အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ
အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ (အင်္ဂလိပ်: near-close front unrounded vowel, or near-high front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɪ⟩ (အစ်[မှတ်စု ၁]) သင်္ကေတဖြင့်ပြသည်။ ဆိုလိုသည်မှာ အက္ခရာအသေး i ဖြစ်၏ ။ နိုင်ငံတကာသဒ္ဒဗေဒအသင်းက ထိုအက္ခရာ၏အပေါ်အောက်၌ အစွန်းထုတ်၍ ရေးရန်လမ်းညွှန်ထားသည်။[၁] အက္ခရာ၏ အစွန်းများ၌ အတုံးတိုလေးများဖြင့် ရေးရန်ဖြစ်သည်။ ဤသို့ အတုံးတိုအစွန်းများဖြင့်ရေးသားသော ဖောင့် (font) များသည် ဤပုံနှိပ်၊ ပရင့်ထုတ်သည့် စည်းမျဉ်းနှင့် ကိုက်ညီပေသည်။[၂] ၁၉၈၉ မတိုင်မီ အခြားကွဲပြားသော သရသံအက္ခရာတစ်မျိုးရှိခဲ့ရာ ထိုအက္ခရာမှာ ⟨ɩ⟩ ဖြစ်၍ ယခုအခါ၌ သဒ္ဒဗေဒအဖွဲ့က သဘောမတူ ခွင့်မပြုတော့ပေ။[၃] သို့သော်ငြားလည်း အချို့သော ခေတ်ပေါ်အရေးအသားများ၌ ယခုထိတိုင်သုံးစွဲနေသေး၏ ။[၄] နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ လက်စွဲစာအုပ်တွင် [ɪ] အက္ခရာကို အလယ်တစ်ဝက် (mid-centralized) ၊ အရှေ့နီးပါး (close front) ၊ နှုတ်ခမ်းဖြန့် ရွတ်ဆိုရသော သရဟူ၍ အဓိပ္ပာယ်ဖွင့်ပြီး လက်ရှိ ဤအက္ခရာ ⟨ɪ⟩ ၏ တရားဝင်အမည်မှာ near-close near-front unrounded vowel (အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ) ဖြစ်သည်။[၅] သို့ရာတွင် အချို့သော ဘာသာစကားများ၌ အရှေ့နီးပါး၊ အလယ်နှင့် နီးကပ်သော အပြန့်သရ (close-mid near-front unrounded vowel) များရှိကြ၍ [ɪ] ၏ ယေဘုယျ ပြဋ္ဌာန်းစံ တန်ဖိုးထက် အနည်းငယ်နိမ့်သော အနေအထားရှိ သရ ဖြစ်သည်။ ဥပမာအားဖြင့် ကာလီဖိုးနီးယားတွင်ပြောလေ့ရှိသော အထွေထွေအမေရိကန်အသံထွက် (General American )၊ ခေတ်သစ် ဗြိတိသျှအများလက်ခံအသံထွက် (Received Pronunciation) နှင့်[၆][၇][၈] အခြားသော ဘာသာစကားများ၌ ဖြစ်သည်။[၉][၁၀] ⟨ɪ⟩ ထက်နိမ့်သော ပုံစံကို ⟨ɪ̞⟩ အဖြစ် အသံဖလှယ် ရေးသားနိုင်သည်။ မြန်မာဘာသာစကားအင်္ဂလိပ်ဘာသာစကားရှိ sit မှ 'i' ၏ အသံဖြစ်၍ မြန်မာစကားရှိ စစ်၊ တစ် အစရှိသော စကားလုံးများမှ သရသံကို ဤအက္ခရာဖြင့် ရေးသားနိုင်သည်။[၁၁] ဥပမာ "စစ်" ကို [sɪʔ] အဖြစ်ရေးသားနိုင်၍ နှာသံပါသော"စင်" ကို [sĩ] ဟူ၍ ရေးသားနိုင်သည်။ အင်္ဂါရပ်
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia