အိုင်ဗရီကို့စ်နိုင်ငံ
ဥရောပသားတို့၏ ကိုလိုနီဘဝမကျရောက်ခင်အထိ အိုင်ဗရီကို့စ်ထ်သည် ဂျားမန်း (Gyaaman)၊ ကောင်းအင်ပါယာ (Kong Empire)၊ ဘောင်းလေ (Baoulé) စသော နိုင်ငံများ တည်ရှိခဲ့သည်။ ပြင်သစ်ကိုလိုနီဘဝတွင်ရော လွတ်လပ်ရေးရပြီးနောက်တွင်ပါ အင်ဒေညေ (Indénié) နှင့် ဆန်ဝီ (Sanwi) ဟူသော အန်ညီဘုရင့်နိုင်ငံ (Anyi kingdoms) နှစ်ခုသည် သီးခြားစီရပ်တည်နိုင်ရန်အတွက် ကြိုးစားခဲ့ကြသည်။ [၅] ၁၈၄၄တွင် ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ (protectorate) ဖြစ်ခဲ့ရပြီး ၁၈၉၃တွင် ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့သည်။ ၁၉၆၀၊ ဩဂုတ်လ (၇)ရက်နေ့တွင် လွတ်လပ်ရေးရခဲ့သည်။ ၁၉၆၀မှ ၁၉၉၃အထိ တိုင်းပြည်ကို Félix Houphouët-Boigny မှ ဦးဆောင်ခဲ့သည်။ အိမ်နီးချင်း အနောက်အာဖရိကနိုင်ငံများနှင့် စီးပွားရေး နိုင်ငံရေးတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သည်။ အခြားတစ်ဘက်တွင်လည်း ပြင်သစ်လို ဥရောပနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Félix Houphouët-Boigny အစိုးရ ပြုတ်ကျပြီးနောက်တွင် ၁၉၉၉ နှင့် ၂၀၀၁ တွင် အာဏာသိမ်းမှု (၂)ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သေးသည်။ [၆] ရွေးကောက်ပွဲနှင့် [၇] နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကြောင့် အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေး ရရှိခဲ့သည်။ [၈] အိုင်ဗရီကို့စ်ထ်သည် ဘုရင်တွင် အာဏာအပြည့်ရှိသော နိုင်ငံဖြစ်သည်။ မြို့တော်မှာ ယာမူဆူကရို (Yamoussoukro) ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဆိပ်ကမ်းမြို့ဖြစ်သော အဘိဂျန် (Abidjan) ဖြစ်သည်။ တိုင်းဒေသ (Regions) ၁၉ခုနှင့် ဌာန (departments) (၈၁)ခု အဖြစ် ဖွဲ့စည်းထားသည်။ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference)၊ အာဖရိကသမဂ္ဂ၊ La Francophonie၊ Latin Union နှင့် အနောက်အာဖရိကနိုင်ငံများစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Economic Community of West African States) နှင့် တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ တရားဝင် ရုံးသုံးဘာသာစကား မှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ အခြားဘာသာစကားများမှာ Baoulé language၊ Dioula language၊ Dan language၊ Anyin language နှင့် Senari languages တို့ဖြစ်ကြသည်။ ဘာသာရေးအနေဖြင့် အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ (ရိုမန်ကက်သလစ်အများစု) နှင့် အခြား ရိုးရာနတ်ကိုးကွယ်မှုများဖြစ်သည်။ ကော်ဖီနှင့် ကိုကိုး ထုတ်လုပ်မှုတွင် ၁၉၆၀၊ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အနောက်အာဖရိကတစ်လွှားတွင် စီးပွားအဖြစ်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့ရာတွင် အိုင်ဗရီကို့စ်ထ်သည် ၁၉၈၀တွင် စီးပွားပျက်ကပ်ကြုံခဲ့ရသည်။ ၂၁ရာစုတွင် အိုင်ဗရီကို့စ်ထ်၏ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ် နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက အဓိက ဖြစ်လာသည်။ [၄] ဝေါဟာရရင်းမြစ်ကိုးကား
|
Portal di Ensiklopedia Dunia