အာကာသစခန်း

နိုင်ငံတကာ အာကာသ စခန်းသည် ကမ္ဘာပတ်လမ်းကြောင်းရှိ လူလုပ်အရာဝတ္ထုတစ်ခုဖြစ်သည်

အာကာသစခန်း ဆိုသည်မှာ ကမ္ဘာပတ်လမ်းထဲတွင် လူသားများ အချိန်အတော်ကြာနေ၍ရသော အာကာသယာဉ်တစ်ခုပင်ဖြစ်သည်။ ယင်းတွင် အာကာသယာဉ် တွန်းကန်စနစ် သို့မဟုတ် ဆင်းသက်စနစ်များ နည်းပါးကြသည်။ အာကာသစခန်းများတွင် အခြားအာကာသယာဉ်များဖြင့် အဖွဲ့ဝင်နှင့် ထောက်ပံ့ရေးပစ္စည်းများ ဖလှယ်နိုင်မည့်အပေါက် dorking port များပါဝင်ရသည်။ အာကာသစခန်းများသည် များသောအားဖြင့် သိပ္ပံဆိုင်ရာရည်ရွယ်ချက်များအတွက် လွှတ်တင်ကြသည်။ သို့သော် တခါတလေ စစ်ဘက်သုံးအတွက်လည်း လွှတ်တင်ကြသည်။ ၂၀၂၅ ခုနှစ်အရ ကမ္ဘာပတ်လမ်းနိမ့်တွင် အမြဲတမ်းနှင့် အပြည့်အဝ အလုပ်လုပ်နေသော အာကာသစခန်းတစ်ခုရှိသည်။ ယင်းမှာ နိုင်ငံတကာ အာကာသ စခန်းဖြစ်ပြီး သိပ္ပံဆိုင်ရာလေ့လာမှုများ ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံမှ တိုင်ယန်ဂေါင် အာကာသစခန်းမှာ တည်ဆောက်နေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လာမည့်ဆယ်စုနှစ်များတွင် တည်ဆောက်ရန် အဆိုပြုထားသည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya