အရှေ့အဖွင့်အပြန့်သရ
အရှေ့အဖွင့်အပြန့်သရ (အင်္ဂလိပ်: open front unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨a⟩ (အာ-သရ) ဖြင့်ပြဆိုသည်။ အခြေခံသရရှစ်ခုထဲက တစ်ခုဖြစ်၍ အခြေခံသရဆိုသည်မှာ သဒ္ဒဗေဒအရ တိုင်းတာ(သတ်မှတ်)ခြင်းစနစ်တွင် "အခြေခံကျသော ရည်ညွှန်းကိုးကား အသံ" ကိုသာ ပြဆိုရန်ဖြစ်ပြီး မည်သည့်ဘာသာစကားတစ်ခု၏ သရသံကိုမျှ တိုက်ရိုက်ကိုယ်စားပြုပေးသည်မဟုတ်ပေ။[၁] သရဇယား၏ လက်ဝဲဘက်အောက်ခြေ၌တည်ရှိသည်။ သို့သော် ဖော်ပြထားသော စတုဂံပုံ သရဇယား၏ တိကျမှုကို အငြင်းပွားကြပြီး ဤအသံသည် အသံပိုင်းဆိုင်ရာအရ အလွန် ပွင့်(ဖွင့်)သည့်အနေအထားဖြစ်ကာ လျှာ၏ တည်နေရာ ရှေ့နောက်သဘောသည် ထင်ထင်ရှားရှားမရှိတော့ပေ။ ဤသရ၏ တိကျသော အရည်အသွေးနှင့်ပတ်သက်၍ မတူညီကြသော အနက်ဖွင့်ဆိုမှုများလည်းရှိရာ ဒန်းညာ ဂျုံးဇ်၏ ရှေးက အသံသွင်းထားမှု(အသံ) သည် ဂျွန် ဝဲလ်ဇ်၏ အသံသွင်းထားမှု(အသံ) ထက်ပို၍ (လျှာ)ရှေ့သို့အနည်းငယ်ရောက်ရှိကာ အဖွင့်အနေအထားမှာ ဂျွန် ဝဲလ်ဇ်ကဲ့သို့ လုံးဝမပွင့်ပေ။[၂] လက်တွေ့အားဖြင့် သဒ္ဒဗေဒပညာရှင်များ[ဘယ်သူကလဲ?]က ဤသရကို အလယ်အဖွင့်အပြန့်သရအတွက်သုံးနိုင်သည်၊ အရှေ့အဖွင့်နီးပါးအပြန့်သရ ⟨æ⟩ နှင့် ပို၍နီးစပ်သည်ဟု ယူဆသတ်မှတ်ကြသည်။[၃] နမူနာအားဖြင့် အင်္ဂလိပ်ဘာသာစကား၏ သမိုင်းကြောင်းအရ ဤသည်မှာပုံမှန်သဘောတရားဖြစ်၏ ။ ထိုသို့ အရှေ့ နှင့် အရှေ့နီးပါးကိုပြဆိုသော သင်္ကေတများ ပျောက်သွားခြင်းသည် အများအားဖြင့် ပြဿနာမရှိဟု ယူဆကြသည်။ အကြောင်းမှာ လူ့၏အာရုံခံနိုင်မှုအရ ထိုနှစ်ခုကြားကွဲပြားမှုသည် အလွန်သေးကွေးလှပြီး ထိုနှစ်ခုကို ခွဲခြားကွဲပြားစေသည့် ဘာသာစကားဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ သရ၏ (လျှာ)အနောက်ရောက်ရှိမှုကို သတ်မှတ်လိုပါက အရှေ့အဖွင့်နီးပါးအပြန့်သရကို နှိမ့်ထားသော ⟨æ̞⟩ ကို အသုံးပြုနိုင်သည်။ မြန်မာဘာသာစကားတွင် ⟨a⟩ (အာ-သရ) ၏အနေအထားသည် အခြေခံသရ ⟨a⟩ ထက် လျှာသည် အနည်းငယ် အပေါ်သို့ရောက်၍ အနောက်သို့လည်း အနည်းငယ် ရောက်ရှိသည်။[၄][၅] လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယါ၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၆] Features
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia