အောင်ကျော်ဟိုး
ဦးအောင်ကျော်ဟိုး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၃] ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်သည်။ [၄] စစ်မှုထမ်းဘဝသူသည် ဗိုလ်သင်တန်း အပါတ်စဉ် ၇၇ (OTS – 77) ဆင်း ဖြစ်သည်။တပ်မတော်တွင် နှစ် ၃၀ကျော် တာဝန် ထမ်းဆောင်သည်။၂၀၁၅ ခုနှစ် ဧပြီလ ထဲတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။[၅] သူသည် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ညွှန်ကြားပါက တပ်မတော်ဘက်က စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု ပြောစကားမှာလည်း ထင်ရှားခဲ့သည်။[၆] [၇] ပြည်ထောင်စုဝန်ကြီးဖြစ်လာပုံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမြဲတမ်းအတွင်းဝန် အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်သည်။[၈] သူသည် ဗိုလ်မှူးချုပ် အဖြစ်မှ အငြိမ်းစားယူကာ ဝန်ကြီးဖြစ်လာခြင်း ဖြစ်သည်။ ချီးမြှင့်ခံရသည့်ဘွဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia