အဲမရိတ် လေကြောင်းလိုင်း
အဲမရိတ် လေကြောင်းလိုင်း (အင်္ဂလိပ်: Emirates Airline) သည် အာရပ်စော်ဘွားများပြည်ထောင်စု ၊ ဒူဘိုင်း အလံတင်ထားသော လေကြောင်းလိုင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည်။ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တာမင်နယ် ၃ မှ နေ၍ တိုက်ကြီး ၆ တိုက်ရှိ နိုင်ငံပေါင်း ၆၂ ခုမှ မြို့ကြီး ၁၁၁ မြို့သို့ တစ်ပတ်လျှင် ခရီးစဉ်ပေါင်း ၂၄၀၀ ကျော် ပြေးဆွဲလျက် ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး လေယာဉ်ခရီးစဉ် ၁၀ ခု အတွင်းမှ ၃ ခုဖြစ်သော ဒူဘိုင်းမှ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဆန်ဖရန်စစ္စကိုမြို့ နှင့် ဟူစတန်မြို့ များသို့ ပြေးဆွဲလျှက် ရှိသည်။ အဲမရိတ် လေကြောင်းလိုင်းသည် ဒူဘိုင်း အစိုးရပိုင် ဒူဘိုင်း ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း ၏ လက်အောက်တွင် ရှိသော အဲမရိတ် ဂရု(ပ်) ၏ ကုမ္ပဏီခွဲဖြစ်သည်။ ကုန်တင်လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းများကို အဲမရိတ် ဂရု(ပ်) ၏ စကိုင်းကာဂို ဌာနခွဲမှ ဆောင်ရွက်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia