ဝီကီပီးဒီးယား:ဆောင်းပါးခေါင်းစဉ်များ

ဆောင်းပါးခေါင်းစဉ် တစ်ခုဆိုသည်မှာ ဆောင်းပါး အကြောင်းအရာများ၏ အပေါ်ဆုံးတွင် ရှိသော ခေါင်းစဉ်ကြီးတစ်ခု ဖြစ်ပြီး ဆောင်းပါး၏ စာမျက်နှာအမည် နှင့် URL လည်း ဖြစ်သည်။[] ခေါင်းစဉ်သည် ဆောင်းပါးတွင် မည်သည့်အကြောင်းအရာများ ပါဝင်ခြင်းနှင့် အခြားသော ဆောင်းပါးများမှ ကွဲပြားခြားနားစေခြင်းတို့ကို ရည်ညွှန်းသည်။[]

ခေါင်းစဉ်သည် ဆောင်းပါးအကြောင်းအရာ၏ ရိုးရှင်းသော အမည်တစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ် ခေါင်းစဉ်၏ ဖော်ပြချက်တစ်ခုလည်း ဖြစ်နိုင်သည်။ ဆောင်းပါးနှစ်ခုအတွက် တူညီသော ခေါင်းစဉ်အနေဖြင့် မရှိနိုင်သည့်အတွက်[] တစ်ခါတစ်ရံတွင် ခွဲခြားသိမြင်နိုင်မည့် အချက်အလက်များကို ထည့်သွင်းပေးရန်လိုအပ်ပြီး စကားဘညှပ် (ကွင်းစကွင်းပိတ်)များဖြင့် ဖော်ပြရန် လိုအပ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ဆောင်းပါးခေါင်းစဉ်များကို ခိုင်လုံသော ရင်းမြစ်များမှ ဖော်ပြထားသည့် အကြောင်းအရာကို အခြေခံကာ အမည်ပေးလေ့ရှိသည်။ ဖြစ်နိုင်ခြေအများစုရှိလာသည့်အခါ တည်းဖြတ်သူများအနေဖြင့် များစွာသော အခြေခံဥပဒေသများအပေါ် မူတည်ကာ စဉ်းစားဆုံးဖြတ်လေ့ရှိကြသည်။ စံပြုထားသည့် ခေါင်းစဉ်ပေးခြင်းတွင် ဆင်တူဆောင်းပါးများအတွက် အကြောင်းအရာကို ရှင်းလင်းတိကျစွာ ပုံဖော်နိုင်ရမည်ဖြစ်ပြီး လိုတိုရှင်းကာ အရှိအတိုင်းနှင့် ကွဲကွဲပြားပြားရှိပြီး မှတ်မိလွယ်သည့် ခေါင်းစဉ်ဖြစ်ရမည် ဖြစ်သည်။

ဤစာမျက်နှာတွင် ဆောင်းပါးခေါင်းစဉ်ရွေးချယ်ခြင်းအတွက် စဉ်းစာဆင်ခြင်ခြင်းများ၊ သို့မဟုတ် အမည်ပေးစနစ်များ ကို အသေးစိတ် ဖော်ပြထားသည်။ (ဤစာမျက်နှာတွင် ကဏ္ဍများ ကဲ့သို့သော အခြားသော အမည်ညွှန်းများအတွက် စာမျက်နှာခေါင်းစဉ်များ ပါဝင်မည် မဟုတ်ပါ) အခြားသော မူဝါဒများ၊ အထူးသဖြင့် စိစစ်အတည်ပြုခံနိုင်မှု ကိုယ်တိုင် ထုတ်ဖော်ထားသော သုတေသနများ၊ နှင့် ဘက်မလိုက်သော အမြင် ဟူသည့် အချက်အခြာ အကြောင်းအရာမူဝါဒ သုံးခုနှင့် ဆက်စပ်နေသည့် အခြားသော အသေးစိတ်လမ်းညွှန်ချက်များကိုလည်း နောက်ဆက်တွဲအနေဖြင့် ဖော်ပြထားသည်။

လိုအပ်ပါက ဆောင်းပါးခေါင်းစဉ်တစ်ခုကို စာမျက်နှာရွေ့ပြောင်းခြင်းဖြင့် ပြောင်းလဲနိုင်သည်။[] စာမျက်နှာ ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်သော အချက်အလက်များအား Wikipedia:စာမျက်နှာ ရွှေ့ပြောင်းခြင်း၊ နှင့် Wikipedia:ရွှေ့ပြောင်းရန် တောင်းဆိုခြင်းတို့တွင် ကြည့်ရှုနိုင်သည်။

ဆောင်းပါးခေါင်းစဉ်အမည်ကို ဆုံးဖြတ်ခြင်း

ဆောင်းပါးခေါင်းစဉ်များကို ခိုင်လုံသော ရင်းမြစ်များမှ ဆောင်းပါးအကြောင်းအရာကို ရည်ညွှန်းထားသည်များအပေါ် မူတည်ကာ ဆုံးဖြတ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဆောင်းပါးအတွက် သင့်လျော်သည့်အမည်မှာ တစ်ခုမက ရှိနေနိုင်သည်။ ထိုသို့အခြေအနေမျိုးတွင် ထိုစာမျက်နှာ၏ ရှင်းဆိုချက်များအပေါ် မူတည်ကာ တည်းဖြတ်သူများအနေဖြင့် အကောင်းဆုံးခေါင်းစဉ်ကို အများသဘောဆန္ဒဖြင့် ရွေးချယ်သည်။

မူဝါဒ အတိုကောက်များ:

ကောင်းမွန်သည့် ဝီကီပီးဒီးယား ဆောင်းပါးခေါင်းစဉ်တစ်ခုသည် အောက်ပါ ဝိသေသလက္ခဏာ ငါးရပ်ပါဝင်သည်။

  • မှတ်မိလွယ်ခြင်း – ခေါင်းစဉ်သည် အမည်တစ်ခု သို့မဟုတ် ပညာရှင်မဟုတ်သည့် တစ်စုံတစ်ဦးအနေဖြင့် ရင်းနှီးနေနိုင်သည့် အကြောင်းအရာ ဖော်ပြချက်တစ်ခု ဖြစ်သည်။
  • အရှိအတိုင်းဖြစ်ခြင်း – ခေါင်းစဉ်သည် စာဖတ်သူများအနေဖြင့် ရှာဖွေလေ့ရှိသည့် အမည်ဖြစ်ပြီး တည်းဖြတ်သူများအနေဖြင့် ဆောင်းပါးတစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာတွင် အသုံးပြုသည့် အမည်လည်း ဖြစ်သည်။ ထိုသို့သော ခေါင်းစဉ်မျိုးသည် မြန်မာဘာသာတွင် ခေါ်ဝေါ်သည့်အမည်အတိုင်း ဖြစ်လေ့ရှိသည်။
  • ရှင်းလင်းတိကျခြင်း – ခေါင်းစဉ်သည် ဆောင်းပါးပါ အကြောင်းအရာကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပြီး အခြားသော အကြောင်းအရာများနှင့် ကွဲပြားခြားနားမှု ရှိသည်။
  • လိုတိုရှင်းဖြစ်ခြင်း – ခေါင်းစဉ်သည် ဆောင်းပါး၏ အကြောင်းအရာကို ဖော်ပြရာတွင်နှင့် အခြားအကြောင်းအရာများနှင့် ကွဲပြားစေရန်အတွက် လိုအပ်သည်ထက် ရှည်လျားနေခြင်းမျိုး မရှိရပေ။
  • ပုံသေဖြစ်ခြင်း – ခေါင်းစဉ်သည် ဆင်တူဆောင်းပါး ခေါင်းစဉ်များနှင့် ပုံစံတူ ပုံသေဖြစ်သည်။ ထိုသို့သော ပုံစံများအား အထက်တွင်ရှိသည့် အထူးပြုခေါင်းစဉ်များ အမည်ပေးစနစ်တွင် ဖော်ပြထားသည်။

ဤသည်တို့မှာ ရည်မှန်းချက်ပန်းတိုင်များဖြစ်ပြီး ဥပဒေများ မဟုတ်ပေ။ အကြောင်းအရာအများစုအတွက် ဤအချက်များနှင့် ကိုက်ညီသည့် ရိုးရှင်းပြီး သိသာပေါ်လွင်သော ခေါင်းစဉ်များ ရှိသည်။ ထို့အတွက် ရိုးရိုးရှင်းရှင်း စဉ်းစားရွေးချယ် အသုံးပြုပါ။ သို့သော်လည်း အချို့ကိစ္စရပ်များတွင် ရွေးချယ်မှုသည် မရိုးရှင်းပေ။ ဤအချက်များ တစ်ခု သို့မဟုတ် ထိုထက်ပိုသော အချက်များအား ပိုမိုမျက်နှာသာပေးရန် လိုအပ်နိုင်ပြီး အများသဘောဆန္ဒဖြင့် ဆောင်ရွက်လေ့ရှိသည်။ နမူနာအနေဖြင့် ရှင်းလင်းတိကျသည့် အမည်ဖြစ်သော ယူနိုက်တက် ကင်းဒမ်းအော့ဖ် ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန် ဟူသည့် အမည်ထက် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အမည်သည် ပိုမိုမှတ်မိလွယ်ပြီး အရှိအတိုင်းဖြစ်ကာ လိုတိုရှင်းလည်း ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya