အောင်ကျော်ကျော်
ဗိုလ်ချုပ် အောင်ကျော်ကျော် (၁၉၆၆ ဖွား) သည် မြန်မာတပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်မှူး နှင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ အောက်မြန်မာပြည်ကွပ်ကဲရေးမှူး ဖြစ်ခဲ့သည်။ စစ်မှုထမ်းဘဝသူသည် စစ်တက္ကသိုလ် အပတ်စဥ် ၃၂ ဆင်း ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ကြည်း ၂၂၅၆၈ ဖြင့် စစ်မှုထမ်းသည်။တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်တွင် တာဝန်ထမ်းဆောင်သည်။[၂]ထို့နောက် စစ်ကောင်စီက နေပြည်တော်အခြေစိုက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ရုံးအောက်တွင် ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အပြင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ဟု ဌာနနှစ်ခုခွဲလိုက်ပြီး ဗိုလ်မှူးချုပ်နှစ်ဦးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးကာ ကွပ်ကဲရေးမှူးများအဖြစ် ဖွဲ့စည်းပုံအသစ်တိုးလိုက်ရာတွင် သူသည် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (အောက်မြန်မာပြည်)၏ ကွပ်ကဲရေးမှူးဖြစ်လာသည်။[၃]ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်သည်။ ဒုဝန်ကြီးဘဝသူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၄/၂၀၂၅ ဖြင့် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် အစိုးရအဖွဲ့ တွင်တာဝန်ပေးသည်။ထိုနေ့မှာပင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီ ကိုအရပ်ဘက်ပြောင်းလိုက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ ပြောင်းလိုက်၍ ထိုနေရာကို ဆက်ခံသည်။ ရရှိသောဆုများ၂၀၂၂ ခုနှစ် ဇန်နဝါ၇ီ ၄ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်သည်။[၄] ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုတံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကို ချီးမြှင့်သည်။[၅]
ကိုးကား
|
Portal di Ensiklopedia Dunia