အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများမှသည် အကြီးစားစက်မှုလုပ်ငန်းနယ်ပယ်သို့ ကူးပြောင်း ချဲ့ထွင်လာနိုင်စေရန် ထောက်ပံ့ကူညီ အားပေးခြင်းဖြင့် အနာဂတ် ရေရှည်စီးပွားရေးကို တိုးတက်ခိုင်မာလာစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဌာနအနေဖြင့် Small and Medium Enterprises (SMEs) များ၏ database တည်ဆောက်လျက် လိုအပ်သည့် အကူအညီများ၊ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ SMEs များ၏ လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် ငွေကြေးရယူလိုခြင်းများအတွက် ကူညီပံ့ပိုးပေးခြင်း၊ လုပ်ငန်းစတင်တည်ထောင်လိုသူ များအတွက် အကြံဉာဏ်နှင့် သတင်းအချက်အလက်များဖြင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ ပို့ချခြင်းကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ASEAN SMEs Portal နှင့်ချိတ်ဆက်၍ Online Servicing ပေးခြင်း၊ Business Matching များ ပြုလုပ်၍ ပြည်တွင်း၊ ပြည်ပ SMEs များအား ချိတ်ဆက်ပေးခြင်း၊ ပြည်ပဈေးကွက် ရရှိရန်အတွက် Export Consortia Team များ (Cluster) ဖွဲ့စည်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ်(၃၅-ဘီ/၁၅) တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးတိုးတက်မှုတို့အတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ တို့ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့် ကြော်ငြာစာအမှတ်၊ ၁၁/၂ဝ၁၃ အရ ဖွဲ့စည်းခဲ့သည်။ [၁] သမိုင်းကြောင်း၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ စ၍ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့ကို စက်မှု ဝန်ကြီးဌာနအဖြစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနအား ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၃) ခု၊ လုပ်ငန်းဌာန (၆) ခုနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန အပါအဝင် ဗဟိုဌာန (၂) ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအား ဌာနကြီး (၃) ခုဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
လုပ်ငန်းတာဝန်များ(က) စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာတိုးတက်ရေးဌာန၏ လုပ်ငန်းတာဝန်များ
(ခ) ပြည်ပဆိုင်ရာလုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ
(ဂ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ
ကိုးကားပြင်ပအဆက်အသွယ် |
Portal di Ensiklopedia Dunia