အေးချမ်းသာရွာ၊ ပုလဲမြို့နယ်
အေးချမ်းသာရွာ (အင်္ဂလိပ်: Ayechanthar)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၂၁၀ ဖြစ်သည်။ [၁] ၂၀၂၁ ဖြစ်စဉ်၂၀၂၁ ခု၊ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းတွင် စစ်တပ်မှ ရွာသို့ဝင်ကာ ပစ်ခတ်သည်။ [၂] အသက် ၁၈ နှစ်အရွယ် ထွန်းမြင့်မှာ ရွာလမ်း၌ပင် ကျည်ထိ၍ မပြေးနိုင် ကျန်သည်တွင် ရိုက်နှက်သတ်ဖြတ်ခံရသည်။ အသက် ၁၃ နှစ်အရွယ် နေထက်ဦးမှာ ဆည်ဘက်သို့ ပြေးရာ ဆက်သွားရန် လမ်းမရှိတော့စဉ် ပစ်သတ်ခံရသည်။ ရွာအား မီးရှို့စဉ် အိမ်တလုံးတွင်ပုန်းနေသော အသက် ၂၆ နှစ်အရွယ် မင်းမင်းပါ မီးထဲပါ၏။ [၃] မြိုင်-ပုလဲ ပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားနေသဖြင့် အနီးအနားရှိ အေးချမ်းသာ၊ ကျောက်ကုန်း၊ ပန်းတော်ပြင်၊ ဌေးအောင်၊ တောင်ရွာသစ် စသည်တို့ကို စစ်တပ်မှ တောခြောက်သည့်အခြေဖြင့် ရွာထဲဝင်၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုရာ ရွာသားတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia