အိုင်ဖုန်း ၄အက်စ်
အိုင်ဖုန်း ၄ အက်စ်သည် Apple Inc. မှ ထုတ်လုပ်လိုက်သော touchscreen smartphone အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် အက်ပဲလ်၏ ၅ခုမြောက် အိုင်ဖုန်းဖြစ်၍ ၃.၅ လက်မ အိုင်ပေါ့တပ်ချ်နှင့် မိုဘိုင်းဖုန်းကို ပေါင်းစပ်ထားသော အမျိုးအစားဖြစ်သည်။ ၎င်းသည် အိုင်ဖုန်း ၄ အတိုင်း ပုံစံရှိသော်လည်း ဟာ့ဒ်ဝဲလ် အချို့နှင့် ဆော့ဖ်ဝဲလ်အချို့ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည်။ ဆော့ဖ်ဝဲလ် နှင့် ဟာ့ဒ်ဝဲလ် ပြောင်းလဲမှုတို့တွင် အက်ပဲလ်၏ ဆီရီခေါ် စကားပြောလက်ထောက်ကိရိယာ၊ ကိုယ်ပိုင်ကွန်ပျူတာ လွတ်လပ်မှု၊ အိုင်ကလောက်တို့နှင့် ပုံထွက်ပိုကောင်းသော ကင်မရာတို့ ပါဝင်သည်။ စက်ပစ္စည်း၏ function များသည် အသံဖြင့် ထိန်းချုပ်နိုင်ပေလိမ့်မည်။ အိုင်ဖုန်း ၄အက်စ်သည် အက်ပဲလ်၏ အောက်တိုဘာ ၄ရက်၊ ၂၀၁၁တွင် ကူဘာရီတို၊ကယ်လီဖိုးနီးယား၌ပြုလုပ်သော "Let's Talk iPhone" အစီအစဉ်တွင် စတင်မိတ်ဆက်ခဲ့သည်။ အက်ပဲလ်သည် အောက်တိုဘာ ၇ရက်၊ ၂၀၁၁ မှ စ၍ အောက်တိုဘာလ ၁၄ရက်တွင်ထုတ်မည့် နိုင်ငံကြီးခုနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိသျှအင်ပါယာ၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်တို့တွင် စက်များအတွက် ကြိုတင်မှာယူမှုများ လက်ခံခဲ့သည်။ ၎င်းသည် အခြား ၂၂ခုသော အိုင်ယာလန်အပါအဝင် ဥရောပတိုက်ရှိနိုင်ငံများ၊ မက္ကဆီကို အပါအဝင်အမေရိကတိုက်ရှိနိုင်ငံများနှင့် စင်္ကာပူအပါအဝင် အာရှနိုင်ငံများတွင်မူ အောက်တိုလဘာ ၂၈ရက်နေ့မှ စတင်ရောင်းချခဲ့သည်။ ၎င်းသည် နိုင်ငံစုစုပေါင်း ၇၀ကျော်တွင် AT&T နှင့် Verizon တို့အပါအဝင် ကယ်ရီယာပေါင်း ၁၀၀ကျော်မှဖုန်းလိုင်းများသုံးစွဲနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ လော့မလုပ်ထားသော (စာချုပ်လွတ်) အိုင်ဖုန်းများကို နိုဝင်ဘာ ၁၁၊ ၂၀၁၁တွင် စတင်ဖြန့်ချိခဲ့သည်။ |
Portal di Ensiklopedia Dunia