စက်မှု ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စက်မှုရေးရာအတွက် စက်မှုဝန်ကြီးဌာနကိုထားရှိသည်။ လက်ရှိဝန်ကြီးမှာ နစကမှ ခန့်အပ်သော ဒေါက်တာချာလီသန်းဖြစ်သည်။ သမိုင်းကြောင်းမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုအနေဖြင့် သီးခြားဖွဲ့စည်း ထားခြင်းမရှိဘဲ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာန အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ် မတ်လ(၁၆)ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁)ဖြင့် စက်မှုလက်မှု ဝန်ကြီးဌာန၏အမည်ကို စက်မှုဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့သည် စက်မှုဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းအဖွဲ့အစည်းများကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရန်အတွက် ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ မူလစက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှု ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဖော်ပြပါ စက်မှုဝန်ကြီးဌာန(၂) ခုကို ပေါင်းစပ်၍ စက်မှုဝန်ကြီးဌာနအဖြစ် ကျစ်လျစ်စွာ ပြင်ဆင်ဖွဲ့စည်းမှုကို ၂၀၁၂ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂) ၏ သဘောတူ ခွင့်ပြုချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက် နေ့မှစ၍ အရာထမ်း ရာထူး (၄,၅၆၀) နေရာ၊ အမှုထမ်း ရာထူး (၄၂,၉၅၈) နေရာ၊ စုစုပေါင်းရာထူး (၄၇,၅၁၈) နေရာဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
![]() ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူ ခွင့်ပြုချက်အရ ၂၀၁၄ခုနှစ် ဧပြီလ (၁)ရက်နေ့မှစ၍ အရာထမ်းရာထူး (၄,၉၄၃)နေရာ၊ အမှုထမ်းရာထူး(၄၃,၅၇၁)နေရာ၊ စုစုပေါင်းရာထူး (၄၈,၅၁၄) နေရာဖြင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း(၆)ခု နှင့် ဗဟိုဌာန(၁)ခု အပါအဝင် စက်မှုဝန်ကြီးဌာနကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ [၁] [၂] ဝန်ကြီးဌာနအနေဖြင့် လူစီးနှင့် ကုန်တင်မော်တော်ယာဉ် အမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ယန္တရားအမျိုးမျိုး၊ ဒီဇယ်အင်ဂျင်ကြီးများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ၊ တာဘိုင်များ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ရေတွင်းတူးစက်များ၊ ကွန်ပျူတာထိန်းချုပ် စက်မှုပုံစံပြုစက်များ CNC Machine)များ၊ ထရန်စဖော်မာများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်း အမျိုးမျိုး၊ တာယာများ၊ ရော်ဘာဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ခေတ်မီပြီး နည်းပညာမြင့်မားသော ထုတ်ကုန်များ ထုတ်လုပ်ရန် အတွက် စက်ရုံအသစ်များ တည်ထောင်ခြင်း၊ စက်မှုကျွမ်းကျင်လုပ်သား များ ပေါ်ထွက်လာရေးအတွက် လေ့ကျင့်သင်ကြားပေးမည့် စက်မှုသင်တန်းကျောင်းများ တည်ထောင်ခြင်းတို့ကို အဓိကဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စက်မူဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည့်အလျောက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရာတွင် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ခုနှစ်တွင် စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် မေလ၄ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ယခင်အတိုင်း ပြန်လည်ခွဲထုတ်ကာ စက်မှုဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၃][၄] ဖွဲ့စည်းပုံစက်မှု ဝန်ကြီးဌာန၏ လက်အောက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း(၆)ခု နှင့် ဗဟိုဌာန(၁)ခု အပါအဝင် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။ [၅]
ရည်ရွယ်ချက်
ဆက်သွယ်ရန်လိပ်စာရုံးအမှတ်(၃၀)၊ ဇေယျဌာနီလမ်း၊ နေပြည်တော်။ ကိုးကား
|
Portal di Ensiklopedia Dunia