စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့(ကကလှမ်း)ကို ဖျက်သိမ်းပြီး တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပထမဆုံး တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်သည်။ လက်ရှိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ကြည်း-၂၁၄၄၀) (ဗသက - ၇၇) ဖြစ်သည်။ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဗိုလ်မှူးချုပ် မင်းသူ (စတသ - ၃၇) ဖြစ်သည်။
သမိုင်း၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် စစ်မဟာ ဗျူဟာ လေ့လာရေး ဌာနကြီး (The Office of Strategic Studies) နှင့် တပ်မတော်ထောက်လှမ်းရေး (Defence Service Military Intelligence) ကို ဗိုလ်ချုပ်ကြီးခင်ညွန့် အား ထုတ်ပယ်စဉ်မှစ၍ ပယ်ဖျက်ခဲ့သည်။ နည်းဗျူဟာ လေ့လာရေး ဌာနကြီးမှ တပ်ရင်း လေးရင်းကို ရန်ကုန် စစ်ထောက်လှမ်းရေးကို ထိန်းသိမ်းရန် ညွန်ကြားခဲ့သည်။ တချိန်တည်းမှာပင် အခြား စစ်ထောက်လှမ်းရေးများကိုလည်း ထိန်းသိမ်းခဲ့သည်။ စစ်ထောက်လှမ်းရေး တပ်သား သုံးပုံ နှစ်ပုံခန့် နှစ်ရှည် ထိန်းသိမ်းခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည် အစားထိုးရန် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်နှစ်ကုန်ပိုင်းတွင်၎င်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဖက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်၎င်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယခင်က ထောက်လှမ်းရေးတပ်များကို တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသော်လည်း တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကို ပြန်လည်ဖွဲ့စည်းပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုနှင့်မလွတ်ကင်းစေရန် စစ်တိုင်းများတွင် စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) တစ်နေရာ ထည့်သွင်းကာ ပြန်လည်ထိန်းညှိဖွဲ့စည်းခဲ့သည်။သို့သော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ရုံး၏တိုက်ရိုက်ကွပ်ကဲမှု တပ်စု၊ သီးသန့်တပ်ဖွဲ့၊တန်ပြန်တပ်ဖွဲ့များလည်းရှိသည်။ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်သည်- [၁]
ဖွဲ့စည်းပုံတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ-
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကွပ်ကဲမှုလက်အောက်ရှိ တပ်/ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။
(ရေကြည်အိုင်၊ရွှေပြည်သာ၊မန္တလေးနန်းတွင်း)စစ်တိုင်းအလိုက်စစ်ကြောရေးစခန်းများ း[၂] ကိုးကား
|
Portal di Ensiklopedia Dunia