အာကာသယာဉ်![]() အာကာသယာဉ် ဆိုသည်မှာ အာကာသအတွင်း ပျံသန်းသွားလာရန် ရည်ရွယ်၍ ဆောက်လုပ်ထားသော စက်သို့မဟုတ် ယာဉ်တစ်မျိုးကို ခေါ်ခြင်းဖြစ်သည်။ အာကာသယာဉ်များကို ဆက်သွယ်ရေး၊ ကမ္ဘာမြေပြင် လေ့လာခြင်း၊ မိုးလေဝသ ခန့်မှန်းခြင်း၊ လမ်းကြောင်းရှာခြင်း၊ ဂြိုဟ်များအား စူးစမ်းလေ့လာခြင်းနှင့် အာကာသ ခရီးသွားလုပ်ငန်း စသည့် ရည်ရွယ်ချက် အမျိုးမျိုး အတွက် အသုံးပြု ကြသည်။ အာကာသယာဉ်နှင့် အာကာသ ခရီးသွားခြင်းတို့ကို သိပ္ပံဝတ္ထုများတွင် အမြဲလိုလို တွေ့ရတတ်သည်။ ဆပ်အော်ဘစ်တယ် အာကာသ ခရီးစဉ်တွင် အာကာသယာဉ်သည် အာကာသတွင်းသို့ ဝင်ရောက်ပြီး ကမ္ဘာကို တပတ်ပြည့်အောင် မပတ်ဘဲ မြေမျက်နှာပြင် ပေါ်သို့ ပြန်လည် ဆင်းသက်သည်။ အော်ဘစ်တယ် အာကာသ ခရီးစဉ်တွင်မူ အာကာသယာဉ်သည် ကမ္ဘာနှင့် အနီးဆုံး ပတ်လမ်း သို့မဟုတ် အခြား အာကာသအတွင်းရှိ အရာဝတ္ထုများ၏ ပတ်လည်တွင် လှည့်ပတ် သွားလာလေ့ ရှိသည်။ လူသားများ လိုက်ပါစီးနှင်းသော ခရီးစဉ်အတွက် ဆောက်လုပ်ထားသော အာကာသာယာဉ်များတွင် လူသားများအား အာကာသယာဉ်မှူး သို့မဟုတ် ခရီးသည် အနေနှင့် သယ်ဆောင် သွားလေ့ ရှိကြပြီး စက်ရုပ်များဖြင့် ထိန်းချုပ်သော အာကာသယာဉ်များ တွင် အလိုအလျောက် စနစ် သို့မဟုတ် အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင် ကြသည်။ သိပ္ပံပညာ သုတေသန အတွက် အသုံးပြုသော စက်ရုပ်သုံး အာကာသယာဉ်များကို အာကာသ စူးစမ်းလေ့လာရေးယာဉ်များ ဟု ခေါ်ကြသည်။ ဂြိုဟ်များ၏ ပတ်လမ်းအတွင်း လှည့်ပတ်သွားနေသော စက်ရုပ်သုံး အာကာသယာဉ်များကိုမူ ဂြိုဟ်တုများ ဟု ခေါ်ကြသည်။ ပိုင်အိုးနီးယား ၁၀ နှင့် ၁၁၊ ဗွိုင်ရေဂျာ ၁၊ ၂ နှင့် နယူးဟော်ရီဇုန် အပါအဝင် အနည်းငယ်မျှသော ကြယ်များကို စူးစမ်းလေ့လာရေးရန် လွှတ်တင်ထားသော ယာဉ် အချို့သာ နေအဖွဲ့အစည်းမှ အပြင်သို့ ထွက်မည့် လမ်းကြောင်း အတွင်းတွင် ရှိနေကြသည်။ စနစ်ခွဲများအာကာသယာဉ်စနစ်တွင် ၎င်းတို့၏ ခရီးစဉ် ရည်ရွယ်ချက် အပေါ်မူတည်၍ စနစ်ခွဲပေါင်း မြောက်မြားစွာ ပါရှိကြသည်။ အာကာသယာဉ် စနစ်ခွဲများတွင် အာကာသအတွင်း သွားလာမည့် ယာဉ်နှင့် အတူ အရပ်မျက်နှာ ဆုံးဖြတ်ခြင်းနှင့် ထိန်းချုပ်ခြင်း စနစ် (ADAC,ADC သို့ ACS ဟု အမျိုးမျိုး ခေါ်ကြသည်)၊ လမ်းကြောင်းပြစနစ်၊ လမ်းကြောင်းရှာနှင့် ထိန်းချုပ် စနစ် ( GNC သို့ GN&C)၊ ဆက်သွယ်ရေးစနစ် (Comms) ၊ အမိန့်ပေးခြင်းနှင့် အချက်အလက် ကိုင်တွယ်ချင်း (CDH သို့ C&DH)၊ စွမ်းအားပေးစနစ် (EPS)၊ အပူချိန် ထိန်းချုပ်စနစ် (TCS) ၊ တွန်းကန် မောင်းနှင်စနစ် နှင့် ကိုယ်ထည်တို့ ပါဝင်ကြသည်။ ယာဉ်နှင့်အတူ ပစ္စည်းကိရိယာများကို ပုံမှန်အားဖြင့် တွဲချိတ်ထားလေ့ ရှိသည်။
ကိုးကား |
Portal di Ensiklopedia Dunia