အီစတာပွဲတော်နေ့

အီစတာပွဲတော်နေ့
ငရဲတံခါးများကို ချိုးဖျက်ပြီးနောက်၊ ယေရှုခရစ်တော်အား သူတော်ကောင်းများဝန်းရံလျက်၊ အာဒံနှင့် ဧဝကို သူတို့၏ အုတ်ဂူမှ ထမြောက်စေပြီး သေခြင်းတရားကို ခြေနင်းသည့်အဖြစ်ကို ပန်းချီးကားတွင် ဖော်ပြထားသည်။ ဤနံရံပန်းချီးကားသည် အစ်စတန်ဘူလ်မြို့ ခိုရာကျောင်းတော် မှ ထမြောက်ခြင်းဆိုင်ရာ ၁၃၁၅ ခန့်ဝန်းကျင်က ရေးဆွဲခဲ့သည့် နံရံဆေးရေးပန်းချီ ဖြစ်သည်။
လိုက်နာကျင့်သုံးသူများ ခရစ်ယာန်ဘာသာဝင်များ
အမျိုးအစားခရစ်ယာန်ဘာသာ
ရက်စွဲEaster Sunday

အီစတာပွဲတော် (အင်္ဂလိပ်: Easter) သည် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာသော ပွဲတော်ကြီးတစ်ခုဖြစ်ပြီး၊ သခင်ယေရှုခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့် နေ့ဖြစ်သည်။ ဤပွဲတော်ကို ခရစ်ယာန်ဘာသာ ထွန်းကားသော နိုင်ငံအများစုတွင် နှစ်စဉ် မတ်လနှင့် ဧပြီလအတွင်း တခမ်းတနား ကျင်းပလေ့ရှိသည်။

သမိုင်းကြောင်း

ခရစ်ယာန်ဘာသာဆိုင်ရာ အရင်းအမြစ်

အီစတာပွဲတော်၏ အဓိကအကြောင်းရင်းမှာ သမ္မာကျမ်းစာအရ ခရစ်တော်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုရန်ဖြစ်သည်။ ခရစ်ယာန်အယူဝါဒအရ၊ ဤဖြစ်ရပ်သည် လူသားမျိုးနွယ်၏ အပြစ်များအတွက် ယေရှု၏အသေခံခြင်းနှင့် ကယ်တင်ခြင်းအကြောင်းကို သင်္ကေတပြုသည်။

ရှေးခေတ်နွေဦးပွဲတော်များနှင့် ဆက်စပ်မှု

အီစတာပွဲတော်မပေါ်မီက ဥရောပဒေသများတွင် နွေကူးရာသီကို ကြိုဆိုသည့် ရှေးဟောင်းပွဲတော်များ ရှိခဲ့သည်။ ဤပွဲများတွင် သဘာဝ၏ပြန်လည်နုပျိုးမှု၊ အသက်သစ်နှင့် မျိုးပွားခြင်းတို့ကို ဂုဏ်ပြုခဲ့ကြသည်။ နွေဦးမယ်နှင့် ဆောင်းဘီလူးကြီးဆိုင်ရာ ဒဏ္ဍာရီများမှ လက်ဆောင်ဖလှယ်ခြင်း၊ သစ်လွင်သောအစားအစာများ စားသုံးခြင်းစသည့် ဓလေ့များကို နောင်တွင် ခရစ်ယာန်ဘာသာက သက်ဝင်ယုံကြည်မှုနှင့် ပေါင်းစပ်ခဲ့သည်။

ပွဲတော်ကျင်းပသည့်နေ့ရက်

အီစတာပွဲတော်ကို ပြာဿဒါးနေ့ (Passover) နှင့် ဆက်စပ်သည့် ခရစ်ယာန်ပြက္ခဒိန်အရ သတ်မှတ်သည်။ အောက်ပါစည်းမျဉ်းများဖြင့် တွက်ချက်သည်။

  1. မတ်လ ၂၁ ရက်နေ့ (သို့မဟုတ်) နွေကူးတည့်ချိန် (Spring Equinox) လွန်ပြီးနောက်
  2. ပထမဆုံးလပြည့်နေ့ကို ရှာပြီး
  3. ထိုလပြည့်နေ့ပြီးနောက် ပထမဆုံးတနင်္ဂနွေနေ့တွင် ကျင်းပသည်။

ဤသို့ဖြင့် အီစတာပွဲတော်သည် မတ်လ ၂၂ ရက်မှ ဧပြီလ ၂၅ ရက်အတွင်း ကျရောက်တတ်သည်။

အီစတာပွဲတော် ကို အမြဲတမ်း တနင်္ဂနွေနေ့တွင် ကျင်းပ ကြသည်။ သို့ရာတွင် မည်သည့်နေ့ရက်တွင် ကျသော တနင်္ဂနွေနေ့ဟူ၍ကား အတည် တကျ သတ်မှတ်ထား ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် မတ်လ ၂၁ ရက်နေ့ လွန်လေပြီးသော ပထမဆုံး လပြည့်နေ့၏ နောက် ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပရသော ထုံးစံအစဉ် အလာ ရှိသောကြောင့် ဖြစ်သည်။ ထိုကြောင့် အီစတာပွဲတော် အစောဆုံး ကျရောက်နိုင်သောနေ့မှာ မတ်လ ၂၂ ရက်နေ့ဖြစ်၍ နောက်အကျဆုံးနေ့မှာ ဧပြီလ ၂၅ ရက်နေ့ ဖြစ်လေသည်။


အရေးပါသော သင်္ကေတများနှင့် ဓလေ့များ

၁။ ကြက်ဥနှင့် ယုန်ကလေး

  • ကြက်ဥ: အသက်သစ်၊ ပြန်လည်မွေးဖွားခြင်းနှင့် ခရစ်တော်၏ထမြောက်ခြင်းကို ကိုယ်စားပြုသည်။ ရှေးခေတ်မှစ၍ အရောင်ဆိုးထားသော (သို့) ဒီဇိုင်းခြယ်ထားသော ကြက်ဥများကို လက်ဆောင်ပေးလေ့ရှိသည်။
  • အီစတာယုန်ကလေး: ဂျာမန်ယဉ်ကျေးမှုမှ ဆင်းသက်လာပြီး၊ ကလေးများအား သကြားလုံးနှင့် ကြက်ဥများ ဝှက်ထားသည့် ပျော်စရာဓလေ့တစ်ခုဖြစ်သည်။

၂။ ဘာသာရေးအခမ်းအနားများ

  • အီစတာတနင်္ဂနွေ: ခရစ်ယာန်ဘုရားကျောင်းများတွင် အထွဋ်အမြတ်ထားသော ဝတ်ပြုချိန်ဖြစ်ပြီး၊ "ခရစ်တော်ရှင်ပြန်ထမြောက်ပြီ" ဟူသော သတင်းစကားကို ရွတ်ဆိုကြသည်။
  • ဝါကျွတ်ခြင်း: အီစတာမတိုင်မီ ၄၀ ရက်ကြာ ဝါကြွေးခြင်း (Lent) ကို ဆောက်တည်ကြပြီး၊ ပွဲတော်နေ့တွင် ဝမ်းမြောက်စွာ ကျင်းပကြသည်။

၃။ ယဉ်ကျေးမှုဆိုင်ရာ ပျော်ပွဲများ

  • အီစတာဥပွဲတော် (Easter Egg Hunt): ကလေးများသည် ဥများကို ရှာဖွေရသည့် ပျော်စရာပြိုင်ပွဲများ။
  • အီစတာလှည့်လည်ခြင်း (Easter Parade): အမေရိကန်နိုင်ငံတွင် ဦးထုပ်များနှင့် အဝတ်အစားစိမ်းလန်းစွာ ဝတ်ဆင်၍ လမ်းလျှောက်ပြသမှုများ။

ကမ္ဘာတစ်ဝန်းကျင်းပမှု

  • အနောက်နိုင်ငံများ: အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျတို့တွင် ကြက်ဥဆေးခြယ်ခြင်း၊ မိသားစုစားပွဲများ ပြုလုပ်လေ့ရှိသည်။
  • အရှေ့ဩသဒေါက်နိုင်ငံများ: ဂရိ၊ ရုရှားစသည့် အော်သိုဒေါ့ခရစ်ယာန်များတွင် မီးရှူးမီးပန်းများ ထွန်းညှိခြင်း၊ သီချင်းသံသာများဖြင့် ဝတ်ပြုကြသည်။
  • ဖိလစ်ပိုင်: လက်ဝါးကပ်တိုင်ပေါ် အစစ်အမှန်လူသားများ သရုပ်ဆောင်ကာ ကားတိုင်တင်ခံရသည့် ဓလေ့ထူးခြားသည်။

အီစတာပွဲတော်၏ စီးပွားရေးအရေးပါမှု

ဤပွဲတော်သည် ကမ္ဘာတစ်ဝန်း စီးပွားရေးလှုပ်ရှားမှုများကို မြှင့်တင်ပေးသည်။

  • သကြားလုံးနှင့် ချောကလက်လုပ်ငန်း: အမေရိကန်တွင် နှစ်စဉ် အီစတာသကြားလုံးရောင်းအား ဒေါ်လာ သန်း ၂,၀၀၀ ကျော်ရှိသည်။
  • ခရီးသွားလုပ်ငန်း: ဥရောပနှင့် အမေရိကန်တို့တွင် ပွဲတော်ကာလအတွင်း ဟိုတယ်နှင့် လေယာဉ်လက်မှတ်များ အပြိုင်အဆိုင် ရောင်းချလေ့ရှိသည်။

သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ် ပြုသော အားဖြင့် ခရစ်ယာန် အယူဝါဒ ထွန်းကားသော တိုင်းပြည်များတွင် အီစတာပွဲတော်နေ့ကို ကျင်းပကြသည်။ အီစတာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တခမ်းတနား ကျင်းပကြသည်။ အီစတာပွဲတော် ကို အမြဲတမ်း တနင်္ဂနွေနေ့တွင် ကျင်းပ ကြသည်။ သို့ရာတွင် မည်သည့်နေ့ရက်တွင် ကျသော တနင်္ဂနွေနေ့ဟူ၍ကား အတည် တကျ သတ်မှတ်ထား ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် မတ်လ ၂၁ ရက်နေ့ လွန်လေပြီးသော ပထမဆုံး လပြည့်နေ့၏ နောက် ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပရသော ထုံးစံအစဉ် အလာ ရှိသောကြောင့် ဖြစ်သည်။ ထိုကြောင့် အီစတာပွဲတော် အစောဆုံး ကျရောက်နိုင်သောနေ့မှာ မတ်လ ၂၂ ရက်နေ့ဖြစ်၍ နောက်အကျဆုံးနေ့မှာ ဧပြီလ ၂၅ ရက်နေ့ ဖြစ်လေသည်။ အီစတာပွဲတော်နေ့မှာ ရက်စွဲအတည်တကျ မဖြစ်ရကား အီစတာပွဲတော် မတိုင်မီနှစ် ပွဲတော်အပြီးတွင် ကျင်းပရသော အခြား အယူဝါဒဆိုင်ရာ ပွဲတော်များမှာလည်း ရက်စွဲအတည် တကျ မဖြစ်ချေ။ အီစတာပွဲတော်သည် ခရစ်ယာန်ပွဲတော်များ တွင် ရှေးအကျဆုံး ပွဲတော်ဖြစ်၍ အကြောင်းသုံးမျိုး အရင်းခံ ၏သည်။ ယင်းတို့မှာ (၁) ခရစ်တော် ရှင်ပြန် ထမြောက်သော နေ့၊ (၂) ခရစ်ယာန် ဝါကျွတ်သောနေ့၊ (၃) နွေကူးရာသီကို ကြိုဆို သောနေ့များ ဖြစ်လေသည်။ အီစတာပွဲတော်ကို နွေကူး ရာသီတွင် ကျင်းပလေ့ရှိကြသည်။ အီစတာပွဲတော်နေ့ ဟူ၍ မပေါ်ပေါက်မီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူများသည် နွေကူးရာသီရောက်ရှိလာသည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သော အားဖြင့် နွေဦးပေါက်တွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့ကြဘူး လေသည်။ ရာသီမှာလည်း အလွန် သာယာလှသည်။ ဤသို့ ပြုလုပ်ခြင်းမှာ နွေကူးရာသီကို လူ့လောကသို့ ပြန်လည်ပို့ ဆောင် ပေးတော်မူသော ဘုရားသခင်အား ဂုဏ်ပြုခြင်းဖြစ်၏။ ထိုခေတ်က လူများသည် နွေကူးရာသီ ကုန်ဆုံးသွား သောအခါ လွန်စွာ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကြပြီးလျှင် ကြည်နူးသာယာ လှသော နွေကူးရာသီကလေးသည် ကား ပြန်၍လာတော့မည် မဟုတ်ပြီ။ စိမ်းလန်းစိုပြည်သော မြက်ခင်းကလေးများကိုလည်း မမြင်ကြရတော့ပြီဟု များစွာ ယူကျုံးမရဖြစ်၍ နွေကူးရာသီကို တောင့်တကြသည်။ တစ်ခါတစ်ရံတွင်လည်း ဆောင်းရာသီ ဘီလူးကြီးသည် လှပသောနွေဦးမယ်ကို အတင်းအဓမ္မလုယူသွား လေပြီဟု ပူဆွေးခြင်းဖြစ်ကြလေသည်။ သို့ဖြစ်၍ နွေဦးမယ်ကို ပြန်ပေးပါမည့်အကြောင်း ဆောင်းဘီလူးကြီးအား တန်ဆိုး လက်ဆောင် အမျိုးမျိုး ပေးကြ၏။ နွေဦးမယ်ကို ပြန်လည်ရရှိ ကြသောအခါတွင်လည်း ဘီလူးကြီးအား ကျေးဇူးတင်သောအား ဖြင့် လက်ဆောင်ပဏ္ဏာများ ပေးကြလေသည်။ ထိုအလေ့အထ ကို တုယူ၍ သေခြင်းမှ ပြန်၍အသက်ရှင်သည့် နေ့ကိုအထိမ်း အမှတ်ပြုသော အီစတာပွဲတော်နေ့တွင်လည်း တစ်ယောက်မှ တစ်ယောက်သို့ လက်ဆောင်များ ပေးကမ်းသော အလေ့ကို ပြုလုပ်ကြသည်ဟု ယူဆရပေသည်။ ရှေးအခါက လူများ ကျင်းပခဲ့ကြသော နွေဦးပွဲတော်မှာ တစ်ကြိမ်လျှင် ရက်ပေါင်းများစွာ ကြာလေသည်။ ယခုခေတ်တွင် ပြုလုပ်ကြသော အီစတာပွဲတော်မှာကား ပထမတွင် တစ်ခါကျင်းပလျှင် ခုနစ်ရက်မျှ ကြာလေ သည်။ အီစတာပွဲ တော်အချိန်တွင် ခရစ်ယာန် အယူဝါဒီတိုင်း ပျော်ရွှင်မြူးတူးကြ လေသည်။ ရှေးအခါကပင် ပွဲတော်ရက်အတွင်း အလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားခဲ့ကြ လေသည်။ အီစတာနေ့သည် ခရစ်ယာန်အယူ ဝါဒီများအဖို့ အလွန်တရာ ထူးမြတ်သောနေ့ ဖြစ်သည့်အားလျော်စွာ ထိုနေ့တွင် ငွေဝယ်ကျွန်များကို ဘေးမဲ့လွတ်ခြင်း၊ မိမိတို့၏ ဟောင်းနွမ်းသော အဝတ်အစားများကို စွန့်ပစ်၍ သစ်လွင်သော အဝတ်တန်ဆာများကို ဆင်မြန်းခြင်း၊ အိမ်အသုံးအဆောင်ဟူသမျှကို အသစ်လဲလှယ်ခြင်းစသည်တို့ကို ပြုလေ့ရှိကြသည်။ အီစတာပွဲတော်တွင် ကြက်ဥများကို လက်ဆောင်ပေးသော အလေ့မှာလည်း ရှေးအခါကပင် ရှိခဲ့သည်။ ရှေးအခါက ကြက်မ များသည် ဥအနည်းငယ်မျှသာ ဥကြလေရာ ကြက်ဥသည် လူံးညြိုခည်းငသနတြိုညျျျဩ်ငတစ်စြြတ အသက်၏မူလအစဖြစ်သဖြင့် ထိုသဘောကိုဆောင်၍ ကြက်ဥ များကို လက်ဆောင်ရသောသူများမှာ လွန်စွာဝမ်းမြောက်ကြပေ သည်။ ယခုခေတ်တွင်ကား ကြက်ဥများကို အဖိုးတန် လက်ဆောင်ဖြစ်စေရန် တောက်ပသောအရောင်များဆိုး၍ လက်ဆောင်ပေးကြသည်။ []

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya