သမ္မာကျမ်းစာ![]() သမ္မာကျမ်း (အင်္ဂလိပ်: Bible) သည် ခရစ်ယာန်ဘာသာဝင်များ၏ ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော်မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကက်သလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါ ကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။ မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေ ပညတ်တရား ၅ကျမ်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ မောရှေ၏ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျေရုဆလင်မြို့ကို ဘေဘီလုံသားများ ဖျက်ဆီးပြီးနောက် ပရောဖက် နေဟမိ နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့အချိန် ဘီစီ ၄၃၂ အချိန်ခန့်တွင် ဓမ္မဟောင်းကျမ်းစာ နောက်ဆုံးကျမ်းကို ရေးသားခဲ့သည်။ နှစ်ပေါင်း ၄၀၀ ကျော် မည်သူမျှ ကျမ်းမရေးခဲ့ဘဲ ခရစ်တော်ယေရှုကို ဖွားမြင်သည့် ဘီစီ ၆ - ၅ ခန့်တွင် ဓမ္မသစ်ကျမ်းအတွက် ရေးသားရန်ဖြစ်လာခဲ့သည်။ ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့သည့် အေဒီ ၃၀ နောက်ပိုင်းတွင် ဓမ္မသစ်ကျမ်းစာများကို တမန်တော်များက ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလု၏ သက်သာလောနိတ် ပထမစာစောင်ကျမ်းသည် ဓမ္မသစ် ပဌမဆုံးကျမ်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော် ရှင်ယောဟန် သေဆုံးသည့် အေဒီ ၉၅ခန့်တွင် ရေးသားသည်ဟု ဆိုသည်။ ဥရောပအနောက်ခြမ်း ခရစ်ယာန်ဘာသာတွင် ဂိုဏ်းပေါင်းများစွာရှိသည့်အနက် အဓိကအားဖြင့် မူလပထမ ခရစ်ယာန်များဟုခေါ်ဆိုကြသည့် ရိုမန်ကက်သလစ် (Roman Catholic) များနှင့် မာတင်လူသာနောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကို တော်လှန်ပြီး ဖြစ်ပေါ်လာသော ပရိုတက်စတင့်ဟူ၍ နှစ်မျိုးရှိသည်။ အရှေ့ဥရောပမှာ အောက်သိုဒေါ့ ခရစ်ယာန်များလည်း အစဦးခရစ်ယာန်များ ဖြစ်သည်။ အရှေ့ဥရောပရှိ ပုပ်ရဟန်းမင်းကို အသိအမှတ်ပြုသော အရှေ့ဥရောပကက်သလစ်များလည်း ရှိသည်။ သို့သော် အဓိကအားဖြင့် ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ၂ မျိုးတို့တွင် ပုပ်ရဟန်းမင်းကို ဦးသျှောင်ထားသော ရိုမန်ကက်သလစ်များနှင့် အောက်သိုဒေါ့ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ကျမ်းပို (apocrypha) များပါရှိသည်။ သမ္မာကျမ်းစာကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီး အေဒိုနီယံယုဒသန်က ဂရိ(ဟေလသ)နှင့် ဟီးဘရူးဘာသာ(ဟေဗြဲ) တို့မှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ၎င်းသမ္မာကျမ်းစာသည် ယနေ့တိုင် အသုံးပြုနေသော တစ်ခုတည်းသော သမ္မာကျမ်းစာ ဖြစ်နေသည်။ သိမ်းငှက်တည်းဖြတ်မှုဟူသော ကျမ်းစာမူသစ်တစ်မျိုးကို ပြန်လည် တည်းဖြတ်ခဲ့သော်လည်း မြန်မာပြည် ခရစ်ယာန်အများက ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ ခေတ်သုံးမြန်မာစာ ဟူ၍ မူသစ်တစ်ခု ပြုစုထုတ်ဝေထားသော်လည်း အသုံးပြုမှုတွင်ကျယ်ခြင်း မရှိပါ။ သမ္မာကျမ်းသည် စင်စစ်အားဖြင့် စာတစ်အုပ်တည်းမဟုတ်၊ အုပ်တွဲပေါင်း ၆၆ အုပ်တွင် တစ်ပေါင်းတည်း ပြုစုထားသော ဗဟုသုတပေါင်းစုံသည့်ကျမ်းစာ တစ်ခုဟု ဆိုလောက်သည်။ ခရစ်ယာန်အယူဝါဒ ရောက်ရှိသွားသောနိုင်ငံ မှန်သမျှ၌ သမ္မာကျမ်းကို တိုင်းရင်းဘာသာဖြင့် ဘာသာပြန်ပြီးရှိ၏။ သမ္မာကျမ်းသည် ကမ္ဘာ့စာပေလောက၌ ဘာသာအမျိုးအစုံဆုံးဖြင့် ပြန်ဆိုခြင်းခံခဲ့ရသော ကျမ်းဖြစ်သည်ဟုဆိုရပေမည်။ သမ္မာကျမ်းတစ်ခုလုံးကို ဘာသာပေါင်း ၁ဝ၈ မျိုးဖြင့် ပြန်ဆိုထား၍ တစ်စိတ်တစ်ဒေသကိုမူ ဘာသာပေါင်း ၅ဝဝ ကျော်ဖြင့်ပြန် ဆိုထားလေသည်။ ၁၃၈၂ ခုနှစ်က ဂျွန်ဝစ်ကလစ်ဆိုသူသည် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးပြန်ဆိုခဲ့လေသည်။ သူ့နောက်မှ အထပ်ထပ်ပြင်ဆင်ပြန်ဆိုကြသည်မှာလည်း အများအပြားပင် ဖြစ်သည်။ နောက်ဆုံး ၁၉ ရာစုနှစ်လောက်ကစတင်၍သမ္မာကျမ်း၌ ပါရှိသောကဗျာလင်္ကာများကို အနေအထားမပျက်အောင် စီစဉ်ပုံနှိပ်ကြသည်။ ဓမ္မဟောင်းကျမ်းဓမ္မဟောင်းကျမ်းမှာ ရှေးကရဟူဒီများရေးသားခဲ့သည့် ကျမ်းစာများကိုတစ်စုတည်း တွဲထားခြင်းပင် ဖြစ်သည်။ ယခုသုံးနေကြသောဓမ္မဟောင်းကျမ်းမှာ အချို့သောကျမ်းများကိုပယ်၍ စုပေါင်းထားခြင်းဖြစ်၏။ ထိုပယ်ထားသောကျမ်း ၁၄ တွဲကို 'အပိုကရိုင်းဖား' ဟုခေါ်သည်။ အဓိပ္ပာယ်မှာကွယ်ဝှက်ထားသော ကျမ်းများဟုဆိုလိုသည်။ ဗရင်ဂျီဂိုဏ်းဝင်များက ထိုပယ်ထားသောကျမ်းများကို သုံးမြဲသုံးသော်လည်း၊ ပရိုတက်စတန့်ဂိုဏ်းဝင်တို့ကမသုံးတော့ချေ။ ဓမ္မဟောင်းကျမ်းကို စာပေတစ်ခုအဖြစ်နှင့်သုံးသပ်ကြည့်ပါက ဟီဗြူးစာပေ၏အရသာကို သိရပေလိမ့်မည်။ ဓမ္မဟောင်းကျမ်းတွင်ပါသောဓမ္မသီချင်းများသည် တရားစာများအဖြစ်ထက်ကဗျာအဖြစ်ပို၍ ကောင်းမွန်သည်ကိုတွေ့ရလေသည်။ ဓမ္မဟောင်းကျမ်းတွင် ကဗျာလင်္ကာများသာမက၊ စကားပြေနှင့်ပြဇာတ်သဘောများပါ ပါရှိသေးသည်။ စကားပြေများတွင် ရုသဝတ္ထုသည်ရိုးရိုးနှင့်ပြေပြစ်လှပသောပုံဝတ္ထုကလေးဖြစ်၍ စာပေတွင်အ ကောင်းဆုံး တစ်ခုဟုအသိအမှတ်ပြုကြရသည်။ ဓမ္မဟောင်း ကျမ်းကိုယခုခေတ်စာပေသမားများက အမျိုးမျိုးဝေဖန်ကြလေသည်။ အတွေးအခေါ်သာမဟုတ်၊ စာအရေး အားလည်းအလွန်ကောင်းလှသဖြင့် ထိုကျမ်းကို တစ်ဦးတည်းပြုစုသည်မဟုတ်၊ ပညာရှင်များစုပေါင်းပြုစုခြင်းဖြစ်ရမည်ဟုပင် ယူဆကြသည်။ ယခုအခါထိုကျမ်းကို ဋီကာ၊ အဋ္ဌကထာစသည်ဖြင့်အမျိုးမျိုး ဖွင့်ထားကြသည်။ ဓမ္မဟောင်းကျမ်းတွင် အပိုကရိုင်းဖားခေါ်ကွယ်ဝှက်ထားသောကျမ်းတို့မှာ အယူဝါဒဆိုင်ရာဘက်၌ အရေးမကြီးသကဲ့သို့ ချန်ထားခဲ့သော်လည်း စာပေအဖြစ်ဖြင့်ကားတန်ဖိုးရှိပေသည်။ ထိုကျမ်းများသည်ခံ့ညားသလောက် စာပေအရေးအသားမှာရိုးသား၍ အဓိပ္ပာယ်ပြည့်ဝလှ၏။ ထိုကျမ်း များသည် စာပေဂုဏ်မြောက်လောက်အောင်အရေးအသားကောင်းရုံသာမက ဗဟုသုတအဆီအနှစ်နှင့်လည်း ပြည့်စုံလှသည်။ ဓမ္မဟောင်းကျမ်းကိုခရစ်မပေါ်မီ ၂ဝဝဝ ပြည့်နှစ်တွင်ဂရိဘာသာသို့ပြန်ဆိုခဲ့လေသည်။ တစ်ဖန် လက်တင်ဘာသာသို့ပြန်ခဲ့ပြီးနောက် ခရစ်ယန်အယူဝါဒ၌ သက်ဝင်သည့် တိုင်းပြည်တိုင်းကမိမိတို့၏တိုင်းရင်းဘာသာအသီးသီးသို့ ပြန်ဆိုကြလေသည်။ ဓမ္မဟောင်းကျမ်းတွင် ပါလက်စတိုင်ပြည်သားတို့ကိုးကွယ်ရန် တစ်ဆူတည်းသောဘုရားရှာဖွေကြံဆကြသည့်အဖြစ်အပျက်များပါဝင်သည်။ ဓမ္မသစ်ကျမ်းဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရေးမစ်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။ မြန်မာဘာသာသို့ ပြန်ဆိုခြင်း
![]() ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏ သမ္မာကျမ်းကိုဒေါက်တာ အေဒိုနီယံယုဒသန်သည်ဟေဗြဲ၊ ဟေလာသဘာသာမှ မြန်မာဘာသာဖြင့် အနက် ပြန်ခဲ့လေသည်။ ယုဒသန်ပြန်ဆိုခဲ့သောဓမ္မသစ်ကျမ်းကို ၁၈၃၂ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့သာသနာပုံနှိပ်တိုက်၌ ပထမဆုံးအကြိမ် ရိုက်နှိပ်ခဲ့၏။ ယုဒသန်သည် ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပုံနှိပ်ပြီးစီး လေသည်။ [၁] ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရမိုက်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု(ယေဇူး)၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။ မြန်မာပြည်ရှိ ရိုမန်ကက်သလစ်အသင်းတော်သည်လည်း ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကက်သလစ်မြန်မာကျမ်းစာတော်မြတ်ဘာသာပြန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ဓမ္မသစ်ကျမ်း (၂၇)စောင်၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း(သုတ္တံကျမ်း) နှင့် ဓမ္မဟောင်းတွဲဖက်ကျမ်းများ (Deuterocanonical Books) ပါဝင်သည့် သမ္မာကျမ်းစာ စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းသမ္မာကျမ်းစာ စာအုပ်တွင် ပါဝင်သော လူပုဂ္ဂိုလ်များ၊ မြို့များ၏ အခေါ်အဝေါ်များမှာ ဆရာယုဒသန်ထုတ်ဝေသော သမ္မာကျမ်းစာ၏ အမည်နာမများနှင့် ကွဲလွဲမှုများစွာရှိပေသည်။ အကြောင်းမှာ ၎င်းသမ္မာကျမ်းစာ စာအုပ်ကို ဟီဘရူး၊ ဂရိ၊ လက်တင်နှင့် အင်္ဂလိပ်(RSV) ဘာသာစကားတို့ကို အဓိကထား ဘာသာပြန်ဆိုထားသောကြောင့်ဖြစ်သည်။ ယင်းသမ္မာကျမ်းစာစာအုပ်ကို မြန်မာပြည်ကက်သလစ်အသင်းတော်တွင် လက်ရှိအသုံးပြုလျက်ရှိသည်။ အမည်နာမ ကွဲပြားချက်လက်ရှိ မြန်မာပြည်၏ ပရိုတက်စတင့်အသင်းတော်များ အသုံးများသော ဆရာယုဒသန် မြန်မာပြန်ဆိုသော သမ္မာကျမ်းစာနှင့် မြန်မာပြည် ကက်သလစ်အသင်းတော်၏ လက်ရှိအသုံးပြုလျက်ရှိသော သမ္မာကျမ်းစာ သည် အရေးအသားပိုင်းသာမက အမည်နာမများပါကွဲပြားခြားနားသည်။ သို့သော် အချို့မှာ တူညီမှုရှိသည်။ အသုံးအနှုန်းကွဲပြားမှုကို အောက်တွင် ဥပမာအချို့ ပြသထားသည်။
သမ္မာကျမ်းစာအုပ်သမိုင်း အကြောင်းအဆင့်ဆင့်ဘုရားသခင်၏ ဗျာဒိတ်တော်ဘုရားသခင်၏ ဗျာဒိတ်တော် (Divine Revelation) ဆိုသည်မှာ ထာဝရအရှင် ဘုရားသခင် ကိုယ်တော်တိုင်က လူသားသတ္တဝါ ခပ်သိမ်းတို့အား ပွင့်ပွင့်လင်းလင်း ဖွင့်ဟ မိန့်ကြား၊ ထုတ်ဖော်တော်မူခဲ့သော သမ္မာတရားတော်ကို ခေါ်ဆိုသည်။ ဤဗျာဒိတ်တော်သည် ပထမဦးဆုံး လူသား အာဒံလက်ထက်မှစ၍ သခင်ယေရှုခရစ်တော်၏ တမန်တော်ကြီးများအနက် နောက်ဆုံးသော တမန်တော်ဖြစ်သည့် ရှင်ယောဟန် ပျံလွန်တော်မူသည့် အချိန်ကာလအထိ တိုင်အောင် လူသားတို့အား ဆက်လက်၍ ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်၏ ဗျာဒိတ်တော်သည် လူသားတို့ထံသို့ အဓိကအားဖြင့် နည်းလမ်းနှစ်သွယ်ဖြင့် ရောက်ရှိသည်။ ပထမနည်းမှာ ဘုရားသခင်၏ အလင်းကျေးဇူးတော် လမ်းညွှန်မှုအောက်၌ ရေးသားပြုစုထားသော သမ္မာကျမ်းစာတော်မြတ် (Sacred Scripture) အားဖြင့် ဖြစ်သည်။ ဒုတိယနည်းမှာ သခင်ခရစ်တော်၏ တမန်တော်များ လက်ထက်မှစ၍ ကက်သလစ်အသင်းတော်ကြီးမှ အစဉ်အဆက် နှုတ်ဖြင့် သင်ကြားခဲ့သော တရားတော် (Sacred Tradition) အားဖြင့် ဖြစ်သည်။ ဤနည်းလမ်းနှစ်သွယ်သည် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဘုရားသခင်၏ ဗျာဒိတ်တော် တစ်ခုလုံးကို ပြည့်စုံစေသည်။ သမ္မာကျမ်းစာ၏ သဘာဝနှင့် မူရင်းရေးသားခြင်းသမ္မာကျမ်းစာသည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်နှင့် လှုံ့ဆော်မှုအားဖြင့် ညွှန်ပြ၊ နှိုးဆော်တော်မူသမျှကို လူသားများက ပေထက်အက္ခရာတင်၍ ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပါတ်တော် ဖြစ်သည်။ ဤကျမ်းစာကို ပြုစုသူ အဓိက ပုဂ္ဂိုလ်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ၎င်းကျမ်းစာကို ရေးသားခဲ့သည့် လူပုဂ္ဂိုလ်များသည် ဘုရားသခင်၏ အသုံးတော်ခံများ ဖြစ်ကြပြီး ၎င်းတို့၏ လွတ်လပ်ခွင့်နှင့် ကျိုးကြောင်းဆင်ခြင်တုံဉာဏ်ကို လွတ်လပ်စွာ အသုံးပြု ရေးသားခဲ့ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်၏ စကားတော်ဖြစ်သကဲ့သို့ လူသားတို့၏ ရေးသားမှုလည်း ပါဝင်သည်။ သမ္မာကျမ်းစာသည် စိတ်ချယုံကြည်ရသော သမိုင်းဝင် မှတ်တမ်းများလည်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ပါဝင်သည့် ကျမ်းစောင်များကို ရှေးခေတ်က ပေရွက်များ၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများပေါ်တွင် ရေးသား၍ လိပ်ထားခဲ့ကြရာ ကျမ်းစာလိပ်များဟု ခေါ်ဆိုခဲ့သည်။ ယခုမျက်မှောက်ခေတ် စာအုပ်များကဲ့သို့ မရှိခဲ့သေးပေ။ သမ္မာကျမ်းစာတွင် ပထမဆုံး ရေးသားခဲ့သည့် ကမ္ဘာဦးကျမ်းနှင့် နောက်ဆုံးရေးသားခဲ့သည့် ဗျာဒိတ်ကျမ်းတို့သည် နှစ်ပေါင်း ၁၅၀၀ ခန့် ကွာခြားသည်။ နှစ်ပေါင်းများစွာ ကာလအတွင်း ရေးသားခဲ့သည့် ကျမ်းစာလိပ်များကို စုစည်း၍ စာအုပ်တစ်အုပ်အဖြစ် ချုပ်လုပ်ထားခြင်းဖြစ်ရာ "စာကြည့်တိုက်ကလေး" ဟုလည်း တင်စားခေါ်ဝေါ်နိုင်သည်။ "Bible" ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာပြီး "książki" (စာအုပ်များ) ဟု အဓိပ္ပာယ်ရသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများခရစ်ယာန်တို့ ကိုင်ဆောင်ဖတ်ရှုသည့် သမ္မာကျမ်းစာတွင် ပင်မ အပိုင်းနှစ်ပိုင်း ပါဝင်သည်။
ဓမ္မဟောင်းကျမ်း ၄၆ စောင်နှင့် ဓမ္မသစ်ကျမ်း ၂၇ စောင် ပေါင်းစပ်ထားသော စုစုပေါင်း ၇၃ ကျမ်းကို ကက်သလစ်ခရစ်ယာန်တို့၏ သမ္မာကျမ်းစာအုပ် (Bible) ဟု ခေါ်သည်။ ဤကျမ်း ၇၃ ကျမ်းသည် နှစ်ပေါင်း ၁၅၀၀ ခန့် ကာလအတွင်း တစ်ခေတ်ပြီးတစ်ခေတ် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ရေးမှတ် ထားသည့် ကျမ်းစာအုပ်များ ဖြစ်သည်။ ကျမ်းရေးသားသူ ပုဂ္ဂိုလ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုအောက်၌ ရေးသားခဲ့ကြပြီး လူ့အလွှာပေါင်းစုံမှ လာကြသူများ ဖြစ်သည်။ ဥပမာအားဖြင့် မောရှေ၊ ဒါဝိဒ်၊ ဟေရှာယ၊ ယေဇကျေလ၊ အာမုတ်၊ ရှင်လုကာ၊ ရှင်မဿဲ၊ ရှင်ပေတရု၊ ရှင်ပေါလု စသူတို့ ပါဝင်သည်။ ကျမ်းရင်းပကတိကို ရွေးချယ်ခြင်း (Canon Formation)အသင်းတော်၏ ရှေးဦးအစ ကာလတွင် ခရစ်ယာန်ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် စာပေများစွာ ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့ထဲတွင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို အမှန်တကယ် မှတ်တမ်းတင်ထားသည့် ကျမ်းများ ရှိသကဲ့သို့ ချဲ့ထွင် ရေးသားထားသည့် ကျမ်းများနှင့် အခြားစာပေများလည်း ပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းညွှန်လှုံ့ဆော်မှုနှင့် အလင်းကျေးဇူးတော်အားဖြင့် ကက်သလစ်အသင်းတော်ကြီးသည် ၎င်း၏ နှုတ်ဖြင့်သင်ကြားလာခဲ့သော ဗျာဒိတ်တော်ကို အခြေခံ၍ မည်သည့်ကျမ်းများသည် ဘုရားသခင်၏ နှုတ်ကပါတ်တော် စစ်မှန်ကြောင်းကို ဆုံးဖြတ်ရန် သံဃာယနာတင် အစည်းအဝေးပွဲများ (Synods/Councils) ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးများမှတစ်ဆင့် ကျမ်းအတု၊ ကျမ်းအမှား အများအပြားထဲမှ ဘုရားသခင်၏ လှုံ့ဆော်မှုဖြင့် ရေးသားထားသည့် ကျမ်းမှန်များကို စိစစ်ရွေးထုတ် စုစည်းကာ ယုံကြည်သူများအတွက် တရားဝင် သမ္မာကျမ်းစာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ကျမ်းရင်းပကတိဆိုင်ရာ သမိုင်းကြောင်းအစောပိုင်းကာလများတွင် ခရစ်ယာန်များသည် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည့်အတွက် မူရင်းကျမ်းစာလိပ်များကို စုစည်းရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ခရစ်နှစ် ၃၁၃ ခုနှစ်တွင် ကွန်စတန်တိုင်း ဧကရာဇ်လက်ထက်၌ ရောမအင်ပါယာ တစ်ခုလုံးတွင် ဘာသာရေး လွတ်လပ်ခွင့် ရရှိလာပြီးနောက် အသင်းတော်သည် သမ္မာကျမ်းစာ ကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများကို စနစ်တကျ စတင် ဆောင်ရွက်လာနိုင်ခဲ့သည်။
ဤသမိုင်းဖြစ်စဉ်များမှတစ်ဆင့် ကက်သလစ်အသင်းတော်ကြီးသည် တစ်ကမ္ဘာလုံးသုံး လက်ရှိ သမ္မာကျမ်းစာအုပ်တွင် ပါဝင်ရမည့် ကျမ်း ၇၃ စောင်ကို တရားဝင် ခွဲခြားသတ်မှတ် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျမ်းရင်းပကတိဆိုင်ရာ ကွာခြားချက်များ (Differences in Canon)ဓမ္မဟောင်း တွဲဖက်ကျမ်းများ (Deuterocanonical Books)သမ္မာကျမ်းစာ၏ ကျမ်းရင်းပကတိ (Canon) နှင့် ပတ်သက်၍ ကက်သလစ်နှင့် ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းများအကြား ကွဲပြားမှု ရှိသည်။ ဤကွဲပြားမှုသည် အဓိကအားဖြင့် ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော ကျမ်းအရေအတွက်ကြောင့် ဖြစ်သည်။ ကက်သလစ်ကျမ်းစာတွင် ပါဝင်သော်လည်း ပရိုတက်စတင့် ကျမ်းစာတွင် မပါဝင်သည့် ဓမ္မဟောင်းကျမ်း ၇ စောင်နှင့် အချို့သော ကျမ်းပိုဒ်များ ရှိသည်။
အခန်းကြီး/အခန်းငယ် ခွဲခြားခြင်းအစောပိုင်းကာလများတွင် သမ္မာကျမ်းစာတော်မြတ်ကို အခန်းကြီး၊ အခန်းငယ်များ ခွဲခြားထားခြင်း မရှိသေးသည့်အတွက် လေ့လာဖတ်ရှုရာ၌ အခက်အခဲများ ရှိခဲ့သည်။ ကက်သလစ်အသင်းတော်ကြီး၏ အစည်းအဝေးများမှ စစ်ဆေးရွေးချယ် စုစည်းပေးလိုက်သည့် သမ္မာကျမ်းစာအုပ်ကို လေ့လာမှု လွယ်ကူစေရန်အတွက် နောင်တွင် အခန်းကြီးနှင့် အခန်းငယ်များ ခွဲခြားလာခဲ့ကြသည်။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးကို အခန်းကြီး၊ အခန်းငယ်များ ခွဲခြားပေးလိုက်ပြီးနောက် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရန် ပိုမို လွယ်ကူလာခဲ့သည်။ သမ္မာကျမ်းစာ ပုံနှိပ်ခြင်းနှင့် ခေတ်မီဖြန့်ချိခြင်းခရစ်နှစ် ၁၄၅၆ ခုနှစ်တွင် ဂျိုဟန် ဂူတင်ဘာ့ဂ် (Johannes Gutenberg - ကက်သလစ်ဘာသာဝင်) က မိုင်းဇ် (Mainz) မြို့၌ ပထမဆုံး ပုံနှိပ်စက်ကို တီထွင်ခဲ့ပြီး ပထမဆုံး ပုံနှိပ်ထားသော စာအုပ်အဖြစ် လက်တင်ဘာသာစကားဖြင့် ရေးသားထားသည့် ဗားလ်ဂိတ် (Vulgate) သမ္မာကျမ်းစာကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ခရစ်နှစ် ၄၀၀ မှ ၁၄၄၀ ခုနှစ်များအတွင်း၌ ပုံနှိပ်စက် မပေါ်ပေါက်သေးမီကာလတွင် ကက်သလစ် ရသေ့ရဟန်းများသည် သမ္မာကျမ်းစာလိပ်များကို သားရေပြားများပေါ်တွင် လက်ဖြင့် ကူးယူရေးသား၍ လက်ဆင့်ကမ်း ဖြန့်ဝေခဲ့ကြသည်။ ထိုမူရင်းကျမ်းစာ (လက်ရေးမူ) များကို ကက်သလစ်အသင်းတော်ကြီးက ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည် (မှတ်ချက်။ ။ မူရင်းရေးသားသူများ၏ လက်ရေးမူ (autographs) များ ယနေ့တိုင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ရှေးအကျဆုံးနှင့် တိကျသော ကူးယူမှုများကို ထိန်းသိမ်းထားခြင်း ဖြစ်သည်)။ ခရစ်နှစ် ၁၄၅၆ မှ ၁၅၂၀ ခုနှစ်များအတွင်း ပရိုတက်စတင့်ဂိုဏ်းများ မပေါ်ပေါက်မီကာလ၌ပင် ကက်သလစ်အသင်းတော်ကြီးသည် သမ္မာကျမ်းစာကို လက်တင်ဘာသာဖြင့် အကြိမ်ပေါင်း ၁၀၀ ကျော်၊ ဂျာမန်ဘာသာဖြင့် ၂၇ ကြိမ်၊ အီတလီဘာသာဖြင့် ၂၅ ကြိမ်အပါအဝင် ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ စသည့် ဘာသာစကားမျိုးစုံဖြင့် အကြိမ်ပေါင်း ၆၂၆ ကြိမ်အထိ ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပရိုတက်စတင့်တို့၏ ပထမဆုံး ပုံနှိပ်ထုတ်ဝေသော သမ္မာကျမ်းစာမှာ ခရစ်နှစ် ၁၅၂၂ ခုနှစ်တွင် မာတင်လူသာက ဂျာမန်ဘာသာသို့ ပြန်ဆို၍ ပုံနှိပ်ထုတ်ဝေခဲ့သည့် ဓမ္မသစ်ကျမ်းစာ ဖြစ်သည်။ နောင်ပိုင်းကာလများ၌ ကက်သလစ်အသင်းတော်ကြီး၊ ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းကွဲများ၊ ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီးများနှင့် အခြားကျမ်းစာ ထုတ်ဝေရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ကြိုးပမ်းမှု၊ အထူးသဖြင့် ၂၀ ရာစုနှင့် ၂၁ ရာစုများတွင် သိပ္ပံပညာ တိုးတက်လာမှုတို့ကြောင့် သမ္မာကျမ်းစာကို ဘာသာစကားမျိုးစုံဖြင့် အကြိမ်ပေါင်းများစွာ ပုံနှိပ် ထုတ်ဝေလျက်ရှိသည်။ ထို့အပြင် ရှုထောင့်သစ်များ၊ အမြင်သစ်များနှင့် မျက်မှောက်ခေတ်သုံး စကားလုံးများဖြင့်လည်း အထပ်ထပ်အခါခါ ဘာသာပြန်ဆိုခြင်းများ ပြုလုပ်လျက် ရှိသည်။ ကက်သလစ်အသင်းတော်၏ သမ္မာကျမ်းစာဆိုင်ရာ သွန်သင်ချက် အနှစ်ချုပ်ကက်သလစ်အသင်းတော်၏ သမ္မာကျမ်းစာတော်မြတ်နှင့် ပတ်သက်သည့် သွန်သင်ချက်ကို အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြနိုင်ပါသည်။
ကက်သလစ်ကျမ်းစာ (၇၂) စောင်ကျမ်းရင်းပကတိဆိုင်ရာ ကွာခြားချက်များ (Differences in Canon)သမ္မာကျမ်းစာ၏ ကျမ်းရင်းပကတိ (Canon) နှင့် ပတ်သက်၍ ကက်သလစ်နှင့် ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းများအကြား ကွဲပြားမှု ရှိသည်။ ဤကွဲပြားမှုသည် အဓိကအားဖြင့် ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော ကျမ်းအရေအတွက်ကြောင့် ဖြစ်သည်။ ဓမ္မဟောင်း တွဲဖက်ကျမ်းများ (Deuterocanonical Books)ကက်သလစ်ကျမ်းစာတော်မြတ်တွင် ပါဝင်သော်လည်း ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် မပါဝင်သော ဓမ္မဟောင်းကျမ်း ၇ စောင် ရှိသည်။ ထိုကျမ်းများကို ကက်သလစ်တို့က "ဓမ္မဟောင်း တွဲဖက်ကျမ်းများ" (Deuterocanonical) ဟုခေါ်ကြသည်။ ပရိုတက်စတင့် တို့ကမူ "အာပိုခရိဖာ" (Apocryphal) ဟုခေါ်ကြသည်။ (မြန်မာနိုင်ငံတွင် ယခင်က "အပယ်ခံကျမ်း" ဟုလည်း အသုံးရှိခဲ့ဖူးသည်။) ထိုဓမ္မဟောင်းကျမ်း ၇ စောင်တွင် ပါဝင်သော ကျမ်းများမှာ တိုဘိဝတ္ထု (Tobit)၊ ဂျူဒစ်ဝတ္ထု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မက္ခာဘေဦးသမိုင်း (ပထမတွဲနှင့် ဒုတိယတွဲ) (1 and 2 Maccabees)၊ ဉာဏ်ပညာကျမ်း (Wisdom, or Wisdom of Solomon)၊ နီတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ ဖြစ်ကြသည်။ ဒံယေလအနာဂတ္တိကျမ်းနှင့် ဧသတာဝတ္ထုကျမ်းများမှ အချို့သော ကျမ်းပိုဒ်များလည်း ပါဝင်သည်။ ဤဓမ္မဟောင်း တွဲဖက်ကျမ်းများသည် ဘီစီ ၃ ရာစုခန့်က ဟေဗြဲဘာသာမှ ဂရိဘာသာသို့ ပြန်ဆိုထားသော ဓမ္မဟောင်းကျမ်း (Septuagint) တွင် ပါဝင်ခဲ့ကြသည်။ Septuagint ကျမ်းသည် တမန်တော်ကြီးများနှင့် ၎င်းတို့ နောက်ပိုင်း မျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်း ဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမ္မဟောင်းကျမ်းများထဲမှ အစောဆုံး လက်ရေးမူများဖြစ်သည့် Codex Sinaiticus (၄ ရာစု) နှင့် Codex Alexandrinus (၅ ရာစုခန့်) တို့တွင် အထက်ဖော်ပြပါ ဓမ္မဟောင်း တွဲဖက်ကျမ်းများကို အခြားသော ကျမ်းများနှင့်အတူ ထည့်သွင်းထားသည်ကို တွေ့ရသည်။ ခရစ်နှစ် ၃၉၃ ခုနှစ်တွင် ဟစ်ပိုမြို့၌ ပြုလုပ်သော အသင်းတော် စည်းဝေးကြီးနှင့် ၃၉၇ ခုနှစ်နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ချ်မြို့၌ ပြုလုပ်သော စည်းဝေးပွဲကြီးတို့က ထိုကျမ်း ၇ စောင်ကို အခြားသော ကျမ်း ၆၆ စောင်နှင့်အတူ ကျမ်းစာတော်မြတ်တွင် ထည့်သွင်း အတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမ္ဘာလုံးဆိုင်ရာ အသင်းတော် (Universal Church) ကလည်း လက်ခံခဲ့သည်။ ၁၆ ရာစုတွင် ထရန့်မြို့၌ ကျင်းပခဲ့သော အသင်းတော် စည်းဝေးကြီး (Council of Trent) ကလည်း ထိုကျမ်းများကို ထပ်မံ အတည်ပြုပေးခဲ့သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ပရိုတက်စတင့်တို့က ၎င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထားသနည်း။ အမှန်တကယ်တွင် ပရိုတက်စတင့် ပြုပြင်ရေးဝါဒီ မာတင်လူသာ (Martin Luther) က ၎င်းတို့ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ခရစ်ယာန် ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များ ပါဝင်ပါက ထိုကျမ်းများ၏ အရေးပါမှုကို ငြင်းဆိုလေ့ရှိသည်။ ဓမ္မဟောင်း တွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသော ကျမ်းပိုဒ်များ ပါဝင်ကြသည့်အပြင် ငရဲငယ် (Purgatory) တည်ရှိကြောင်းကိုလည်း သွန်သင်ထားသည် (ဥပမာ - ၂ မက္ခာဘေဦး ၁၂:၃၉-၄၆)။ မာတင်လူသာသည် ထိုရှေးဟောင်း သွန်သင်ချက်နှင့် အသင်းတော်၏ ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့် ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။ ဓမ္မဟောင်း တွဲဖက်ကျမ်းများတွင် ပါဝင်သော ကျမ်းများသည် အခြားသော ဓမ္မဟောင်းကျမ်းများနှင့် ရေးသားသည့် ပုံစံဆင်တူသည်။ ဉာဏ်ပညာကျမ်းနှင့် နီတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် တူသည်။ တိုဘိဝတ္ထုသည် ယောဘဝတ္ထုနှင့် တူသည်။ ဂျူဒစ်ဝတ္ထုသည် ဧသတာဝတ္ထုနှင့် အလားသဏ္ဌာန်တူသည် (ဟေဗြဲ အမျိုးသမီး သူရဲကောင်းနှစ်ဦးသည် မိမိတို့ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများ ဖြစ်သည်)။ မက္ခာဘေဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမ္မရာဇဝင်နှင့် ရာဇဝင်ချုပ်ကျမ်းများကဲ့သို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသော ကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ယေရမိအနာဂတ္တိကျမ်းနှင့် အလားသဏ္ဌာန်တူသည်။ ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်း တွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက် အတော်များများတွင် ထပ်တူနီးပါး ပြန်ပြောင်း ပြောဆိုထားသည် (ဥပမာ - ဗျာဒိတ်တော်ကျမ်း ၁:၄ နှင့် ၈:၃-၄ တို့သည် တိုဘိဝတ္ထု ၁၂:၁၅ ကို ကိုးကားထားဟန်ရှိသည်။ ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅:၂၉ သည် ၂ မက္ခာဘေဦး ၁၂:၄၄-၄၅ ကို ရည်ညွှန်းပြီး၊ ဟေဗြဲဩဝါဒစာ ၁၁:၃၅ သည် ၂ မက္ခာဘေဦး ၇:၂၉ ကို ထင်ဟပ်ပြနေသည်)။ ခရစ်နှစ် ၉၀ ခုနှစ်ခန့်က ဂျူးဘာသာဝင်များက ၎င်းတို့၏ ကျမ်းရင်းပကတိ (ဟေဗြဲကျမ်း) မှ ထိုကျမ်းများကို ပယ်ထုတ်ခဲ့ခြင်းသည် ပရိုတက်စတင့်တို့က ထိုဟေဗြဲကျမ်းရင်းပကတိ (ဓမ္မဟောင်း ၃၉ ကျမ်း) ကို လက်ခံခြင်းနှင့် ဆက်စပ်နေသည်။
ကျမ်းရင်းများ
ဆက်စပ်ဖတ်ရှုရန်
အခြားကြည့်ရန်
မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia