အောင်နိုင်ဦး
ဦးအောင်နိုင်ဦး (၁၉၆၁ ဖွား) သည် ဝန်ကြီးဌာန(၅)ခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ သူသည် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ကာ အဓိကကျသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅] တာဝန်ထမ်းဆောင်မှုအောင်နိုင်ဦးသည် ဝိဇ္ဇာဘွဲ့ရ ဖြစ်သည်။ [၆] မြန်မာတပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၇] ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနတွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [၈] ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးဌာနများရုံးရှိ ဌာနာများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ၂၀၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၂ မှ ၂၀၁၉ ခုနှစ်အကြာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ယင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ဝန်ကြီးဘဝတပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။[၉] [၅] ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် တာဝန်ပေးခံရပြီး ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဝန်ကြီးအဖြစ်မှ အနားယူခဲ့သည်။ ပုဂ္ဂိုလ်ရေးဘဝဦးအောင်နိုင်ဦးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia