အေးရှန်းဝင်း လေကြောင်းလိုင်း
အေးရှန်းဝင်း လေကြောင်းလိုင်း (အင်္ဂလိပ်: Asian Wings Airways) သည် ရပ်နားသွားသော မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင် ဝန်ဆောင်မှုပေးခဲ့သည်။[၂] ATR-72-500 အမျိုးအစား လေယာဉ် ၃ စီးနှင့် အဲဘတ် အေ၃၂၁-၁၀၀ အမျိုးအစား လေယာဉ် ၁ စီး ဖြင့် မြန်မာနိုင်ငံ အချက်အချာ မြို့များသို့ ပျံသန်းခဲ့သည်။ အေးရှန်းဝင်း လေကြောင်းလိုင်းကို ဆန်းဖား ခရီးသွား ကုမ္ပဏီမှ ပိုင်ဆိုင်သည်။[၃] ၂၀၁၃ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်းသည် အေးရှန်းဝင်း လေကြောင်းလိုင်း၏ စတော့ရှယ်ယာ ၄၉% ကို ဂျပန်ယန်းငွေ သန်း ၃၀၀၀ တန်ဖိုးဖြင့် ဝယ်ယူမည်ဟု ကြော်ငြာခဲ့သည်။[၄] သိုသော်လည်း ၂၀၁၄ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်း၏ ဒါရိုက်တာများ အစုအဖွဲ့က အေးရှန်းဝင်း လေကြောင်းလိုင်းတွင် ရင်းနှီးမြုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။[၅] ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လေကြောင်းလိုင်းအား ရပ်နားခဲ့သည်။[၆] လေယာဉ်များ
ပျံသန်းရာမြို့များ
ထပ်မံကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia