ပထမအဆင့် မိတ်ဆက်
ဝီကီပီးဒီးယား ရဲ့ လမ်းစဉ်ငါးရပ် ကို ဦးစွာဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ အကောင့်ကို မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက် မိတ်ဆက်ခြင်း နှင့် မေးလေ့ရှိသော မေးခွန်းများ က သင့်ကို အများကြီး အကူအညီပေးပါလိမ့်မယ်။ သူတို့တွေက ဝီကီပီးဒီးယားမှာ တည်းဖြတ်နည်းနဲ့ ရေးသားဟန်တွေ၊ အခြား သိသင့်တာတွေကို ပြောပြပေးသွားပါလိမ့်မယ်။ ဝီကီပီးဒီးယားမှာ ပါဝင်ဖို့ သင့်မှာ နည်းပညာဆိုင်ရာတွေ တတ်ကျွမ်းနေဖို့ မလိုပါဘူး။ ပါဝင်ဆောင်ရွက်တဲ့နေရာမှာ သတ္တိရှိပါ ။ ပြီးတော့ တခြားသူတွေအပေါ်မှာ ရိုးရိုးသားသား ပြုမူဆက်ဆံပါ ။ ဒီနေရာဟာ ဝီကီ ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပါတယ်။
အကူအညီရယူခြင်း
အကူအညီလိုရင် ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင် မှာ ဒါမှမဟုတ် Facebook ထဲက မြန်မာဝီကီအဖွဲ့ရဲ့စာမျက်နှာ မှာ ဝင်ရောက်မေးမြန်း ဆွေးနွေးနိုင်ပါတယ်။
ဝီကီကို ဘယ်လိုစသုံးရမယ် ဆိုတာကိုတော့ တည်းဖြတ်နည်း စာမျက်နှာမှာ ကြည့်ပါ။
တည်းဖြတ်ခြင်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာချင်တယ် ဆိုရင်တော့ ဒီစာမျက်နှာ ကို ဖတ်ကြည့်ပါ။
မေးမြန်းစရာတွေ ရှိတယ်ဆိုရင် ဒီနေရာမှာ မေးမြန်းနိုင်ပါတယ်။
သင့်အနေနဲ့ စီမံခန့်ခွဲသူ တစ်ဦးဦးကိုလည်း သူတို့ရဲ့ ဆွေးနွေးချက် စာမျက်နှာကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။
ယူနီကုဒ်ဖောင့် သွင်းဖို့ အခက်အခဲရှိရင် ဒီမှာ ကြည့်ပါ။
ဘာကီးဘုတ် သုံးရမလဲ မသိရင် ဒီမှာ ကြည့်ပါ။
မှတ်သားဖွယ်ရာများ
စမ်းသပ်ကြည့်ချင်တယ်ဆိုရင် ဒီစာမျက်နှာ ကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို စမ်းသပ်နိုင်ပါတယ်။
ဆောင်းပါးသစ်တစ်ပုဒ် စတင်ရေးသားချင်တယ်ဆိုရင် သင်၏ ပထမဆုံးဆောင်းပါး စာမျက်နှာကို ဖတ်ကြည့်ပါ။
ဆောင်းပါးသစ်အတွက် အမည်ပေးဖို့ အခက်အခဲရှိနေရင် ဒီစာမျက်နှာကို ဖတ်ကြည့်ပါ။
Help:ပုံတင်နည်းလမ်းညွှန် မှာ ပုံတင်နည်း၊ ထည့်သွင်းအသုံးပြုနည်းတွေ ရှင်းပြထားပါတယ်။
ပုံအသုံးပြုခြင်း မူဝါဒ က မြန်မာဝီကီပီးဒီးယားမှာ ဘယ်လိုပုံတွေ တင်သင့် မတင်သင့်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ကျေးဇူးပြုပြီးတော့ ဆွေးနွေးချက် စာမျက်နှာတွေမှာ ~~~~ ရိုက်ထည့်ပြီး သင့်အမည်ကို လက်မှတ်ထိုးပေးပါ။
သင့်အကောင့်အတွက် gadgets (custom features) ကိုလည်း အသုံးပြုနိုင်ပါတယ်။
သတ်ပုံကျမ်း မှာ စာလုံးပေါင်း၊ သတ်ပုံသတ်ညွှန်းများ စစ်နိုင်ပါတယ်။
Welcome!
မြန်မာဝီကီပီးဒီးယားမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ မိတ်ဆွေ စိတ်ပါဝင်စားရာ ကဏ္ဍတွင် ပါဝင်၍ ဆောင်းပါး ရေးသားနိုင်ပါတယ်။ Welcome to
Myanmar Wikipedia ! I hope you enjoy improving and editing this
Wikipedia project. These pages are especially useful for those who are literate in Burmese. However, even experienced Wikipedians who don't know any Burmese have helped out with other things, such as updating images from Commons, so don't be afraid to improve the wiki any way you can! Remember, someone else can always come later and fix any changes you make that are not perfect. Thank you.
--Welcome-Bot (ဆွေးနွေး ) ၁၄:၅၀၊ ၅ မေ ၂၀၂၄ (UTC) [ အကြောင်းပြန်ရန် ]
We are a community of passionate volunteers working to promote free knowledge in Myanmar through Wikimedia projects like Wikipedia, Wiktionary, and more. Our goal is to support minority language projects and increase Burmese-language contributions. Whether you're an experienced editor or just starting out, we'd love for you to join us and make an impact!
Visit us here: Myanmar Wikimedia Community User Group . Ninja✮ Strikers «☎ » ၀၃:၀၅၊ ၈ အောက်တိုဘာ ၂၀၂၄ (UTC) [ အကြောင်းပြန်ရန် ]
ကိုရီးယားဆောင်းပါးတွေမှာ ကူညီတည်းဖြတ်ပေးနေတာ ကျေးဇူးတင်ပါတယ်။ ကိုရီးယားကနေ မြန်မာကို အက္ခရာဖလှယ်တာများပေးမဲ့ တချို့နေရာတွေကျရင် အသံဖလှယ်တာက ပိုကောင်းပါတယ်။ ဥပမာ 철종 ရဲ့ 종 ကို ဂျွံ လို့ ဖလှယ်လိုက်တဲ့အခါ မူရင်းကိုရီးယားအသံ ပျက်သလိုဖြစ်သွားပါတယ်။ အနီးစပ်ဆုံး ဂျုံး လို့ ဖလှယ်သင့်ပါတယ်။ page တွေကို စိတ်ကြိုက်မရွှေ့ခင် talk page မှာ အရင်ဆွေးနွေးပေးရင် ကျေးဇူးတင်မိမှာပါ။ ~ ထနောင်း (🔔 • 📝 ) ၁၅:၄၇၊ ၅ ဒီဇင်ဘာ ၂၀၂၄ (UTC) [ အကြောင်းပြန်ရန် ]
ကိုရီးယား အသံပျက်တယ်လို့ ဘယ်သူပြောပါသလဲဗျ၊ ဂျွံ ဆိုတာကို ဝစ္စပေါက်ထည့် ပြောကြည့်ပါ၊ သေချာပေါက်တူပါတယ်၊ မြန်မာစာအရ သေးသေးတင်ကို ဝစ္စပေါက်တွဲမသုံးရလို့ပါ။ ကျနော်က ကိုရီးယားအက္ခရာပေါင်းနည်းတွေကို သိသလို IPA နဲ့ စနစ်တကျ လေ့လာထားပါတယ်ဗျ၊ အင်္ဂလိပ်-ဗမာ-ကိုရီးယားကို တွဲကြည့်ရင် John ကို ယောဟန်၊ 요한 ဒါကတော့ သမ္မာကျမ်းစာမှာပါတာပါ၊ ရိုးရိုးအင်္ဂလိပ်နာမည်ဆိုရင် 존(ㅈ+ㅗ+ㄴ)၊ ဗမာဆို ဂျွန် မဟုတ်ပါလားဗျ၊ ဗမာစာမှာ ဂျိုန် ဆိုပြီးရေးလို့မရလို့ပါ၊ ဒါကြောင့် ㅗ ဆို ို လုပ်ပြီး၊ ㅗ နောက်မှာ အဆုံးဗျည်းသံပါ လာရင်၊ ွ ပြောင်းပြီး အဆုံးဗျည်းသံထည့်ပေါင်းမှာပါ။ (မြန်မာစကားမှာ မွန် ကိုတောင် Mon လို့ဖလှယ်သေးတာပဲ မဟုတ်လားဗျ) ဥပမာ - 존/ဂျိုန်/ဂျွန် 좀/ဂျိုမ်/ဂျွမ်(ဒါတောင်ဗမာစကားအရ ဂျ'ဝမ် လို့မှားထွက်ချင် ထွက်နိုင်) 종 /ဂျိုင်/(/jaĩ/ လို့ ထွက်နိုင်တာကြောင့် င သတ်သံကို သေးသေးတင်လို့ အသုံးပြုရင် /ဂျွံ/ လို့သုံးရခြင်းဖြစ်ပါတယ်ဗျ၊ 주 /ဂျူ/ ကိုကျ အဆုံးဗျည်းအသံပေါင်းရင် ဂျု လုပ်ပြီး ပေါင်းပါတယ်။ ဗမာIPAနဲ့ ကိုရီးယားIPAတို့ကို ယှဉ်ပြီးလေ့လာကြည့်ပါ၊ ဂျွံ /d͡ʑòɴ/ --> 종 /d͡ʑo̞ŋ/ , ဂျုံ /d͡ʑóʊɴ/ --> 중/d͡ʑuŋ/ ။ ဒါတောင်မှ ဒီ ㅈ စတဲ့ စကားလုံးတွေဟာ ကိုရီးယားဘာသာမှာ အစဆုံးမှာလာရင် အသံပျော့ကို ပြောင်းပါတယ်(aspiration)၊ ဥပမာ 정도전 ကိုဆို /청도전/ - /ချောင်းဒိုဂျောန်/ ဆိုပြီး ပြောင်းပါတယ်၊ ဒါမယ့် ကျနော် အက္ခရာကိုသာကြည့်ပြီး ဂျောင်းဒိုဂျောန် လို့ပဲ အမည်ပေးလိုက်ပါတယ်၊ အမှန်တကယ်တော့ အဆုံးစွန်ဆုံးပြောရရင် ㅓ သရရဲ့ အသံဟာတောင်မှ တောင်ကိုရီးယားဘာသာစကားမှာ /အော/ ဆိုပြီး မထွက်ပါဘူး၊ အ ဖေ၊ အ မေ မှာပါတဲ့ သံဝက်သရ အ' ကို ရှည်ရှည်ဆိုတဲ့ အသံနဲ့ တူလို့ နေပါတယ်ဗျ။ Kaday Han Thaw (ဆွေးနွေး ) ၁၁:၀၅၊ ၇ ဒီဇင်ဘာ ၂၀၂၄ (UTC) [ အကြောင်းပြန်ရန် ]
Hello Kaday Han Thaw;
Please take a look at Thae Su Nyein's article. I don't know what happened. I can't do anything. Thae Su Nyein's article is sent to draft. Please help me.I don't understand why this is showing up. U Naing Oo (ဆွေးနွေး ) ၁၁:၀၉၊ ၇ ဇန်နဝါရီ ၂၀၂၅ (UTC) [ အကြောင်းပြန်ရန် ]
ထိုင်းနိုင်ငံက တစ်ပြည်ထောင်စနစ် နိုင်ဖြစ်ဖို့ အုပ်ချုပ်ရေးနယ်မြေ ပထမအဆင့်ကို ခရိုင် (မြန်မာဘက်က ရုံးသုံးမှာကော) လို့ပဲ သုံးပါတယ်။ ပြည်နယ်သို့ မပြောင်းဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။ Salai Rungtoi (ဆွေးနွေး ) ၀၂:၄၉၊ ၄ မေ ၂၀၂၅ (UTC) [ အကြောင်းပြန်ရန် ]