နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
![]() နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (ယခင်အမည် အေလာလေဆိပ်) သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်မြို့မှ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာ အေလာနှင့်လယ်ဝေးမြို့ တို့အကြားတွင် တည်ရှိသည်။ နေပြည်တော်မြို့ မတည်မီကာလများက အနီးရှိ ပျဉ်းမနားမြို့ ကိုအစွဲပြု၍ ပျဉ်းမနားလေဆိပ် ဟုလည်းခေါ်ဆိုကြသည်။ လေဆိပ်ကို ၂၀၁၁ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် တို့မှအခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။[၁] [၂] အဖြစ်အပျက်များ၂၀၂၅ ငလျင်ဒဏ်၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၇.၇ မဂ္ဂနီကျုငလျင်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေးတာဝါ ပြိုကျခဲ့ပြီး၊ ထိုအချိန်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၅) ဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရှိရသည်။[၃] ဤအဖြစ်အပျက်ကြောင့် လေဆိပ်သည် ယာယီပိတ်ထားရပြီး၊ ပြုပြင်ထိန်းသိမ်းမှုများ ပြီးဆုံးသောနောက်၊ ဧပြီလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။[၄] လေဆိပ်ချဲ့ထွင်မှုအဆင့်ဆင့်နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး သည် တစ်နှစ်လျှင် ခရီးသည် ၃.၅သန်း ကိုင်တွယ်နိုင်စွမ်းရှိပြီး စင်ကာပူအခြေစိုက် CPG Corporationမှ ဒီဇိုင်းရေးဆွဲခဲ့သည်။ CPG Corporationသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ရေးပရောဂျက်တွင် ဒီဇိုင်းရေးဆွဲခဲ့သည့်အပြင် စင်္ကာပူ ချန်ဂီ လေဆိပ်နှင့် ဗီယက်နမ်နိုင်ငံ၊လာအိုနိုင်ငံရှိ လေဆိပ်များ၏ အဓိကဒီဇိုင်းရေးဆွဲသူလည်း ဖြစ်သည်။ ၂၀၀၉ခုနှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ရေးလုပ်ငန်းကို Asia Worldကုမ္ပဏီမှ စတင်ဆောင်ရွက်ခဲ့သည်။ လေဆိပ်တည်ဆောက်မှု ပြီးစီးသွားပါက လေယာဉ်ပြေးလမ်း၂ခုနှင့် ခေတ်မီစနစ်များ၊ဝန်ဆောင်မှုများပါဝင်သော တာမီနယ်၃ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ လေဆိပ်ချဲ့ထွင်မှု အစီအစဉ်ကို အောက်ပါအဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆင့် ၁နေပြည်တော်လေဆိပ် တည်ဆောက်မှု ပထမအဆင့်အား ၂၀၀၉-၂၀၁၁ကာလတွင် အပြီးသတ်ခဲ့သည်။ ထိုအဆင့်တွင်
နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာခရီးသည်၂သန်း၊ ပြည်တွင်းခရီးသည်၁.၅သန်း၊ စုစုပေါင်းခရီးသည် ၃.၅သန်း ကိုဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အဆောက်အဦးကို
အရှေ့၊အနောက်နှင့်မြောက်ခန်းမသုံးခုကို အခက်အလက်သုံးခုသဖွယ် တည်ဆောက်ထားပြီး အဓိကခန်းမဆောင်ဖြင့် အလယ်မှချိတ်ဆက်ထားသည်။ မြေညီထပ်နှင့်ပထမထပ် စုစုပေါင်းကြမ်းခင်းဧရိယာသည် ၆၃၀၀၀စတုရန်းမီတာ ဖြစ်သည်။ အထပ်နှစ်ထပ်ပါဝင်သော လေဆိပ်အဆောက်အဦးကို ကွန်ကရစ်တိုင်များဖြင့် ထောက်ကန်ထားသည်။ မြေညီထပ်သည် ဆိုက်ရောက်ခရီးသည်များအတွက်ဖြစ်ပြီး ပထမထပ်သည် ထွက်ခွာခရီးသည်များအတွက်ဖြစ်သည်။ အနောက်ဘက်ခန်းမဆောင်သည် ပြည်တွင်းခရီးစဉ်များအတွက်ဖြစ်ပြီး မြောက်ဘက်နှင့်အရှေ့ဘက်ခန်းမဆောင်များသည် နိုင်ငံတကာခရီးစဉ်များအတွက်ဖြစ်သည်။ လေဆိပ်ချဉ်းကပ်လမ်းမှာ လမ်းနှစ်ကြော၊ ဖောလိမ်းဖြစ်ပြီး ၁၅၀၀မီတာ ရှည်လျားသည်။ ကားပါကင်သည် အလျား၂၀၀မီတာ၊ အနံ ၁၀၇ မီတာ၊ စုစုပေါင်းဧရိယာ ၂၁၄၀၀ စတုရန်းမီတာ ရှိသည်။ အမြင့်၆၂မီတာရှိသော လေကြောင်းထိန်းမျှော်စင်သည် ပရောဂျက်ပထမ၊ ဒုတိယနှင့် တတိယအဆင့်များအားလုံးတွင် ညွှန်ကြားမှုများပေးနိုင်သည်။ အဆင့် ၂ဒုတိယအဆင့်မှာ မူလရှိပြီးသော လေဆိပ်အဆောက်အဦးရှေ့တွင် အလျားပေ ၁၂၀၀၊အနံပေ ၁၂၀၀ရှိသော လေယာဉ်ရပ်နားရာကွက်လပ်တစ်ခု၊ အ ရေးကြီးပုဂ္ဂိုလ်များ လေယာဉ်ရပ်နားရာကွက်လပ်တစ်ခု၊လေဆိပ်အဆောက်အဦးတွင် ရွေ့လျားတံတားအသစ် ၄ ခုတပ်ဆင်ခြင်း၊ လေယာဉ်ခရီးစဉ်တွင်း အကျွေးအမွေးပြင်ဆင်ရေး အဆောက်အဦတစ်ခု၊ အစိုးရ အဆောက်အဦးနှင့် လေဆိပ် ထိန်းသိမ်းစောင့်ရှောက်မှုဌာနများပါဝင်သည်။ အဆင့် ၃တတိယအဆင့်တွင်မူ ရွေ့လျားတံတားအသစ် ၁၇ ခုထပ်မံတပ်ဆင်ခြင်း၊ အလျားပေ ၁၂၀၀၊ အနံပေ ၁၀၀ ရှိသော အပြိုင်အနေအထားရှိတက္ကစီဝေး၊ လေဆိပ်အဆောက်အဦးရှေ့တွင် အလျားပေ ၁၂၀၀၀၊ အနံပေ ၁၀၀ရှိသော ဒုတိယမြောက်လေယာဉ်ပြေးလမ်း၊ အလျားပေ ၁၂၀၀၀၊ အနံပေ ၁၀၀ ရှိသည့် နှစ်လမ်းသွား အပြိုင်အနေအထားရှိတက္ကစီဝေးတစ်စုံ၊ အလျားပေ ၆၅၀၊ အနံပေ ၁၀၀ ရှိသည့် တက္ကစီဝေးလေးခု၊ အလျားပေ ၅၅၀၊ အနံပေ ၁၀၀ ရှိသည့် တက္ကစီဝေးလေးခု၊ ကုန်တင်လေယာဉ်များအတွက် လေယာဉ်ရပ်နားရာကွက်လပ်တစ်ခုတို့ ပါဝင်မည်ဖြစ်သည်။ တတိယအဆင့်ပြီးဆုံးချိန်တွင် လေဆိပ်ကြီးသည် တစ်နှစ်လျှင်ခရီးသည် ၁၀.၅သန်းအထိ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ထက်အဆပေါင်းများစွာ အဆင့်မြင့်ရှုပ်ထွေး၍ ခန်းနားဆန်းပြားလာလိမ့်မည်ဖြစ်သည်။ ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ
ကိုးကား
|
Portal di Ensiklopedia Dunia